Part-6

3.8K 147 0
                                    

(Unicode+Zawgyi)

ထက်လင်းမှိုင်းက ထိုကောင်မလေးကို တွေ့လိုက်ပြီးကတည်းက မျက်လုံးကနေ ထုတ်လိုက်လို့မရ၊ တစ်ချိန်လုံး သူ့ကို အတွေးဖြင့် လိုက်နှောင့်ယှက်နေသည်။ ထိုသူက ဘယ်လိုနေနေ သူမမှတ်မိဘူး ထင်နေပုံပေါ်တယ်။ ပြီးတော့ သူ့ကို ကြည့်လာတဲ့ မျက်ဝန်းက သူစိမ်းဆန်နေသည်။ ထက်လင်းမှိုင်းက ထိုသူကို သိပ်မှတ်မိတယ်ပေါ့ ၊ ထိုသူက သူ့ရဲ့ အချစ်ကို ရအောင် နှစ်အတော်ကြာ ကြိုးစားခဲ့ဖူးသည်။ မှတ်မိသလောက်တော့ ငါးနှစ်လောက်ပေါ့။ ထိုတုန်းက သူ ထိုကောင်လေးသေးသေးကို စိတ်မဝင်စား ၊ အခုသူ့ ရှေ့ နောက် တစ်ခါပြန်ပေါ်လာတော့မှ လှချင်တိုင်းကို လှနေတာ ဖြစ်တယ်။ ပြီးတော့ သူသိချင်တာက ထိုကောင်လေးဟာ သူ့လိင်အင်ဂါကို ပြောင်းလိုက်တာလား ။ ထိုကောင်လေးက မပြောင်းလည်း သူကြိုက်မှာဘဲ အခုက သူ့ရဲ့ အတွေးကိုတောင် တစ်ကြိမ်တည်းနှင့် စိုးမိုးနေပြီး ဖြစ်သည်။

" မြူရယ်...မင်းသိပ်ပြောင်းလဲသွားတာဘဲ..ကိုယ့်ကိုတောင် မမှတ်မိနေဘူးလား..."

ထက်လင်းမှိုင်း တစ်ယောက်တည်း ရေရွှတ်နေမိတယ်။ ပြီးတော့ ဘာလို့ မြူက မင်းအရာသွင်အပေါ် ပိုစိတ်ဝင်စားသွားတာလဲ သူနားမလည်ပေ။ သူမှတ်မိတာက မင်းအရာသွင် မြူကို အရှက်ရအောင် လုပ်စေတဲ့ သူက သူဘဲ ဖြစ်တယ်။ ထိုအချိန်တုန်းက သူ မြူကိုမကြိုက်ပေမဲ့ မင်းအရာသွင်ကို ပြောင်းကြိုက်သွားမှာကို သူမလိုလား။ အတိတ်က အကြောင်းတွေက သူ့ကို နောင်တရစေသည်။
အဲ့အချိန်မှာ သူသာ မြူကို အပိုင်ယူလိုက်ရင် အခုအချိန် လှပနေတဲ့ ကောင်မလေးက သူ့အပိုင်ဘဲပေါ့။ အခု မြူက ရန်ကုန်လာတယ်ဆိုတော့ မင်းအရာသွင်တို့ရဲ့ weeding ကို လာမည် ထင်သည်။ တွေးရင်းနှင့်ဘဲ ​ထက်လင်းမှိုင်းလည်း မင်းအရာသွင်ကို ဖုန်းဆက်လိုက်တယ်။

တူလ်~~~

"ဟယ်လို...မင်းအရာသွင် ပြောနေပါတယ်.."

"ဟေ့ရောင်...ငါပါဘဲကွာ..."

"ထက်လင်းမှိုင်းလား..."

"မင်းက ငါ့ကို တစ်ဝိုင်းတော့ လုပ်ကွာ...မကြာခင် အိမ်ထောင်သည် ဖြစ်တော့မှာကို..."

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Donde viven las historias. Descúbrelo ahora