🕊️6🕊️

328 34 0
                                    


ပြန်မလာသေးတဲ့မောင့်ကိုသူမျှော်မနေတော့ဘဲ ကိုကိုနဲ့သူအချိန်ဖြုန်းဖြစ်နေသည်။

"Hyunee သဘောကျရဲ့လား"

"Omm အရမ်းသဘောကျတယ် ကိုကိုက ကျွန်တော့်ခံစားချက်တွေကိုသိပ်သိသားပဲ"

အဖြေပန်းအိမ်လေးကိုခေါ်လာပေးပြီးပျော်အောင်လုပ်ပေးတဲ့ကိုကိုကသူ့အပေါ်အလိုက်သိလွန်းတာထက်ပိုနေပါတော့သည်။

"သိတာပေါ့ ကိုကိုကHyuneeကိုဘယ်လောက်တောင်သဘောကျခဲ့ရလဲ"

သူ့မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်ရင်းပြောနေတဲ့ကိုကို့ကိုသူ ဆုချတဲ့အနေနဲ့ နှုတ်ခမ်းလေးကိုအနမ်းတစ်ပွင့်ခြွေလိုက်မိ၏။ဒါဟာသူနဲ့ကိုကို့ရဲ့ပထမဆုံးအနမ်း....

ကိုကိုကသူ့အနမ်းကြောင့်အံ့သြသွားပြီးမကြာဖူးပြန်လည်နမ်းလာတာကြောင့်အလိုက်သင့်လေးစီးမြောရင်း သူနဲ့ကိုကို အကောင်းဆုံးညတစ်ညကိုဖြတ်သန်းဖြစ်လိုက်သည်။ဒါဟာမောင့်အပေါ်သူ့ရဲ့ပထမဆုံးဖောက်ပြန်ခြင်းလို့သူခေါင်းစဥ်တပ်လိုက်လေသည်။

________________

"ကိုကို အချစ်လေးအိမ်မှာနေရတာအဆင်ရောပြေရဲ့လား"

"ပြေတာပေါ့ သဲလေးရှိနေမှတော့ ဘာလိုသေးလို့လဲ"

ရယ်သံလေးနဲ့သူ့အားရှက်စွာရင်ဘက်လေးကိုဖွဖွလေးထုနေတဲ့အွန်းဂျယ်ကိုမြင်နေရတာ သူဘာလို့အရင်လိုမနှစ်သက်နေရတာလဲ။
~

အစ်ကိုနဲ့သူရဲ့နည်းနည်းလေးအရှိန်ပြင်းသွားတဲ့စစ်ရေးထိုးပွဲလေးမှာ သူရှုံးနိမ့်သွားတာကြောင့် အိမ်လည်းမပြန်ချင်ပေ မဟုတ်ရင်အစ်ကိုကထွက်သွားနိုင်တယ်မဟုတ်လား အဲ့အစားသူပဲထွက်လာလိုက်တယ်။

အစ်ကိုကသူနဲ့လက်ထပ်ရလို့နောင်တရနေတယ်ဆိုရင် သူကြေကွဲနေရမှာအမှန်ပင်။ သူကတော့အစ်ကို့ကိုလက်ထပ်ခဲ့တာဘယ်တော့မှနောင်တရမှာမဟုတ်ပေ သူသိပ်ချစ်ခဲ့ရတဲ့အစ်ကိုကို စည်းစိမ်တွေနဲ့သူလဲခဲ့ရတဲ့အတွက်လည်းနောင်တမရပါ။

တစ်ဦးတည်းသောသားဖြစ်တဲ့သူ့က်ိုဖေနဲ့မေက အမွှေပြတ်စွန့်လွှတ်တုန်းက သူပြုံးပြုံးကြီး အစ်ကို့လက်ကိုဆွဲခဲ့တာ။သူလည်းမိဘနှစ်ပါးလုံးကိုတောင်လက်လွှတ်ခဲ့တာပဲလေ အစ်ကိုက သူတစ်ယောက်တည်း အများကြီးရင်းခဲ့ရတယ်ထင်နေတာ။

Lovey-Dovey(Completed)Onde histórias criam vida. Descubra agora