Part-13

3.1K 110 7
                                    

(Unicode+Zawgyi)

ဒီနေ့ တစ်နေ့မှာ မြူသတ်မှတ်ထားတဲ့ လမ်း
စဥ်တွေအတိုင်း တစ်ခုပြီး တစ်ခု လွယ်လွယ်
နှင့် လုပ်နိုင်ခဲ့သဖြင့် မြူကျေနပ်နေတော့သည်။ အောင်မြင်ဖို့ ငွေအားနှင့်လူအားတော့ နည်းနည်း သုံးခဲ့ရ၏။
မနက်ဖြန် ဘယ်လို ဖြစ်လာမလဲဆိုတာ မြူ
သိချင်နေပြီး ခုတင်ပေါ်မှာ ခေါင်းချထားသော်လည်း တော်တော်နှင့် အိပ်မပျော်ပေ။
မနက်ဖြန် ပွဲဖျက်မည့်သူက မြူလို့ မင်းအရာသွင် သိခဲ့ရင် မြူအတွက်တော့ မလွယ်လှပေ။ အဲ့လောက်လေးနှင့် မြူအတွက် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ မြူ ဘဝတစ်လျှောက်လုံး အရှက်ရတဲ့နေ့ကစပြီး
အမြဲတမ်း ခက်ခဲလာခဲ့တာကို မြူသည်သာ
အသိဆုံးဖြစ်သည်။

မြူလည်း အိပ်မပျော်မည့်အတူတူ ရေသွားသောက်ရန် အပြင်ကို ထွက်လာခဲ့သည်။
​အပြင်ကိုရောက်တော့ ဆိုဖာပေါ်မှာ ငိုင်နေတဲ့
နေရောင်နွေးကို တွေ့တော့ မြူ လန့်သွားမိသည်။ မြူ အနားမှာ နေလာခဲ့တဲ့ တစ်လျှောက်လုံး နေရောင်နွေးရဲ့ အခုဖြစ်နေတဲ့ ပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့်
မြူ လန့်ရတာကလည်း လုံးဝ မမှားပါ။
မြူ မနေနိုင်စွာ ငိုင်နေတဲ့ နေရောင်နွေးကို
မေးခွန်းထုတ်လိုက်သည်။

"ဒီမှာနွေး...ညညမအိပ်ဘဲ ဒီလိုဘဲ မှုိင်ငိုင်နေတာလား....အခုက ချစ်တဲ့သူက ပစ်ထားသလိုလိုနှင့်...... "

". ........"

"အော်...ငါမေးနေတာကိုလည်း မဖြေဘူး...
အံ့သြလိုက်တာ...."

"မြူ သူငါ့ကို စိတ်ဆိုးသွားမယ်လို့...ထင်လား..."

"ဟမ်....ဘာပြောတာနွေး...ငါနားမလည်ဘူး...."

မြူ ဘာမှ မသိဘဲ နေရောင်နွေး ချက်ချင်း
မေးလိုက်သဖြင့် မြူဘာမှနားမလည်တော့။
ဘယ်သူက နွေးကို စိတ်ဆိုးမှာလဲ။
အဲ့သူက ဘယ်သူလဲ။ ပြီးတော့ အဲ့သူက
နွေးကို ဒီလိုမျိုးအထိတောင် လွှမ်းမိုး
သွားနိုင်တာလား။ မြူ သိချင်နေသဖြင့်
ေနွးကို မေးလိုက်သည်။

"နွေး...သူက ဘယ်သူလဲ...."

"ငါ့ရဲ့ မကြာကမှ ခင်တဲ့သူငယ်ချင်း...."

"သူ့နာမည်ကရော..."

"မြို့ငယ်ရောက်ရင်...ငါကိုယ်တိုင်
လူအကောင်လိုက်ကို ခေါ်ပြီး မိတ်ဆက်ပေးမယ်...."

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Nơi câu chuyện tồn tại. Hãy khám phá bây giờ