Part-14

3.2K 108 4
                                    

(Unicode + Zawgyi)

လူတွေ စိတ်ဝင်တစား Flim White ပေါ်မှာသာ အာရုံစိုက်နေပြီး မြူကို သတိမထားမိပေ။ မြူက နေရောင်နွေးကို ဖုန်းပြန်ခေါ်လိုက်ပြီး videoဖိုင်ရော ပုံတွေပါ အကုန်လုံး လွှင့်ပြလိုက်ရန် ပြောလိုက်သည်။ ထိုအခါ Flim white ပေါ်မှာ ပေါ်လာတဲ့ ပုံရိပ်နှင့် Videoဖိုင်တွေကြောင့် ခန်းမထဲက ဧည့်သည်နှင့် သတင်းထောက်တွေကပါ ကင်မရာတွေ ဖြင့်
တစ်ဖြတ်ဖြတ် မှတ်တမ်းတင်နေတော့သည်။
နှင်းနွယ်ဇင်လည်း ရှက်တဲ့စိတ်နှင့်ရော
မောင်က သူမအပေါ် သစ္စာဖောက်လိုက်တာကိုရော ပေါင်းပြီး ယူကြုံးမရ ခံစားနေရသည်။ ထို ဖြစ်ပျက်နေတာကို မြူလည်း
မှတ်တမ်းတင်နေသည်။

ထက်လင်းမှိုင်း ခဏ သန့်စင်ခန်းသွားတော့ပြန်လာ
ရုတ်ချည်း ပြောင်းလဲသွားတဲ့ မဂ်လာပွဲကို
ကြည့်ပြီး ကြောင်အနေတော့သည်။
တစ်ဖက်ကို ကြည့်လိုက်တော့ လူတွေ အံသြနေချိန်မှာ ဝိုင်ကို အပီအပြင် ကျေနပ်သလို
သောက်နေသည့် မြူကို တွေ့လိုက်ရသဖြင့်
ဒီလိုဖြစ်အောင် လုပ်လိုက်တာကိုလည်း
မြူဘဲ ဆိုတာ ထက်လင်းမှိုင်း ရိပ်မိတယ်။
ဒါပေမဲ့ မြူထက် ပိုပြီး စိတ်ဝင်စားတာက
စင်နောက်က Flim White ပေါ်မှာ မင်းအရာသွင်နှင့် နှင်းနွယ်ဇင်တို့ရဲ့ ဓာတ်ပုံအစား
မိန်းကလေး တစ်ယောက်နှင့်အိပ်နေတဲ့
မင်းအရာသွင် ပုံတွေသာ ပေါ်နေတော့သည်။
အိပ်ယာခုတင်တွေကို ထက်လင်းမှိုင်း ကြည့်တော့ သူနှင့်မစိမ်းသက်တဲ့ barက အခန်းတစ်ခုခုမှာ ဖြစ်သည်။
ဒါဆို သူ နေရောင်နွေးကို လိုက်ပို့တဲ့ ညက ဖြစ်မှာ သေချာနေပြီး ဖြစ်သည်။
မင်းအရာသွင်နှင့် ခုတင်ပေါ်မှာ ရှိနေတဲ့ မိန်းကလေးကရော ဘယ်သူလဲ။
မင်းအရာသွင်လို Straight က မြူနှင့်
ဘယ်လို အိပ်သွားနိုင်မှာလဲ။
မြူနှင့် မဖြစ်နိုင်ဘူးဆိုတာ ထက်လင်းမှိုင်း
တထစ်ချ ယုံကြည်နေမိ၏။
ပြီးတော့ မြူ ပျော်တာက အံ့သြရမည့် အကြောင်းမဟုတ်ဘူးဆိုတာ ထက်လင်းမှိုင်း
သိသည်။ မြူက မင်းအရာသွင် အပေါ် အခုထိ စိတ်ရှိနေတုန်းဘဲ ထင်သည်။
ဒီလိုဖြစ်သွားတော့ မြူ ကျေနပ်ပြီး
ပျော်နေတာကိုလည်း အပြစ်ပြောလို့မရပေ။

နှင်းနွယ်ဇင် မျက်နှာမထားတတ်အောင်
အရှက်ရနေပြီး ဖြစ်သဖြင့် ထိုခန်းမကနေ အဝေးဆုံးရောက်အောင် ပြေးထွက်သွားသည်။ သူမ အများကြီး ငိုလိုက်ချင်သည်။
သူမ မောင်ကို ယုံကြည်ပြီး လူငယ်သဘာဝအရ လွတ်လပ်ခွင့်ပေးထားတာကို မောင်က
သူမအပေါ် သစ္စာဖောက်မည့်လုပ်ရပ်ကို ပေးလုပ်ခိုင်းတာမဟုတ်။
အခု မောင်ကို အဆုံးထိ ယုံကြည့်မိတော့
သူမရဲ့ နှလုံးမှာသာ ကြေကွဲ နေရပြီး ဖြစ်သည်။
သူမ လူအများရဲ့ ပုတ်ချပြောဆိုမယ့် အပြောတွေကို ရပ်နား ထောင်နေရမည့်အစား ထိုနေရာကနေ
အဝေးဆုံး ရောက်အောင် ပြေးထွက်လိုက်တာကဘဲ ပိုကောင်းတယ်ဟု နှင်းနွယ်ဇင် ထင်မိသည်။
မဂ်လာဝတ်စုံကို မပြီး လူပုံအလယ်ကနေ အဝေးဆုံးရောက်အောင် ပြေးထွက်သွားသည်။

အမုန်းနှင့်နှောသောချစ်ခြင်းတစ်ခု[Completed][BL]Donde viven las historias. Descúbrelo ahora