Part-32

3.8K 109 1
                                    

(Unicode + Zawgyi)

မြူ မအံ့သြလို့ မရပေ။ ဘာလို့ဆို အခု မြူရှိတဲ့ကားရဲ့ပိုင်ရှင်က မင်းအရာသွင်ဆိုတဲ့ တစ်ချိန်က ကိုသွင်ပါဘဲလေ။ ပြီးတော့ မြူကိုလည်း အပြစ်ပေးတော့မယ့် မျက်ဝန်းနှင့် ကိုယ်လုပ်ထားတာကို ကိုယ်မှတ်မိသလားတိုတဲ့ သတိပေးနေသည့် အထာနှင့် စူးစူးနစ်နစ် စိုက်ကြည့်နေတော့ မြူ နေမတတ်တော့ပေ။
မြူ ကားမှန်ရဲ့အပြင်ဘက် တရွေ့ရွှေ့သွားနိုင်သော ပုံရိပ်တွေဘက်သာ မျက်နှာမူထားလိုက်သည်။

ကိုသွင်က မြူကို ခိုးခေါ်လာတာပေါ့။ မြူ မှတ်မိသလောက် မနက်စာစားပြီး နေရောင်နွေးတို့နှင့် စကားပြောနေတာ ပြီးတော့ မြူရဲ့ ကားထားရာ ပါကင်ရှိရာလာပြီး တစ်စုံတစ်ယောက်က မြူလက်ကို အကြမ်းပတမ်းဆွဲရင်းကနေ မြူ မေ့သွားခဲ့တာ။ ဒါဆို အဲ့လူက ကိုသွင်ဘဲမလား။
ဘာလို့မြူကို မှတ်မိနေသေးတာလဲ။ ဒီလောက်အထိ ပြောင်းလဲထားတာတောင် မှတ်မိနေသေးတဲ့ ကိုသွင်ကိုတော့ မြူ ချီးကျူးရအုံးမှာ ဖြစ်တယ်။

ဒါပေမဲ့ ဒီအချိန်က မြူအတွက် ကံကောင်းလာမည့် အချိန်တော့ ဟုတ်မယ်လို့ မြူမထင်ဘူး။ ဘာလို့ဆို ကိုသွင်ရဲ့ မဂ်လာပွဲကို ဖျက်ဆီးလိုက်တဲ့သူဟာ မြူ ဖြစ်နေတာကို ကိုသွင်က သိနေပြီး ဖြစ်တာကြောင့်ဘဲ ဖြစ်သည်။ ရင်တုန်တုန်ဖြင့် မြူ ငြိမ်နေအောင် နေလိုက်ပြီး မျက်လုံးတွေ ကိုသွင်ဘက် မကြည့်မိအောင်လည်း မျက်နှာလွှဲထားသည်။

"မြူကို ဘယ်ဆီ ခေါ်သွားနေတာမှန်းမသိဘူး...ဒီအရူးက ရက်စက်တဲ့အကျင့် အခုထိ မပျောက်သေးတာလား....''

ပါးစပ်လေး ပွစိပွစိနှင့် နှုတ်ခမ်းကို စူထားနိုင်သလောက် ဆူထော်နေအောင် ရှေ့ဘက်သို့ စူထားလိုက်သည်။ ပြီးတော့ မျက်လုံးတွေက ကိုယ့်ဘက် မကြည့်တော့ဘဲ မျက်နှာလွဲပြီး
ငြိမ်ကျသွားသည့် မြူက ဘယ်လောက်အထိ ကြောက်နေမလဲဆိုတာကို မင်းအရာသွင် ခန့်မှန်းလို့ရနေတယ်။ ဒီလိုကြောက်တတ်နေရင် သူများရဲ့ မဂ်လာပွဲကို မဖျက်ဆီးနဲ့ပေါ့။
အခုတော့ အပြစ်လုပ်ထားပြီးမှ အပြစ်ပေးမယ်လို့ ပြောတာကို ကြောက်နေတဲ့ သူကတော့ ကားနောက်ခန်းက သူလေးပင် ဖြစ်ရမည်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Nơi câu chuyện tồn tại. Hãy khám phá bây giờ