Part-21

3K 80 2
                                    

(Unicode + Zawgyi)

အတိတ်

ခြောက်တန်းပညာသင်နှစ်

မြူမှုန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့
အပျော်ရဆုံးသော အမှတ်တရ နေ့တစ်နေ့ပေါ့။ သူ့ဘဝမှာ သူနှစ်အတော်ကြာ ချစ်လာခဲ့ရသော လူဆီက နှင်းဆီပန်းလေး တစ်ပွင့်ဖြင့်
သူ့အချစ်ကို အသိအမှတ်ပြုခံခဲ့ရ၏။ ထိုလူက
မြူမျက်လုံးထဲမှာ အဘယ်သောသူမှ မယှဥ်ပြိုင်နိုင်သော နတ်သားလေး ကိုထက်လင်းမှိုင်းဘဲ ဖြစ်သည်။

ကိုထက်လင်းမှိုင်းက မြူအတွက် ချစ်တယ်ဆိုတာထက် ကိုထက်လင်းမှိုင်းရဲ့ ရုပ်ရည်ချောတာကို တွယ်ငြိနေမိသည်။ ထိုအချိန်က
အချစ်လို့ထင်ကောင်း ထင်နေခဲ့ပါသည်။
ပြီးတော့ ကယ်တင်ရှင် မင်းသားလေးလို့လည်း မြူက သတ်မှတ်ထားသည်။
မြူ တစ်ခြားသူဆီကနေ အခြောက်လို့ အစခံရလည်း ကိုထက်လင်းမှိုင်းက ငါ့ညီလေးကို
မင်းတို့ဘာမှ ပြောပိုင်ခွင့်မရှိဘူးလို့ ရှေ့ကနေလည်း ကာကွယ်ပေးခဲ့သည်။

မြူတစ်ယောက်ထဲ ​ငိုင်နေချိန်မှာလည်း ကိုထက်လင်းမှိုင်းက မြူဘေးနား ရောက်,ရောက်လာတတ်သည်။ ပြီးတော့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးနှင့် မြူကို
ကြင်ကြင်နာနာ နွေးထွေးစွာ ဆက်ဆံပေးတတ်ပြန်သည်။ ကိုထက်လင်းမှိုင်းက မြူထက် တစ်နှစ်ကြီးနေသော်လည်း ကျောင်းတစ်နှစ် နားထားတာကြောင့် အခု မြူတို့နှင့်
အတန်းတူတူ တက်နေရသည်။

ဒါပေမဲ့ ကိုထက်လင်းမှိုင်းဘက်က ညီထက် မပိုပေမဲ့ မြူဘက်ကတော့ ချစ်သူလို သဘောထားပြီး ကိုထက်လင်းမှိုင်းအနား
တွယ်ကပ်နေမိသည်။ တစ်နေ့တော့ ကိုထက်လင်းမှိုင်းမှာ ချစ်သူ ရှိနေပြီးလို့ သတင်းသဲ့သဲ့ ကြားနေရသဖြင့် မြူ စိတ်မကောင်းဖြစ်သွားရသည်။ ကိုယ်ချစ်နေမိတဲ့ လူဟာ သူ့မှာ ချစ်သူရှိသွားတဲ့အခါ အဲ့ခံစားချက်ကို ခံစားဖူးသူတိုင်း မြူကို နားလည်ပေးနိုင်တယ်လို့
မြူထင်သည်။

ကိုထက်လင်းမှိုင်းကို ချစ်မိနေတာ ကိုထက်လင်းမှိုင်းက လွှဲလို့ တစ်ကျောင်းလုံး သိနေပြီးဖြစ်သည်။ မြူလည်း အဲ့လိုဘဲ ချစ်မိနေတဲ့ စိတ်တွေကို ထိန်းထားပေမဲ့ တစ်နေ့တော့
ကိုထက်လင်းမှိုင်းက ကျောင်းရှေ့မှာရောင်းနေတဲ့ နှင်းဆီပန်းတစ်ပွင့်ကို ဝယ်ပြီး ပေးခဲ့သည်။ မြူလည်း ထိုနေ့မှာ အရမ်းပျော်ရသည်။ ကိုထက်လင်းမှိုင်းအတွက် မြူလည်း
နှင်းဆီပန်းတစ်ပွင့်ကို ဝယ်ထားခဲ့ပေမဲ့
အခြားယောကျာ်းလေးတွေက ထိုပန်းကို ယူပြီး ဖျက်ဆီးလိုက်ကြသည်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Donde viven las historias. Descúbrelo ahora