Part-11

3.2K 112 6
                                    


(Unicode+Zawgyi)

အေးစိမ့်စိမ့်ဖြစ်နေတဲ့ မနက်ခင်းမှာ နေရောင်နွေး နိူးနေကြတိုင်း ခြောက်နာရီထိုးတော့ မျက်လုံးဟာလည်း အလိုအလျောက် အော်တိုဖွင့်လာသည်။ အခုချိန်မှာတော့ ကောင်ဆိုးလေးကို လွမ်းနေမိတာ၊ သူ့အကြောင်းတွေးလိုက်မိတိုင်း ပြေးဖက်လိုက်ချင်တယ်။
ဒါပေမဲ့ နေရောင်နွေး ရန်ကုန်ကတည်းက တစ်ခါဘဲ ဆက်သွယ်လာပြီး ေနာက်တော့ လုံးဝကို မဆက်သွယ်လာတော့ချေ။
နေရောင်နွေးလည်း မြို့ငယ်ရောက်ရင် တစ်ဝကြီး စိတ်ဆိုးပစ်မည်လို့ ဆုံးဖြတ်ထားတော့သည်။ အတွေးထဲ နစ်မျောနေတော့
မြူကို ဆေးတိုက်ဖို့ရန်ပင် မေ့တော့မလို။
မြူက နေရောင်နွေးသာ ဆေးအတင်းမတိုက်ရင် မြူလည်း မသောက်။

"မြူကလည်း ဘာဖြစ်ချင်နေမှန်းမသိ...
ကိုယ့်ကိုကိုယ်လည်း ဂရုမစိုက်ဘူး...သူက အရင်လို မဟုတ်မှန်း သိသိကြီးနှင့်..တမင်ဒုက္ခပေးတာဘဲ ဂြိုဟ်ကောင်ကတော့...."

မြူကို မငြိုငြင်ပေမဲ့ တစ်ခါတစ်လေ စိတ်ပေါက်ချင်လာသည်။ ကိုယ်ကဘဲ စိုးရိမ်အားကြီးတာလား...ဒါမှမဟုတ် မြူကဘဲ
သူ့ကိုသူ ဂရုမစိုက်တာလား...။

"ဟူး...​ဒီမြူဆိုတဲ့ သူကတော့ သိပ်ဆိုးနေတာ...."

ကိုယ့်အတွေးနှင့်ကိုယ် ကိုယ့်အပြောနှင့်ကိုယ်ဘဲ နေရောင်နွေး ရယ်နေတော့သည်။
မနက်စာတွေ ပြင်ဆင်ပေးပြီး မြူကို သွားခေါ်ရန် မြူအခန်းဘက်သွားတော့ အပြင်ဘက်ကအသံကြားနေတာကြောင့် ေနရောင်နွေး ပြန်ထွက်လာသည်။ အပြင်ရောက်တော့ မိမိပြင်ဆင်ပေးထားတဲ့ ပေါင်မုန့်ကို အားပါပါကိုက်စားနေပြီး စိတ်လှုပ်ရှားနေတဲ့ စိတ်ကို ထိန်းထားသလို မျက်နှာကလည်း ဂဏှာမငြိမ်လှ။ နေရောင်နွေး စိတ်ပူလာသဖြင်​့ မြူကို အလျင်စလို မေးလိုက်သည်။

"မြူ...မင်းဘာဖြစ်လာတာလဲ...ငါ့ကိုပြော..."

". .."

မြူက ပေါင်မုန့်ကို စားမြဲစားနေတယ်။ နေရောင်နွေးကို ဘာမှပြန်မဖြေ။

"မြူ..ငါမေးနေတာလေ..."

မြူ ရေကိုငှဲ့ထည့်ပြီး သောက်လိုက်တယ်။
ပြီးတော့ နေရောင်နွေးဘက် လှည့်ပြီး ပြောလာသည်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Место, где живут истории. Откройте их для себя