🕊️12🕊️

321 29 3
                                    


ဟိုတယ်ရောက်တော့ သူကုတင်ပေါ်မှာကျုံ့ကျုံ့လေးထိုင်လိုက်ရင်း သူစ်ိုးရိမ်နေမိတော့သည်။

CEOကသူသိခဲ့ဖူးတဲ့လူနဲ့လုံး၀မတူတော့ဘဲ သူ့ကိုလည်းခြိမ်းခြောက်ထားပါသေးသည်။မောင့်ရဲ့အလုပ်ကိုင်ကို သူခြယ်လှယ်လို့ရကြောင်းနဲ့သူ့အိမ်မက်တွေကိုဖျက်ဆီးပစ်လို့ရကြောင်း ပြီးနောက် မေနဲ့ညီမလေးကိုလည်းအလွတ်မပေးမဲ့အကြောင်းရယ်ပါ။

သူ ညာဘက်လက်ညိုးရဲ့လက်သည်းကို အကြိမ်ကြိမ်ကိုက်ရင်း တုန်ရီနေသည်။သူဘာဆက်လုပ်ရမလဲ သူမတွေးတတ်ပေ မောင်နဲ့လမ်းခွဲလိုက်ရင် အရာအားလုံးအဆင်ပြေအောင် လုပ်ပေးမယ်တဲ့လေ

CEOရဲ့မျက်နှာဖုံးကအခုမှကွာကျသွားပြီနဲ့တူပါတယ် အစကတည်းကအရာအားလုံးကိုကြံစည်ထားတဲ့လူတဲ့လေ။

မောင်တို့ကုမဏ္ဏီကလည်း သူရှယ်ယာအများဆုံးဖြစ်ပြီး သူဖြုတ်ချချင်တဲ့သူကိုသူဖြုတ်ချခွင့်ရှိတယ်တဲ့လေ မောင်ကဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ ဒီလိုပီဒီတစ်ယောက်ဖြစ်ဖို့ ...မောင်သူ့က်ိုအချိန်မပေးနိုင်ခဲ့တာကလည်း ဒီလူလက်ချက်ပဲဖြစ်ရမည်။

နောက်ကြောင်းသို့တခဏ

"ကိုယ်က သိပ်ချစ်တတ်သလို အမြတ်လည်းကြီးတယ် Hyuneeရဲ့"

"ခင်ဗျား!... အလုပ်ထွက်မယ် ခင်ဗျားလိုလူယုတ်မာနဲ့တူတူမလူပ်နိုင်တော့ဖူး"

"ထွက်လိုက်ပေါ့ ဘယ်ကုမဏ္ဏီမှ လျှောက်လို့မရအောင် ကိုယ်လုပ်လို့ရတယ်...အော်ဒါနဲ့ chanyeolက JPK မှာနော်  "

"ခင်ဗျားမောင့်ကို ဘာလုပ်မလို့လဲ "

"တိတ်စမ်း မင်းပါးစပ်ကနေ သူ့က်ိုမောင်လို့မခေါ်နဲ့!!!"

မေးစေ့ကိုအကြမ်းပတမ်းအက်ိုင်ခံလိုက်ရပြီး မျက်ထောင့်နီကြီးနဲ့သူ့က်ိုစိုက်ကြည့်နေတဲ့CEO...အမြဲပြုံးနေတတ်တဲ့CEOရဲ့မျက်လုံးတွေက အခုတော့ မကောင်းဆိုး၀ါးနှင့်တူနေတော့သည်။

"နာတယ်!!!!

အားပါပါနဲ့ဆောင့်တွန်းခံလိုက်ရတာကြောင့် သူပုံရက်သားလှဲကျသွား၏။

"ကိုယ်မင်းကို အခွင့်အရေးပေးမယ် CHANYEOLနဲ့ကွာလိုက်ပါ အဲ့လိုမှမဟုတ်ရင်.... မင်းရဲ့မေမေနဲ့ညီမလေးကိုလည်းကိုယ်က အလွတ်ပေးမာမဟုတ်ဖူးနော် "

Lovey-Dovey(Completed)Where stories live. Discover now