FanMeeting Day
"အခုလိုကျွန်တော့်ရဲ့လက်မှတ်ရေးထိုးပွဲကိုလာပေးကြလို့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်"
"Nae!!!!
"အားလုံးကိုအသိပေးစရာလေးလည်းရှိပါတယ် ကျွန်တော်အနားယူပါတော့မယ် ဆက်ပြီးရေးဖို့လည်းမရှိတော့သလ်ိုဒီကုမဏ္ဏီကနေလည်းအပြီးပိုင်ထွက်ပါတော့မယ်"
လာကြတဲ့လူတွေကို မေးခွန်းတွေထုတ်နေကြပြီး အဝေးကနေရပ်ကြည့်နေတဲ့CEOဟာလည်းသူ့လုပ်ရက်ကြောင့် အံ့သြရင်း ဒေါသထွက်နေလေသည်။
"အခုလို လုပ်ရတဲ့ရည်ရွယ်ချက်က ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စလေးကြောင့်ပါ အားလုံးကိုတောင်းပန်ပါတယ်နော်"
ထထွက်သွားတဲ့သူ့က်ိုလှမ်းခေါ်နေကြပေမဲ့ သူလှည့်မကြည့်တော့ဘဲ ထွက်လာခဲ့လိုက်တယ်။
"ဒါဘာလုပ်တာလဲ Hyunee"
"ခင်ဗျားလိုမကောင်းဆိုး၀ါးCEOနဲ့တူတူတွဲမလုပ်ချင်တော့လို့ပဲ Chanyeolကိုလည်း ခင်ဗျားဘက်က တစ်ခုခုလုပ်ခဲ့ရင် ကျွန်တော်ငြိမ်ခံနေမာမဟုတ်ဖူးနော် "
"ဟက် ဘယ်ကသတ္တိတွေရလာတာလဲ ဟ်ိုနေ့ကနဲ့ မတူတော့ပါလား "
"ခင်ဗျားလိုအရာရာကိုငွေနဲ့ဖြေရှင်းချင်နေတဲ့လူကို ကျွန်တော်ကဘာလို့ကြောက်နေရမာလဲ အမေနဲ့ညီမလေးကိုထိကြည့် ခင်ဗျားအကြောင်းလိုင်းပေါ်တင်ပစ်မယ် "
တောက်ခေါက်သံအကျယ်ကြီးကိုကြားလ်ုက်ရပေမဲ့ သူလှည့်မကြည့်ခဲ့ပေ အမှန်တိုင်းပြောရရင် သူကြောက်ပါတယ် သူ့အကွယ်တစ်နေရာရောက်မှ တုန်ရီနေခဲ့တဲ့သူ့ခြေထောက်တွေကပျော့ခွေသွားပါတော့တယ်။
တကယ်တော့သူကြောက်ပါတယ် အရာရာငွေနဲ့ပေါက်လို့ရနေတဲ့ခေတ်မှာ သူကဘဟ်အင်အားနဲ့အဲ့လူကိုနိုင်ပါ့မလဲ။
အ၀တ်အစားတွေသိမ်းပြီး ဘန်ကောက်ကနေသူထွက်လာခဲ့ပါတယ် ပထမဆုံးခရီးစဥ်လိုမျိုးသူကြောက်မနေတော့ပေ အဲ့ထက်ကြောက်စရာကောင်းတာတွေသူရှေ့လျှောက်ရင်ဆိုင်ရအုံးမယ်။
CEOသူ့ကိုသိပ်လျှော့တွက်ထားပုံပဲ သူကြိုလက်မှတ်ဖြတ်ထားတာကိုတောင် ရိပ်တောင်မမိခဲ့ပေ သူ့စကားအတိုင်းနာခံမယ်ထင်ထားခဲ့ပုံပဲ။
YOU ARE READING
Lovey-Dovey(Completed)
Fanfiction"မောင်ရဲ့စိတ်ကိုအစ်ကိုနားမလည်နိုင်တော့ဖူး" (Baekhyun) "မောင်ဖောက်ပြန်နေတယ်လို့ပြောရအောင် အစ်ကိုလည်း ဖောက်ပြန်နေခဲ့တာပဲလေ" (Chanyeol) Zawgyi🇲🇲Unicode🇲🇲 Chanbaek👨❤️👨 အိမ်ထောင်ရေးဇာတ်လမ်းလေးကို စိတ်ကူးယဥ်ရေးထားသော၀တ္ထုတစ်ပုဒ်ဖြစ်သည်❣️