Part-31

3.3K 102 2
                                    


(Unicode+ Zawgyi)

မင်းအရာသွင် မြုိ့ငယ်ကို ပြန်ရောက်လာတဲ့ အကြောင်းအရင်းက မင်းအရာသွင် နှင်းနွယ်ဇင်နှင့်တွဲလို့ အမြင်မကြည် စကားမပြောဘဲ
နှစ်တွေ ကြာလာတော့မှ စကားအရင်စပြောလာတဲ့ မင်းအရာသွင်ရဲ့ အမေကြောင့် ဖြစ်သည်။ မင်းအရာသွင်ရဲ့ အမေကတော့ နှင်းနွယ်ဇင်ကို မျက်မွှေးစပါးဆူးနေရသလောက် မြူကိုတော့ ဆတ်ဆတ်ခါ တုန်နေအောင် ချစ်ပါတယ်တဲ့။

အခုတော့ နှင်းနွယ်ဇင်နှင့် လက်မထပ်လိုက်ရတဲ့ မင်းအရာသွင်ကို ဒေါ်စောရီမွန် အထပ်ထပ်အခါခါ ဗိုက်နာတဲ့အထိ ကျေနပ်နေအောင် အော်ရယ်နေရသည်။

မိုးတွေအုံ့နေတဲ့ နေ့တစ်နေ့မှာပေါ့။ သူမစျေးသွားတော့ မြူက သူ့ရဲ့အမေနှင့်အတူ စျေးအတူသွားတာနှင့် ဆုံသွားကြတယ်။ မြူက မိုးထိတာနှင့် ဖျားတတ်တာကြောင့် သူ့မိဘတွေကတောင် ထိုကောင်လေးကို အရမ်းဂရုစိုက်ပေးနေရတယ်လို့ ဒေါ်စောရီမွန် သိခဲ့ရ၏။

အဲ့နေ့မှာ ကံမကောင်းချင်တော့ သူမထီးမယူလာခဲ့တာကြောင့် မိုးတွေကလည်း တဖွဲဖွဲတောင် ကျလို့လာတယ်။ သူမလည်း ခဏ မိုးတိတ်တဲ့အထိ အမိုးရှိတဲ့ ပန်းတွေ ထားရာ စင်အောက်မှာ ဝင်ခိုနေရသည်။ သူမ အချိန်တော်ကြာ အဲ့နေရာမှာ စောင့်နေပေမဲ့ မိုးက တိတ်သွားမည့်ပုံမ ပေါ်ဘဲ ပိုလို့တောင် သည်းလာ၏။

သူမလည်း စိတ်ညစ်ညစ်နှင့် ထပ်စောင့်နေလိုက်တယ်။ သူမ စိတ်ညစ်နေတဲ့အချိန်မှာ မြူဆိုတဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးက သူမဆီ လာပြီး ထီးတစ်ချောင်းကို ကမ်းပေးရင်း ပြောလာသည်။

"အဒေါ်ကို မြူ ကြည့်နေတာကြာပြီး...အဒေါ် ထီးမရှိလို့...အခုအချိန်ထိ မိုးတိတ်ဖို့ စောင့်နေရင် အိမ်ပြန်ချိန် နောက်ကျမှာပေါ့....''

"အော်...ကလေးရယ်...အဒေါ် စောင့်နိုင်ပါတယ်...''

"မစောင့်နဲ့တော့...မြူရဲ့ ထီးကိုယူသွားလိုက်...''

"ဒါဆို...မြူက ဘာနှင့်ပြန်ရမှာလဲကွယ်...''

"မြူက မေမေနှင့်အတူ... လိုက်ကပ်မှာပေါ့လေ...အဒေါ်လည်း နောက်ကျနေပြီး...ဒီမှာ ထပ်စောင့်နေရင် အဒေါ်က နေ့လည်စာ ချက်လို့ မမှီတော့ဘူးလေ....''

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Onde histórias criam vida. Descubra agora