🕊️19🕊️

290 21 0
                                        

"မေမေနိုးပြီလား"

"သား!!!"

အခုမေမေကသူ့ကိုသားလို့ခေါ်လိုက်တာလား မျက်လုံးထဲကအရည်ကြည်တွေကသူ့မျက်လုံးထဲအပြည့်နေရာယူထားပါတော့သည်။

"မေမေ တစ်ခေါက်လောက် ပြန်ခေါ်လို့ရမလားဟင်"

"သားလေး မေမေတောင်းပန်ပါတယ် မေမေခဏကအိမ်မက်မက်တယ် အိမ်မက်ထဲမှာသားကိုဆုံးရှုံးလိုက်ရတာတောင်မေမေရူးမလိုပဲ အပြင်မှာသာဆိုမေမေသေလိမ့််မယ် မေမေမှားသွားပါတယ် သားရယ် မေမေ့ကိုခွင့်လွှတ်ပါ"

မေမေဟာငိုပြီးပြောနေခဲ့သလိုသူလည်းငိုနေခဲ့ပါတယ်။

"မေမေ သားကိုလည်းခွင့်လွှတ်မယ်မဟုတ်လားဟင် "

"ခွင့်လွှတ်ပါတယ် ......သူကောဘယ်သွားလဲ"

မောင်ဟာ အေးဆေးစကားပြောလို့ရအောင်အပြင်မှာထွက်စောင့်ပေးနေခဲ့တာမောင့်ကိုသွားခေါ်ခဲ့ပြီးမေမေနဲ့စကားပြောခိုင်းခဲ့တဲ့နောက်မှာတော့ မေမေနဲ့မောင်ဟာပြေလည်မှုရရှိသွားခဲ့ပါပြီ။

မေမေဆေးရုံကဆင်းတော့လည်းမောင်ကပဲအကုန်လုပ်ပေးခဲ့ပြီးအခုဆိုမေမေဟာသူ့ထက်မောင့်ကိုပိုချစ်နေသလားလို့တောင်သူတွေးမိနေသည်အထိပဲ။

တစ်ဆက်တည်းမှာပဲမောင်ရော မောင့်မိဘတွေနဲ့သူ့ကိုပြေလည်စေချင်မလားလို့ပါ သူတစ်ခါတည်းတွေးမိသည်။

"မောင်"

"ပြောလေ အစ်ကို"

"မောင်ရောမောင့်မိဘတွေကိုလွမ်းလားဟင် အစ်ကိုတို့တူတူသွားတွေ့ကြမလား"

"တစ်ခါတလေတော့ သတိရမိပါတယ် မောင်ကသားဆိုးတစ်ယောက် တစ်ယောက်တည်းရှိတဲ့သားက မိဘတွေကိုထားခဲ့တာလေ သွားတွေ့ရင် မျက်နှာပြောင်တိုက်သလိုဖြစ်နေမလား"

"အစ်ကို့ကိုကြည့်"

မောင်ရဲ့မျက်နှာလေးက သူ့လက်နှစ်ဖက်ထဲမှာနေရာယူနေသည်။

"မောင့်မှာ ပြင်ဆင်ဖို့အခွင့်အရေးရှိသေးတယ်လေ အစ်ကိုလည်းမောင့်ဘေးမှာရှိနေတယ်မဟုတ်လား အစ်ကိုတို့ရင်ဆိုင်လိုက်ကြရအောင် နှစ်အကြာကြီးပုန်းရှောင်နေခဲ့ကြပြီးပြီပဲ အစ်ကို့မေမေတောင်အစ်ကိုတို့ကိုခွင့်လွှတ်နိုင်သေးတာပဲ အစ်ကိုတို့အတွက် အခွင့်အရေးရှိပါသေးတယ်"

Lovey-Dovey(Completed)Where stories live. Discover now