Part-42

2.8K 66 1
                                    


(Unicode + Zawgyi)

နေရောင်နွေး သိတဲ့အကြောင်းရော မသိတဲ့အကြောင်းတွေပါ မြူရဲ့အဖေကို ပြောပြနေတော့ ညနေတောင် စောင်းသွားခဲ့သည်။

"ဒီလောက်ဆို ဘကြီးနားလည်ရောပေါ့..
ဘကြီးရဲ့သားလေး ချစ်တတ်ပုံကို ကြည့်လိုက်လေ..မြူက အကြံအစည်ကြီးနှင့်..မုန်းမလိုလိုနှင့် အဲ့လူအတွက်ပါ ကလေးမွေးပေးဖို့..ပြောင်းလဲခဲ့တာ...''

"အေးကွာ..ဘကြီးလည်း နားလည်ပါပြီး..ဒီလောက်ဆို သားမြူက မင်းအရာသွင်ဆိုတဲ့ကောင်လေးကို တကယ်ချစ်နေတယ်ဆိုတာ ဘကြီးလည်း သဘောပေါက်ပါပြီး...''

"ဒါနဲ့ မြူတို့ဘယ်တော့ လက်ထပ်ကြမလဲမသိနော်...သားက အရံလုပ်ပေးချင်လို့လေ..ဟဲဟဲ..''

"အေးဒါနဲ့သားကရော..ဒီအသက်အရွယ်အထိ ရောက်နေပြီး ဘယ်မှာလဲ ချစ်သူ..ဘကြီးကို မိတ်ဆက်ပြပေးအုံး..''

ဘကြီးပြောလာတဲ့အချိန်မှ နေရောင်နွေး ကိုယ့်ကိုကိုယ် ငုံကြည့်လိုက်မိသည်။ သူ ဒီနေ့ ဒီလိုပြင်ဆင်ထားခဲ့တာ အရမ်းဆိုးလွန်းတဲ့ သူ့ရဲ့မောင်ဆီကိုသွားဖို့။ အခုတော့ မြူတို့ပြန်လာနေသည်နှင့် ဘကြီးကို နားလည်အောင် ရှင်းပြနေရင်း ညနေတောင်စောင်းသွားခဲ့ပါပြီး။ ဒီလိုပုံမျိုးဆို ကိုကောက်စိန်က အခု ကောက်နေလောက်ပြီးလို့ နေရောင်နွေးထင်သည်။

"ဘကြီး ခွင့်ပြုပါအုံး..သားရေချိုးတော့မယ်နော်...စကားကောင်းနေတာနှင့် ညနေတောင် ရောက်သွားပြီး..''

ဘကြီးကို နှုတ်ဆက်ပြီး နေရောင်နွေး မြန်မြန်ဘဲ အပေါ်ထပ်တက်လာခဲ့ကာ ကိုကောက်စိန်ကို ဖုန်းဆက်လိုက်သည်။

တစ်ဖက်မှာက ဖုန်းဝင်နေပေမဲ့ မကိုင်တဲ့ လူတစ်ယောက်က နှုတ်ခမ်းတွေကို စူထော်ထားပြီး စိတ်ဆိုးနေသည်။

"လူကို ပစ်ထားတယ်..ပြီးရင် လာတွေ့မယ်လို့ပြောပြီး မလာခဲ့ဘူး..ကတိမတည်ဘူး..မကိုင်ဘူးဗျာ..''

သွေးနောင်မိုက် တစ်ယောက်တည်း ဖုန်းခေါ်လ်ဝင်နေတဲ့ ဖုန်းကို ကြည့်ပြီး ပြောနေသည်။

"ဒီမှာ လွမ်းလို့သေတော့မှာကို..အရေးမလုပ်ဘူး..ဟုတ်တယ်လေ အကိုကမှ ကျွန်တော့်ကိုမချစ်တာ...''

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Donde viven las historias. Descúbrelo ahora