Episode 1

3.7K 47 3
                                    

   ကျောင်းဝင်းထဲသို့ ကားအနက်တစ်စီး ကွေ့ဝင်လာရင်း ပါကင်ထိုးလိုက်တာ ကွက်တိ

  ထို့နောက် ကားပေါ်ဆင်းလာသည့် အနက်ရောင် ကတ္တီပါးနဲ့ ခြေသည်းအနီရောင်ဆိုးထားသည့် ခြေတံတစ်စုံ

  "ဆူး ရောက်ပြီးလား"
မျက်ဝန်းသေတစုံနဲ့ ခေါင်းတချက် ဆတ်ပြကာ သူမတို့ဆီ လှမ်းလာသည့် ဆူးမာယာဆိုသည့် ထိုမိန်းကလေးဟာ ဘယ်တော့မှ အပြုံးအရယ်မရှိ

     နက်မှောင်သောဆံကေသာကို ပုခုံးအထိ ဖြောင့်ဆင်းကာ ဆံမြိတ်အောက်က မျက်ဝန်းအနီတစုံ

          ဖြူဖွေးသော အသားအရည်နဲ့ ကျစ်လစ်သော ခန္ဓာကိုယ်နဲ့အတူ မြန်မာဝတ်စုံအနက်ရောင်ကလဲ သူမအသားအရည်ကို ပို ထင်းစေသည်

"ဘာစားပီးပီးလဲ ဆူး"
" ထုံးစံအတိုင်းပဲ"
"Green tea တမျိုးထဲလား"
"အင်း"
" ဒါဆို တခုခု စားရအောင်လေ လာ "
   လဲ့ယုယ က ဆူးရဲ့ တဦးတည်း ငယ်သူင ယ်ချင်း

     ဝင်းဝါသော အသားအရည်နဲ့အတူ ခါးထိ ရှည်သော ဆံပင်လေးက လှိုင်းကောက်ကလေးနဲ့ သူမသည် ဆူးနဲ့သာ ပြုံးတတ်ကာ သူစိမ်းတွေနဲ့ဆို မတူမတန်သလို ကြည့်တတ်သည်

" မောင်လေး ဒီဝိုင်းကို ထမင်းပေါင်းနှပွဲရယ် ကိုလာတဗူး ဆူး နင် ဘာသောက်မလဲ"
" ကိုလာပဲ"
"အင်း အ့ဆို ကိုလာနှဗူးနော်"
"ဟုတ်"

  စားပွဲထိုးကောင်လေးမှာ ထို မိန်းကလေးနှဦးကို ကြည့်ရင်း စိတ်ထဲကနေ " လှချက်က စက်စက်ယိုပါလား" တွေးမိသည်

" ငါတို့ ကျောင်းပီးတော့မယ် နင်ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ ဆူး"
" မစဉ်းစားရသေးဘူး အဝေးကြီးလိုသေးတယ်"
" ငါတော့ နိုင်ငံခြားအရင်သွားပီး လက်ဝတ်ရတနာဒီဇိုင်းကို upgrade ထပ်မြင့်လိုက်မယ် ပီးတော့ ဒီကို ပြန်လာပီး ကိုယ်ပိုင် ဒီဇိုင်းနဲ့ ဆိုင်ထပ်ဖွင့်မယ်"

    ဆူးက လဲ့တို့လောက် မချမ်းသာပေမဲ့ အဆင့်အတန်းမြင့် မိသားစုထဲကပင် လဲ့တို့ကတော့ အချမ်းသာဆုံး နံပါတ်၂ စာရင်း ဝင်လေသည်

     ထိုစဉ် ဆူး မျက်ဝန်းထောင့်ဘက်မှာ အရိပ်တခုတွေ့မိလိုက်ကာ လှမ်းကြည့်မိသည်

   သူမထက် ဖြူသော အသားအရည်နဲ့ တီရှပ်လက်ရှည် ကွာတာ ဘောင်းဘီရှည်နဲ့အတူ စက်ဝိုင်းပုံ မျက်မှန် လေးနဲ့ ထိုအနှီအမျိုးသားအား ဘေးနားက သုံးယောက် ဝိုင်းကာ အနိုင်ကျင့်ဟန်နဲ့ ပုခုံးကို နှိမ့်ကိုင်ကာ တစုံတခု ကပ်ပြောနေသည်

    ထိုကောင်လေးမှာ ကြောက်နေသည်ထင် ခေါင်းကို ငုံ့ထားကာ မျက်ဝန်းတွေကို စာအုပ်ပေါ် ထားထားသည်

     ထိုချိန် ဘေးတယောက်က ရေနွေးခွက်ယူပီး စာအုပ်ပေါ် လောင်းချရန် ဟန်ပြင်နေချိန်
" ၃ ယောက်ပေါင်းပြီး တယောက်ကို အနိုင်ကျင့်နေတာလား ကလေးကလားနဲ့"
"ဟင်"
"ဟယ်"
" ဆူး"
" မျက်စိထဲ cross ဖစ်နေလို့ အခြားနေရာ သွားပါလား"
" ဆူး အနှောက်အယှက်ဖစ်သွားလား ဆောရီးပါ ဆူးရယ် ကိုယ်တို့ သွားတော့မယ်နော် ဟျောင့် မှတ်ထားနော် ငါပြောတာတွေကို နောက်ဆို မင်းမလွယ်ဘူး"

      ထိုကောင်လေးက သူမကို မော့ကြည့်ပီး မျက်နှာတဖက်လွှဲသွားသည် ထို့နောက် ငါးထောင်တန်တရွက်ထုတ်ကာ စားပွဲပေါ်တင်ပီး ထွက်သွားလေသည်

"ထူးထူးဆန်းဆန်း ပါ လား ဆူး "
" ကြည့်ရတာ အဆင်မပြေလို့"
" နင်ဘယ်တုန်းက ဝင်ပါဖူးလို့လဲ"
"တော်ပါဟာ လာ အတန်းတက်မယ်"

      ဆူးနဲ့ လဲ့တို့က နိုင်ငံခြားဘာသာစကားအတန်းက ဖစ်သည် ကျောင်းက ကွင်းထက် လှသော သူမတို့သည် ဘယ်တော့မှ ကွင်းအရွေးမခံသော်လဲ ကွင်းတွေထက် သတင်းပိုကြီးလေသည်

        အတန်းထဲ ဝင်ချိန် ထို အရိပ်ကလေးကို ထပ်တွေ့လေသည် ခါတိုင်းသတိမထားမိဘဲ ထူးထူးဆန်းဆန်း ဒီနေ့မှ တွေ့မိသည်
သူမအတန်းထဲ ဝင်ထိုင်ရင်း စိတ်ထဲက
"မဆိုးပါဘူး"

၃+၄Where stories live. Discover now