Part-3

4.7K 167 1
                                    

(Unicode+Zawgyi)

မြူတစ်ယောက် ဒန်းပေါ်မှာ အိပ်ပျော်သွားရင်းကနေ အိပ်မက်ကမ္ဘာထဲတောင် ရောက်နေခဲ့ပါပြီး။ အိပ်မက်ထဲတွင် မြူကို ကျောပေးထားတဲ့ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် နှင်းဆီဖြူတွေဘက် မျက်နှာမူပြီး နေဝင်ဆည်းဆာကို ကြည့်နေတယ်။ မြူလည်း အနှီလူသားကို သိချင်သော စိတ်​ကြောင့် ရှေ့သို့ နည်းနည်းလျှောက်သွားပြီး
စကားစပြောနေသည်။

"ဟိတ်ကောင်လေး.... မြူရဲ့နှင်းဆီဖြူလေးတွေ လှလို့လား၊ ကြုိက်ရင် တစ်ပွင့်လောက် ခူးသွားလို့ရတယ်နော်"

ထိုကောင်လေးဆီက ဘာအသံမှ မထွက်လာဘဲ နေဝင်တဲ့အချိန်ကို ကြည့်မြဲ​ကြည့်နေခဲ့တယ်။မြူလည်း ခင်ချင်တာကြောင့် စကားဆက်လိုက်တော့သည်။

"အခု ရှိနေတာ မြူရဲ့အိမ်ထဲမှာနော်၊ဘာလို့ မြူမေးတာကို မဖြေတာလဲ"

"နာမည်လေးက...မြူတဲ့လား!. ."

အခုမှ ထိုကောင်လေးဆီက အသံကြားလာတယ်။ ဒါပေမဲ့ မြူမကျေနပ် ဘာကြောင့် မေးတာနှင့် ဖြေတာက တလွဲဲကြီး ဖြစ်နေရတာလဲ။ဒါဟာ အိပ်မက်ဖြစ်တာကြောင့် စိတ်ခံစားတဲ့အလိုက်ဘဲ လွှင့်မျောနေတာကို မြူတစ်ယောက် မေ့နေခဲ့တယ်။ အဲ့လိုနှင့်ဘဲ သူစိမ်းတစ်ယောက်ကို ရင်းနှီးနေသလို ခံစားနေရသဖြင့် စကားတွေ တစ်သီတစ်တန်း ဆက်ပြောနေလိုက်သည်။

"တော်လို့ရပြီးမြူရယ်....မြူ ပင်ပန်းနေအုံးမှာဘဲ၊ ဘာလို့ အဲ့လောက်တောင် စကားများသွားရတာလဲ"

"မပင်ပန်းပါဘူး၊ ဒါနဲ့ နာမည်..."

"မင်းအရာသွင်...."

"ဟင်..ဘယ်လို.."

ထိုကောင်လေး ပြန်ပြောလာတဲ့အသံကို မကြားတာကြောင့် မြူပြန်မေးနေမိတယ်။ ကောင်လေးက အကျယ်ကြီး ပြောနေသလို ပါးစပ်က လှုပ်နေပေမဲ့ မြူဘာမှ မကြား၊ ပါးစပ် လှုပ်ရုံဘဲ မြင်နေတယ်။

" မပြောနဲ့တော့ မြူမကြားရဘူး၊ မြူရဲ့ ပန်းကို ကြိုက်ရင် ခူးသွားလိုက်နော်"

" တကယ်လို့ မောင် ဒီနှင်းဆီဖြူကို ယူမည်ဆိုရင် မြူက မောင့်ကို ခွင့်လွှတ်ပါ့မလား"

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Where stories live. Discover now