Part-9

3.3K 121 6
                                    

(Unicode+Zawgyi)

မြူ တရေးအိပ်ရာက နိုးလာပြီး ပြတင်းပေါက် ဖွင့်ကြည့်တော့ နေမင်းကြီးတောင် တစ်ဖက်သို့ တိမ်းစောင်းပျောက်ကွယ်
လုကျနေပြီးဖြစ်သည်။ မနက်ကတည်းက ဘာမှ မစားရသေးတာကြောင့် မြူလည်း တစ်ခုခု စားရန် အခန်းကနေ ထွက်လာသည်။
နေရောင်နွေးကို လိုက်ရှာကြည့်တော့ မတွေ့။
ရည်စားထားနေပြီးတော့ လျှိုဝှက်နေသေးတာ မြူမသိဘူးများထင်နေလား။ အခုတောင် ဘယ်ဘက်မှာ သွားလွှင့်နေလဲ မသိဘူး။ မြူ ​ေရခဲသေတ္တာကို ဖွင့်ကြည့်တော့
ကိတ်မုန့်လေးတစ်လုံးနှင့် နို့တစ်ခွက်ကို
တွေ့လိုက်တယ်။ အင်း..ကောင်းတာဘဲ ဒီကောင် ရည်စားရှိသွားပေမဲ့ ဝတ္တရားက အရင်တိုင်းဘဲ အလိုက်သိတယ်။ ဒီနေရာမှာ မြူ လက်မထောင်ပြီး အမှတ်ပေးတယ်။
စားသောက်ပြီးတော့ မြူ ရေချိုးလိုက်သည်။
အရောင်ရင့်နေသေးသော အမှတ်အသားတွေကြောင့် မြူ လည်ပိတ်အင်းကျီ လက်ရှည်ကိုဘဲ ရွေးဝတ်ရပြန်သည်။ စကားထိုင်ပြောဖို့
လည်း နေရောင်နွေး မရှိတာကြောင့် TV ဘဲ ထိုင်ကြည့်နေလိုက်တယ်။ မြူလည်း TV ကြည့်ရင်းနှင့် အိပ်ငိုက်လာတာကြောင့် နေရောင်နွေးကို မစောင့်တော့ဘဲ အိပ်ခန်းဆီ သွားပြီး
ဝင်အိပ်လိုက်သည်။ အိပ်ယာပေါ် ခေါင်းချလိုက်ပေမဲ့ ချက်ချင်း အိပ်မပျော်ဘဲ မျက်လုံးတွေ ကြောင်နေသည်။ ဘယ်လို အိပ်ပျော်ပါ့မလဲ...ညနေကဘဲ နိုးလာတာကို...။ မြူ အိပ်ပျော်ဖို့လည်း မကြိုးစား။ ဒီအတိုင်း လှဲနေရအောင်လည်း မြူ မလှဲနိုင်တာကြောင့်
ဖုန်းကိုယူပြီး မနက်က ရိုက်လာတဲ့ပုံနှင့် Video ဖိုင်ကို ပြန်ကြည့်နေလိုက်သည်။

"ငါ...မင်း မဂ်လာပွဲကို ဖျက်အောင် လုပ်လိုက်ရင်..ငါ့ကို မကျေနပ်ဖြစ်ပါနဲ့နော်...ထိုက်သန်တဲ့ အရာတွေဘဲ မင်းဆီ လာပုံအပ်ပေးမလို့လေ..."

မြူ တစ်ယောက်တည်း စကားတွေပြောပြီး တဟားဟား ေကျနပ်နေတဲ့ အသံနှင့် အော်ရယ်နေလိုက်သည်။
နေရောင်နွေး ရောက်လာတော့ မြူကို မတွေ့လိုက်တာကြောင့် တစ်ခုခုစားရန် သွားခေါ်လိုက်သည်။ မြူအခန်းနှင့် နီးလေ ရယ်သံတွေ ပိုကျယ်လာကာ နေရောင်နွေးတစ်ယောက် ကြက်သီးပါ တဖြန်းဖြန်း ထလာတော့သည်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Donde viven las historias. Descúbrelo ahora