Part-25

2.9K 75 0
                                    

(Unicode + Zawgyi)

အတိတ်

မြူတို့အိမ်မှာ ဆူညံနေတာကြောင့် အိပ်ယာကနေ လန့်နိုးလာခဲ့သည်။ ပြီးတော့ မြူ ဆက်မအိပ်ချင်တော့တာကြောင့် မျက်နှာသစ်ပြီး အခန်းကနေ ထွက်လာ၏။ အခန်းအပြင်ရောက်တော့ တစ်အိမ်လုံး အလုပ်သမားအသံတွေပါ မကြားရအောင်အထိ တိတ်ဆိတ်နေသည်။ မြူလည်း မနက်ခင်း စောစောထလာတာကြောင့် ဒီလိုဘဲ တိတ်ဆိတ်နေကျတယ်လို့ ထင်သွားမိသည်။ တကယ်တမ်းတော့ ထင်ထားသလို မဟုတ်ဘဲ ဧည့်ခန်းဘက်က ရှုိက်သံလိုလို မငုိဖို့ အတင်းထိန်းချုပ်ထားသလို ဖြစ်နေတဲ့ စမ်းတဝါးအသံကြောင့် မြူရဲ့ ခြေလှမ်းတွေ ဧည့်ခန်းဘက် ဦးတည်လာခဲ့၏။ ဧည့်ခန်းအနား ရောက်တော့ ရှုိက်သံစွက်ပြီး မငုိဖို့ ထိန်းချုပ်ထားတဲ့ အသံဟာ အဖေရဲ့ အသံ ဖြစ်နေတာကြောင့် ဘာလို့ အဖေက ငိုရတဲ့အထိ ဖြစ်ရတာလဲလို့ သိချင်သဖြင့် ကွယ်နေတဲ့နေရာကနေ မြူက အဖေကို ခိုးကြည့်နေမိသည်။

အဖေက ယူကြုံးမရသလို အသံတွေလည်း ခက်အပ်အပ်နှင့် မျက်လုံးမှာလည်း နီရဲလို့နေတယ်။ ထိုသို့အဖေ ဖြစ်နေတာထက် ပိုပြီး တုန်လှုပ်စရာကောင်းတာက အဖေနှုတ်ကနေ ထွက်လာခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ စကားကြောင့်ပင် ဖြစ်၏။

"နွမ်း...ဆုံးသွားပြီးလား...တကယ်မဖြစ်ဘူးလို့ ပြောပေးပါ၊ ဒီလောက်ကောင်းတဲ့နေရာအထိ မင်းတို့ ညွန်ပြပေးတဲ့နေရာမှာ သွားကုခဲ့တာတောင် နွမ်းလွတ်ဖို့ လမ်းမရှိဘူးလား...မင်းတို့ဘဲလား အသုံးမကျတာ..ဒါမှမဟုတ် အဲ့နိုင်ငံက ဆရာဝန်တွေလား အသုံးမကျတာ...နွမ်းကို ကုသဖို့ လွှတ်သွားတာ သူ့ကို ဒီလို ထွက်သွားခိုင်းတာ မဟုတ်ဘူးကွာ...သူနေပြန်ကောင်းပြီး သားနှင့်ငါ့ဆီ ပြန်လာမှာကိုဘဲ ေမျှာ်လင့်ခဲ့တာ...အခုတော့ကွာ...."

အဖေ့ရဲ့ ယူကြုံးမရအသံတွေကြား အမေ ဆုံးသွားပြီးဆိုတဲ့ အသိပေးချက်လည်း မြူခေါင်းထဲ ဝင်ရောက်လာသဖြင့် ကျခွင့်မပေးထားတဲ့ မျက်ရည်တွေတောင် အဖြိုးဖြိုးအဖြောက်ဖြောက် တားလို့မရဘဲ စီးကျလာတော့သည်။ ဒါဆို အမေက အမေရိကကို ထွက်သွားတာ ဟိုမှာအလုပ်ကိစ္စရှိတာ မဟုတ်ဘဲ ရောဂါသွားကုဖို့ သွားတာလား။
မြူ အစကတည်းက ရိပ်မိခဲ့ပါတယ်။ အမေ့ရဲ့ မျက်နှာက ထင်ထားတာထက် နွမ်းနေပြီး
အဖေက အမေကို ချော့ပြီး ပြောနေတဲ့နေ့
တကယ်လို့ အမေဒီလိုထွက်သွားမယ်လို့
မြူသာကြိုသိနေခဲ့ရင် အဲ့နေ့ကတည်းက အမေ့အနားမှာ တစ်ဖဝါးမှ မခွာဘဲ အမေ့ကို ချစ်ကြောင်း ထိုင်ပြောရင်း အမေပျော်အောင် မြူ အချိန်ကုန်ပေးမိမှာပါ။ ဒါပေမဲ့ ခရီးသွားစရာရှိတာမဟုတ်ဘဲ ကိုယ့်နိုင်ငံထဲမှာတောင် အမေက ခေါင်းမချခဲ့ဘူးလား။ ဘာလို့လဲ မြူ့ငိုမှာ အမေ စိုးရိမ်လို့လား။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Nơi câu chuyện tồn tại. Hãy khám phá bây giờ