Part-10

3.7K 133 3
                                    


(Unicode+Zawgyi)

မင်းအရာသွင် အပြင်ဘက် လှမ်းကြည့်လိုက်တော့ ပတ်ဝန်းကျင်မှာ မှောင်မည်းနေဆဲဖြစ်ပြီး တိတ်ဆိတ်နေသော မနက်ခင်းမှာ သူနိုးထနေပြီး ဖြစ်သည်။ မနက်ဖြန် မဂ်လာပွဲအတွက် ပြင်ဆင်ပြီးနေပြီးဖြစ်တဲ့ မဂ်လာခန်းမကို မမနှင့်အတူ ဒီနေ့မှာ လိုက်ကြည့်ရမယ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားပြီး စောစော နိုးနေခြင်းဖြစ်သည်။ ထိုခန်းမဟာ ရန်ကုန်မြို့ရဲ့ နာမည်ကြီးနေတဲ့ Hotelမှာ ဖြစ်ပြီး ယောက္ခမလောင်းကဘဲ အကုန်အကျခံပြီး
စီစဥ်ပေးထားတာ ဖြစ်သည်။ မင်းအရာသွင် နှင့် မမရဲ့ မဂ်လာပွဲကို မင်းအရာသွင် ကိုယ်တိုင် စီစဥ်ချင်ပေမဲ့ ယောက္ခမလောင်းရဲ့
သဘောကို မလွန်ဆန်နိုင်ပေ။ မင်းအရာသွင်ဟာ သူ့ရဲ့အမေဆီ လှမ်းပြောလိုက်ချင်ပေမဲ့
သူ့ဖုန်းခေါ်တိုင်း စက်ပိတ်ထားမြဲ ဖြစ်သည်။
စက်ပိတ်ထားမှာပေါ့ အမေမကြည်တဲ့ သူကိုမှ မင်းအရာသွင်ဆိုတဲ့ သူက လက်ထပ်တော့မှာကိုလေ။ သူလည်း တစ်နေ့တော့ အမေက
မမလို လူကောင်းတစ်ယောက်ကို နားလည်လာတဲ့ အချိန် ကြည်ဖြူပေးမယ်လို့ ယုံကြည်မိသည်။ တစ်ခုခုကို စောင့်ရရင် အချိန်ပိုကြာနေသလို ပျော်စရာကောင်းတဲ့အချိန်ဆို အချိန်က ဘယ်လိုတောင် ဘယ်လို ကုန်သွားမှန်းမသိတာကလည်း သဘာဝဘဲလေ။
အခု မင်းအရာသွင်စောင့်နေရတော့ အချိန်ဟာ တဖြည်းဖြည်းနှင့်ဘဲ လည်ပတ်ကုန်ဆုံးနေသည်။ မင်းအရာသွင်လည်း ဘာမှ မထူးဘူးဆိုတဲ့ စိတ်နှင့် အပြင်မှာ ကော်ဖီသောက်ရန် ထွက်လာခဲ့သည်။

မြူ အိပ်လို့ကောင်းနေတဲ့အချိန်မှာ ဖုန်းမြည်သံကြောင့် မထချင်ပေမဲ့ ဒီအချိန် ခေါ်လာတဲ့ သူကို သိရန် ဖုန်းကို လှမ်းကြည့်လိုက်သည်။
နံပါတ်စိမ်းတစ်ခု ဖြစ်နေတာကြောင့် မြူ ခဏတော့တွေဝေမိပေမဲ့ ကိုင်လိုက်သည်။ မြူ ကိုင်လိုက်တော့ ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတာကြောင့် ဒီအသံက ဘယ်သူ့အသံလဲဆိုတာ သိဖို့ မေးလိုက်တယ်။

"တစ်ဖက်ကသူ..နာမည် မြူကို ပြောပေးနိုင်မလား...."

"ဟားး...ကိုယ့်ကိုမေ့သွားပြီးလား.."

"အင်း...မေ့လို့ မေးနေရတာပေါ့..."

"ကိုယ်က လွန်ခဲ့တဲ့ သုံးရက်လောက်က မြူနှင့် The Lord of Life ဆိုတဲ့ ဆိုင်မှာ စကားပြောခဲ့ဖူးတယ်လေ...."

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Nơi câu chuyện tồn tại. Hãy khám phá bây giờ