Part-12

3.1K 103 4
                                    

(Unicode+Zawgyi)

မင်းအရာသွင် မဂ်လာခန်းမ ပြင်ဆင်ထားတဲ့
Hotelကိုရောက်တော့ သူနှင့် သူ့ရဲ့ မမပုံတွေ
ဘဲ တစ်လမ်းလုံး အတွင်းပိုင်းရောက်သည်အထိ အဖြူရောင်ပန်းလေးတွေနှင့် လှလှပပ
ပြင်ဆင်ထားသည်။ မမနှင့် ချစ်သူစဖြစ်တဲ့
ပုံတွေကို ပြန်မြင်ရတော့ သူလည်း ပျော်မိသွားသည်။ သူရဲ့မမက သူ့ကိုချစ်တာ အဲ့လောက်ထိတောင်လားဆိုပြီး အခု သူ့အတွေးထဲ စိုးမိုးနေတဲ့ အဲ့လစ်ဆိုတဲ့ ကောင်မလေးကို
အတွေးထဲက ထုတ်လိုက်ရန်ပင် မင်းအရာသွင် တွေးလိုက်မိ၏။
အဖြူရောင်ပန်းသေးသေးလေးတွေက မမရဲ့ အကြိုက်ဖြစ်ကြောင်း မင်းအရာသွင် သိသည်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အဖြူရောင်ထက် အနီရောင်ရဲရဲကိုမှ ကြုိက်တတ်တဲ့
သူကိုတော့ မင်းအရာသွင် သတိရမိလိုက်သည်။ နှစ်တွေတောင် ကြာနေပါပြီး မြူလည်း သူ့ကို ခွင့်လွှတ်ပေးနေပြီးလို့ မှတ်လိုက်ပြီး သူတို့မဂ်လာပွဲကို လာဖို့ ဖိတ်စာကမ်းပြီး ဖိတ်ခေါ်လာခဲ့ဖို့ အခွင့်အရေးမရှိတာကြောင့် သူ့ကို မြူ စိတ်မဆိုးဖို့ မင်းအရာသွင်
မျှော်လင့်နေမိသည်။ မြူလည်း သူ့ဘဝနှင့်သူတော့ ပျော်ရွှင်သွားမှာဘဲ ဆိုပြီး မြူအကြောင်း တွေးမိတော့ မင်းအရာသွင်
သက်ပြင်းတွေသာ ချနိုင်တော့သည်။

မြူနှင့် နေရောင်နွေး ပြင်ဆင်ပြီးတော့
ဖိတ်စာထဲက မဂ်လာဆောင်ပွဲ ကျင်းပမည့်နေရာကို ကြည့်ပြီး မောင်းလာတော့သည်။
မြူတို့ နေတဲ့ တိုက်ခန်းနှင့် အလှမ်းဝေးနေတာကြောင့် နည်းနည်းတော့ မောင်းလိုက်ရသည်။
ဒီနေ့ မြူ အလျင်လိုနေတာကြောင့် မြူဘဲ ကားမောင်းသူ လုပ်လိုက်သည်။ နေ့တိုင်း မြူ တစ်ယောက်တည်းဆို အဆင်ပြေပေမဲ့ နေရောင်နွေးလည်း မြူမောင်းတဲ့နောက် အခုတစ်ခါ လိုက်လာရတော့ မျက်စိတောင် မဖွင့်ကြည့်ရဲ၊ ​နေရောင်နွေး ဖြစ်ပျက်နေတာကို
မျက်ထောင့်ကနေ မြင်နေရတာကြောင့် မြူ
မရယ်ဘဲ မနေနိုင်တော့ပေ။

Hotelရှေ့ရောက်တော့ မြူကျေနပ်ပြုံး ပြုံးလိုက်ပြီး နေရောင်နွေးဘက် လှည့်ပြောလိုက်သည်။

"Hotelက အကောင်းစားဆိုတော့ အကုန်အကျခံပြီး လုပ်ထားမယ့်ပုံဘဲ...
ငါ ထင်တာ အရမ်းပျော်စရာ ကောင်းမှာဘဲ နွေး...."

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Where stories live. Discover now