Part-15

3.3K 106 2
                                    

(Unicode + Zawgyi)

ဆေးရုံရောက်တော့ မြူကို စမ်းသပ်ပေးသည့်
ဆရာဝန်ဆီ မင်းအရာသွင် အပ်ထားလိုက်၏။
အခု သူက မမထက် အဲ့လစ်ကို ပိုဂရုစိုက်နေမိတာကိုလည်း မင်းအရာသွင် ကိုယ့်ကို
ကိုယ်တောင် နားမလည်နိုင်တော့ချေ။
အဲ့လစ်ရဲ့ သူငယ်ချင်းကို ကြည့်တော့
သူ့သူငယ်ချင်းကို စိုးရိမ်နေသလို
ခုံထဲ လုံးဝ ဖင်မထိုင်ချဘဲ ဟိုလျှောက်ဒီလျှောက် ပျာယာခတ်နေသည်။
မင်းအရာသွင် သူ့သူငယ်ချင်းကို စိုးရိမ်နေသည့် တစ်ယောက်ကို သိချင်တာတွေ
မေးလိုက်သည်။

"ဟိုလူ... အဲ့လစ် ဘာဖြစ်လို့...ဆေးရုံပို့ရတဲ့အထိလဲ..."

"အဲ့လိုလည်း မေးတတ်တာဘဲ...သူ့ရဲ့
ရောဂါအခံတွေ ရှိလို့ပေါ့..."

"မင်းရဲ့နာမည်က...."

ထိုလူရဲ့နာမည်ကို မမှတ်မိတော့သဖြင့်
မင်းအရာသွင် မေးလိုက်သည်။

"အိုင့်ဗက်...."

"ဟ..."

"နှစ်ခါ မပြောချင်ဘူး...".

"ဒါနဲ့ ဘာလို့ ယောကျာ်းလေးဖြစ်နေပြီးတော့... အဲ့လစ်ကိုဘဲ လိုက်နေတာလဲ..."

"အော်ကွယ်..သူ့အမေက ငါနှင့်စိတ်ချလို့ပေါ့... ပြီးတော့ ငါက သူ့အကိုလိုလေ..."

"ခဏက မဂ်လာပွဲမှာ မတွေ့လိုက်သလိုဘဲ.."

"ငါ ဗိုက်နာနေလို့ ...သန့်စင်ခန်းသွားနေတာ...
ငါပြန်လာတာနှင့် ခန်းမထဲမှာလည်း မှောင်နေတာ...ပြီးတော့ မြူ ထွက်လာတာနှင့် ဆုံတာ..
သူက အမှောင် ကြောက်တတ်တာ...အဲ့ကြောင့် အခုလို ဖြစ်သွားတယ်လို့ ထင်တယ်..."

နေရောင်နွေး အခြားသူကို လိမ်မပြောချင်ပေမဲ့ ကိုယ့်သူငယ်ချင်းကို ကာကွယ်ရ
ရင် လိမ်သင့်သည့် နေရာမှာ
လိမ်ရမှာဘဲ ဖြစ်သည်။
အခု မြူက အမှောင်ကြောက်ပြီး ဖြစ်သွားတာ
မဟုတ်ဘဲ နေ့စဥ် ညတုိင်း သောက်နေရ
သည့် ဟော်မုန်းဆေးကို သောက်ဖို့
အချိန်လွန်သွားခြင်း ဖြစ်သည်။
အဲ့ကြောင့် အင်အားတွေ ကုန်းခမ်းလာပြီး
သတိမေ့သွားခြင်းဘဲ ဖြစ်တယ်။

မြူ ဆီမှာ ရောဂါမရှိပေမဲ့ နာရီဝက်ကြာအောင် ဆရာဝန်တွေ စစ်ဆေးလိုက်ရ
သည်။
မြူ နိုးလာပြီး ဆရာဝန်တွေကို မေးကြည့်တော့ ဘာရောဂါအကြောင်းမှ မဟုတ်ဘဲ
သောက်နေရသည့် ဆေးကို တစ်နှစ်ပြည့်မှ
ရပ်ရန် ဆရာဝန်တွေ ပြောလာခဲ့သည်။
ပြီးတော့ အချိန်တွေ မလွန်စေရန် သတိ
ထားသင့်ကြောင်းလည်း မှာကြားနေသည်။
ရှောင်ရန် ဆောင်ရန် ပြောကြားပေးပြီး
ခဏ ပေးလှဲခိုင်းလိုက်၏။
မြူလည်း ခဏလှဲခိုင်းနေပြီး
ခဏနေတော့ နေရောင်နွေးနှင့် မင်းအရာသွင်
တို့ ဝင်လာကြသည်။
မြူ ဘာမှ မပြောချင်တာကြောင့်
တိတ်ဆိတ်စွာ အိပ်နေလိုက်၏။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Nơi câu chuyện tồn tại. Hãy khám phá bây giờ