Part-4

4K 157 0
                                    

(Unicode+Zawgyi)

အရင်နေ့လိုဘဲ ဒီနေ့လည်း မြူအတွက် သာမန်နေ့တစ်နေ့ပင်။ လုပ်နေကျအရာတွေကို ဒီနေ့ ဆက်လုပ်ပြီး တစ်နေ့ ကုန်ဆုံးစေတာပေါ့။ ဒါက သူ့ရဲ့ပူလောင်မှုစိတ်ကို ချမ်းသာအေးချမ်းစေတာဖြစ်သည်။ ညက ညနက်မှ အိပ်တာကြောင့် မနင်ဘက်ထတော့ ခေါင်းကမကြည်ချင်။ ခေါင်းကြည်အောင် လေကောင်းလေသန့် ထွက်ရှုရန် အောက်ထပ် ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်တော့ နေရောင်နွေးကို မတွေ့။ဒီကောင်လည်း ညတစ်ကယ်ဘဲ နက်လာခဲ့တာ ဖြစ်မယ်။

ကြီးမေသီက သူမနက်စာစားဖို့ ပြင်ဆင်ရန် မီးဖိုချောင်ထဲဝင်သွားတော့ မြူလည်း လိုက်ဝင်သွားသည်။

" ကြီးမေ...ဒီနေ့ မြူကို ကော်ဖီဘဲ ဖျော်ပေး...ပန်းခြံထဲ ခဏသွားထိုင်မလို့"

"ဟုတ်မြူလေး...ခဏစောင့်နော် ကြီးမေ လုပ်လာပေးမယ်..."

မြူလည်း ဘေးနားက ခုံပေါ်မှာ ထိုင်ပြီး စောင့်နေလိုက်သည်။ ခဏကြာသော ကော်ဖီကို ကြီးမေ ယူလာပေးခဲ့တယ်။ မြူလည်း ကော်ဖီကို လက်လွှဲယူပြီး ပေါ့ပါးလွတ်လပ်စွာ ခြံထဲ ဆင်းသွားလိုက်သည်။ ဒီနေ့ ပန်းခြံမှာ နှင်းဆီဖြူအနံ့တွေ ပိုထုံနေပြီး အေးစိမ့်စိမ့် ဖြစ်နေတယ်။ မြူက စံအိမ်မှာနေရင် ပေါ့ပေါ့ပါးပါးဘဲ နေတတ်တာကြောင့် ဂါဝန် အဖြူအပါးလေးကို ဝတ်ဆင်ထားသည်။
ပြီးတော့ ကော်ဖီသောက်ရင်း မနက်ခင်းအလှကို ရှုစားနေလိုက်သည်။

မင်းအရာသွင်လည်း ကော်ဖီကြောင့် ညနက်မှ အိပ်ပျော်သွားတော့သည်။ မနက်ထတော့ 10:30ခွဲနေပြီး။ မြန်မြန်ထပြီး သိမ်းစရာမရှိတာသိမ်း အလုပ်ရှုပ်နေတော့သည်။ ကိုယ်တစ်ယောက်ဘဲ နေနေတာကြောင့် ကြုံရာစားလည်း ဘာမှ မဖြစ် မနက်စာအဖြစ် ပေါင်မုန့်တစ်လုံးသာ ကောက်စားလိုက်တော့သည်။
ဖုန်းဖွင့်တော့ missed call အနီများစွာ တွေ့ရသဖြင်​့ ဖုန်ပြန်ခေါ်လိုက်သည်။

တူ..တူ..တူ...

"ဟယ်လို..ဖုန်းဆက်ထားတာတွေ့လို့"

"သားရယ်...သားရဲ့ မမနေမကောင်းလို့ အခုဆေးရုံရောက်နေတာ...လာကြည့်ပါအုံးကွယ်"

"ဟုတ်..ကျွန်တော် အမြန်လာခဲ့မယ်"

မင်းအရာသွင်လည်း ကိုယ့်ချစ်ရတဲ့သူ နေမကောင်း ဖြစ်တာကို သိလိုက်ရသဖြင့် ရင်မှာ ပူလောင်လာရသည်။ ရရာ အင်းကျီ ကောက်စွပ်ပြီး ဆေးရုံတို့ ထွက်လာလိုက်သည်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Dove le storie prendono vita. Scoprilo ora