Part-22

2.7K 88 3
                                    

(Unicode + Zawgyi)

အတိတ်

အချစ်ကြောင်းလေးနှင့် ပတ်သက်လာရင်
မြူက ကံခေသူလို့ သတ်မှတ်ထားလို့ရသည်။
ဘာလို့ဆို မြူ ချစ်နေတဲ့ ကိုထက်လင်းမှိုင်းက
မြူနှင့်အတူ တစ်လမ်းတည်း ပြန်လာခဲ့တဲ့ နေ့မှစ၍ မြူကို တရှောင်ရှောင် မြူ မမြင်အောင်
တစ်ခါတလေ ပုန်းနေတော့သည်။ မြူလည်း
နားလည်စွာဖြင်​့ ကိုထက်လင်းမှိုင်းနှင့်
ထိပ်တိုက် မဆုံအောင်လည်း ကြုိးစားပြီး
ထပ်တူ ရှောင်ပေးနေမိသည်။
တစ်ခါတလေ ကိုထက်လင်းမှိုင်းက တစ်ခြားသူတစ်ယောက်နှင့် အစားထိုးခံလိုက်ရသလို
မြူအပေါ် အရမ်းနွေးထွေးပေးတတ်ပြီး
တစ်ခါတလေပြန်တော့လည်း မြူအပေါ်
သူစိမ်းဆန်ဆန် ဆက်ဆံတတ်၏။
မြူ နားလည်စွာဖြင့် ကိုထက်လင်းမှိုင်း
ထိုသို့ ဖြစ်နေပေမဲ့လည်း နေသားကျနေသဖြင့် ဘာမှ မခံစားရပေ။

မျှော်လင့်လိုက် ခိုးကြည့်လိုက် သီးချင်းနှင့်အတူ ရင်ဖွင့်လိုက်နှင်​့ မြူဟာ အချစ်သံသရာမှာ လည်နေမိသည်။ သူကိုယ်တိုင်
တစ်ခြားတစ်ယောက်ကို ချစ်ဖို့ဆန္ဒရှိခဲ့ရင်
အခုလိုမျိုး မသေချာမရေရာတဲ့ လူဆီက
အချစ်ကို မျှော်နေစရာမလိုမှန်း မြူသိပါသည်။ ဒါပေမဲ့ မြူကိုယ်တိုင် ဒီ ရှပ်ထွေးလှတဲ့ အချစ်နွယ်ကြိုးကနေ ရုန်းမထွက်တာဘဲ
ရှိသည်။

မင်းအရာသွင် ထိုချစ်စရာကောင်းတဲ့ ကောင်လေးကို သတိထားမိတာကြာပြီး ဖြစ်သည်။
တစ်ခါတလေ ထက်လင်းမှိုင်းဆီက ထိုကောင်လေးအကြောင်း ကြားနေရသည်။
ထက်လင်းမှိုင်းကို မင်းအရာသွင် ကြည့်ရသလောက် ထိုကောင်လေးအပေါ် အပျော်တမ်းလုပ်နေသလို ၊တစ်ချို့အချိန်မှာဆို ထိုကောင်လေး ဘယ်လိုအရှက်ရအောင် လုပ်ရမယ်ဆိုတာကိုလည်း ထက်လင်းမှိုင်းဆိုတဲ့သူရဲ့ သူငယ်ချင်းတွေက အကြံပေးနေသည်။
ထိုကိစ္စမှာ မင်းအရာသွင်က ဘာမှမဟုတ်ပေမဲ့ ထိုအပြစ်မရှိတဲ့ ကောင်လေးကို အနိုင့်ကျင့်ချင်တဲ့စိတ်နှင့် အဲ့လို နာကျင်အောင် လုပ်ရတဲ့အထိလည်း မဖြစ်သင့်ဘူးလို့ မင်းအရာသွင် ထင်မိသည်။ မင်းအရာသွင် ကြားနေရတဲ့
သူတို့ရဲ့ စကားသံသဲ့သဲ့မှာ

"မင်းသူ့ကို မျှော်လင့်ချက်ပေးပြီး...ရိုက်ချိုးလိုက်....မနေ့ကတောင် မင်း နှင်းဆီပန်းပေးခဲ့တာမလား...သူစောက်ရမ်းပျော်နေချိန်...မင်းကစော်ထားလိုက်ပေါ့...အခြောက်လေး ဘယ်လို ခံစားရမလဲ တွေ့ရအောင်လေကွာ...
မိုက်တယ်လို့ မထင်ဘူးလားကွာ....''

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Dove le storie prendono vita. Scoprilo ora