🕊️8🕊️

346 37 0
                                    


မနက်ဖြန်အတွက် စောစောအနားယူရမယ်ဆိုမှ မောင့်ရဲ့မျက်နှာလေးကိုမြင်ယောင်နေပြီးသူစိတ်မကောင်းဖြစ်နေမိသည်။

အဆိုးဆုံးက မောင်လက်ဖမိုးပေါ်က သွေးထဲပေကျံနေတဲ့မောင့်အနာ အဲ့အနာကိုသူဆေးထည့်ပေးမယ်ပြောတုန်းက မောင်က သူ့ကိုခါးခါးသီးသီးငြင်းခဲ့တာကိုတော့သူစိတ်မကောင်းဖြစ်မိ၏။

အိပ်ရာပေါ်တစ်ယောက်တည်းလူးလိမ့်နေရင်းမောင့်အကြောင်းတွေးနေတာနဲ့သူအိပ်မပျော်နိုင်ပေ။

ဧည့်ခန်းထဲသွားပြီးရေသောက်ဖို့ထွက်လာတော့ မောင်ဟာဆိုဖာပေါ်မှာ အိပ်ပျော်နေသည်။ လက်ကအနာကိုအခုထိဆေးမထည့်သေးပုံကိုကြည့်တာနဲ့မောင်သိပ်ခေါင်းမာတာကိုတွေ့ရပါလိမ့်မယ်။

အိပ်မောကျနေတဲ့မောင့်ဆိုဖာနားလေးက်ုသူခပ်ဖွဖွလေးလျှောက်သွားရင်းလက်ထဲကဆေးသေတ္တာလေးကိုသူကိုင်ထားမိ၏။

ကံကောင်းခြင်းတော့မောင်က ပက်လက်အနေထားနဲ့အိပ်နေပြီးအဲ့လက်ကဆိုဖာကနေထွက်နေသည်။

ခြောက်သွေ့နေတဲ့သွေးစတွေကိုကြည့်ရင်းသူမျက်ရည်ကျလာသည် မောင်ကသူနဲ့အဆင်ပြေချင်နေတာများလား ဒါဆိုလည်းပွင့်ပွင့်လင်းလင်းပြောရုံပေါ့ အခုတော့အပြစ်မရှိတဲ့မောင့်လက်လေးကနာသွားရပြီမဟုတ်လား။

အနာလေးကိုအရက်ပြန်နဲ့တို့လိုက်တော့ ဆက်ကနဲတွန့်သွားတဲ့မောင့်ခန္ဓာကိုယ်လေး မကြာပါဖူးပြန်ငြိမ်ကျသွားသည်။ပေါက်ပြဲနေတဲ့မောင့်အနာလေးကို သူသေချာဆေးထည့်ပေးပြီးနောက် သူအိပ်ဖို့ပြင်လိုက်တော့သည်။

ဆေးထည့်ပေးနေတာကိုမသိရအောင်ထိ မောင်ကတုံးအမနေဖူးဆိုတာကိုတောင် အစ်ကိုသိပါ့မလား ။သူ့ကိုအစ်က်ိုကဆေးထည့်ပေးနေရင် အာငွေ့လေးနဲ့ပါမှုတ်ပေးနေတာကြောင့် သူအတိုင်းမသိသူ့ရင်ထဲနွေးထွေးနေမိတယ်။

အစ်ကို့ကသူမေးလိုက်တဲ့မေးခွန်းထက်သူ့လက်ကိုပိုဂရုစိုက်နေတာကြောင့် သူစိတ်တိုစွာနဲ့ လုပ်ပေးစရာမလိုဖူးဆိုတဲ့စကားကိုဆိုလိုက်သည်နှင့် အစ်ကိုကအိပ်ခန်းထဲ၀င်သွားပြီးတံခါးကိုလော့ချလိုက်တာကြောင့် သူဆိုဖာပေါ်မှာအိပ်ဖြစ်လိုက်တာပါပဲ။

Lovey-Dovey(Completed)Where stories live. Discover now