Part -28

2.6K 59 5
                                    


(Unicode + Zawgyi)

အတိတ်

ရှစ်တန်း ပညာသင်နှစ်ရဲ့ နောက်ဆုံးလ

ဖေဖေနှင့် အတူ စကားပြောတဲ့အချိန်ကစပြီး
ကိုသွင်ကို မြူမတွေ့ရတော့ပေ။ ကျောင်းတက်ရင်လည်း အရင်ကလို မြူကို မစောင့်တော့ဘဲ ကိုသွင်က အခုတစ်လော မြူထက် အရင်ကျောင်းသွားနေတာကိုလည်း မြူနားလည်တယ်။ ပြောရရင် မြူကို ကိုသွင် ရှောင်နေမလားဘဲ။

ကျောင်းဝင်းထဲမှာလည်း ကိုသွင်ကို မတွေ့ရသလို ကျောင်းဆင်းချိန် မြူ အချိန်အတော်ကြာ စောင့်နေပေမဲ့လည်း ကိုသွင်က မရောက်လာတာကြောင့် မြူဘဲ အရင်ပြန်လိုက်ရတာဘဲ ဖြစ်သည်။ တစ်နေ့မြူ စောင့်နေချိန်မှာ ကိုးတန်းထဲက မမတစ်ယောက် မြူဆီ လျှောက်လာပြီး စကားပြောလာတော့သည်။

"ဒီကောင်လေးက...မြူဘဲလား...."

"ဟုတ်...အမ...ကျွန်တော်နာမည်က မြူပါ...ဒါနဲ့ အမ ဘယ်လိုသိတာ...."

"သိတာ မသိတာက...အရေးမပါဘူးထင်တယ်...အမပြောချင်တာက မင်းအရာသွင်ဆိုတဲ့ကောင်လေးက အမရဲ့ ကောင်လေးဖြစ်နေတာမလို့......"

"ဘာလို့ မြူကို ပြောပြနေရတာလဲ...."

"ဟေ...မြူက မင်းအရာသွင်ကို ကြ​ိုက်နေတာမလို့လား...ဒါကြောင့်မလို့ သူ့မှာပိုင်ရှင် ရှိနေပြီးမလို့ မြူကို အမက... ပိုင်ရှင်ရှိနေတဲ့သူနှင့် မပတ်သတ်မိဖို့ အမ ကြုိပြောပေးတာပါ...."

"မြူ အဲ့လောက်ထိလည်း မဖြစ်ပါဘူး....ကိုသွင်ကို အကိုထက် မပိုပါဘူး...."

ဒီနေရာမှာတော့ မြူ မုသားကို သုံးလိုက်မိ၏။
မြူကိုရှောင်နေတာမဟုတ်ဘဲ ကိုသွင်မှာ ကောင်မလေးရှိနေတာကြောင့် ဒီလို ပျောက်နေတာ အခုမှ မြူ သိခွင့်ရတော့၏။ ပြီးတော့ ထိုမမက မြူကို ကြ​ိုက်ပုံမပေါ်ပေ။ ဘယ်သူက ကိုယ့်ကောင်လေးနှင့် ပတ်သက်နေတဲ့ သူကို ကြုိက်ကြမလဲ။ မြူသာ ထိုအမ နေရာမှသာလျှင် ကြုိက်မှာမဟုတ် ဒါကြောင့် လူမှားဖြစ်သော မြူကသာ နောက်ဆုတ်ရမှာပါ။
ချစ်ပေမဲ့ပေါ့။

"အဲ့လိုဆိုရင် အမက စိတ်ချရပြီးပေါ့...ဒါပေမဲ့ မင်းအရာသွင်က ယောကျာ်းလေးကို ကြုိက်မှာ မဟုတ်ဘူးလေ...ဒါကြောင့်မလို့ ပိုပြီး မနက်ရှိုင်းခင်မှာ ဖြတ်ပစ်လိုက်ရင် ကောင်းတာဘဲမဟုတ်လား...."

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Where stories live. Discover now