Part-19

3K 92 1
                                    

(Unicode + Zawgyi)

ရယ်နေတဲ့ နေရောင်နွေးကို မျက်မှောင်ကြုတ်ပြီး ကြည့်လာတဲ့သူ့ရဲ့အကြည့်တစ်ချက်ကြောင့် နေရောင်နွေး ရယ်နေတာကို ရပ်ပြီး
ထိုကောင်လေးကို မျက်နှာချိုသွေးပြလိုက်သည်။ သောက်လက်စ အချိုရည်ကိုလည်း
နေရောင်နွေး ဘေးမှာ ချထားလိုက်ပြီး
ထိုအထင်လွဲနေတဲ့ ကောင်ဆိုးလေးကို
ရှင်းပြရန် သူ့ရဲ့အကြည့်နှင့် ဆုံစေသည်။
ပြီးတော့ ထိုကောင်လေးရဲ့လက်ကြီးကို မရဲတရဲ ခပ်ဖွဖွကိုင်လိုက်ပြီး ရှင်းပြရန် လည်ချောင်း ရှင်းလိုက်သည်။

"အဟမ့်...ဒီမှာကောင်လေး...အကို့ကို အထင်လွှဲနေမိပြီး...သိလား..."

"မသိဘူး..."

"မသိရင်...အကိုပြောပေးမှာပေါ့...အကို့ကို သယ်လာခဲ့တဲ့လူက အကို့သူငယ်ချင်းဘဲလေ..."

"သူငယ်ချင်း ဖြစ်တိုင်း...ကြုိက်သလို
လုပ်လို့ရတာလား.  ..."

"အဲ့လိုတော့...ဘယ်ဟုတ်မလဲ..."

"ဒါဆိုဘာလို့သူက..မင်းလေးကို ရင်ခွင်ထဲ ထည့်ပြီး သယ်လာရတာလဲ..."

"ပြောရရင် အရှည်ကြီးဘဲ ကောင်လေး..."

"ဒါဆို မပြောနဲ့ပေါ့..."

"ကောင်လေး...ဆက်အထင်လွှဲနေမှာပေါ့..."

"အင်းလေ..ကိုယ်ဆက်ပြီး ထင်သလို လျှောက်ထင်မယ်..."

"ဟာ..."

"မဟာဘူး...တကယ်ပြောတာ...လျှောက်မထင်စေချင်ရင် ကိုယ့်ကိုအဖြေပေး..."

"ဘယ်တုန်းက အဖြေတောင်းထားတာ..."

"မမှတ်မိတော့ဘူး...အခုပေးမလား...မပေးဘူးလား...အဲ့ဒါဘဲ ပြော..."

"မပေးဘူး...အကိုချစ်တဲ့သူက ကောင်လေးမဟုတ်ဘူး..... "

နေရောင်နွေး စလိုက်ပေမဲ့ ထိုကောင်လေးက
နေရောင်နွေးကို အလိုမကျသလို စိုက်ကြည့်နေပြီး ခဏနေတော့ လူကိုဘာမှမပြောဘဲ သူ့ရင်ခွင်ထဲရောက်​​ ေအာင်ဆွဲသွင်းလိုက်သည်။ နေရောင်နွေးလည်း သတိမထားမိတာကြောင့် ထိုကောင်လေး ရင်ခွင်ထဲ အရုပ်ကြိုးပျက် ရောက်သွားတော့သည်။ ပြီးတော့
နေရောင်နွေးရဲ့ခါးကို ကျစ်နေအောင်ဖက်ထားပြီး သူ့မျက်နှာကိုလည်း နေရောင်နွေးရဲ့
မျက်နှာနှင့်အနီးဆုံး ငုံအောင်အထိ ငုံချလာသည်။ နေရောင်နွေး ရှက်တာကြောင့် မျက်လုံးစုံကို မှိတ်ချလိုက်သည်။ ထိုအခြေအနေ ရောက်နေတောင်မှ ထိုကောင်လေးကို နေရောင်နွေး မငြင်းဝံ့ပေ။
သူလည်း ချစ်နေတာကြောင့်ဖြစ်သည်။
အဖြေမတောင်းဘဲ အဖြေပေးဖို့ ပြောလာတဲ့
ထိုကောင်လေးကို စလိုက်မိတဲ့ နေရောင်နွေး
ကဘဲ မှားချင်သွားသလိုလို ဒါပေမဲ့ ထိုကောင်လေးရဲ့အနမ်းကို ေမျှာ်နေမိတယ်အမှန်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Tempat cerita menjadi hidup. Temukan sekarang