Episode 10

794 24 2
                                    

   ဦးဝေဒ တယောက် ဘားထဲ ဝင်လာသည့် မိန်းမချောလေးက သူ့ဆီ တိုက်ရိုက်လာတော့ အံ့ဩသွားရသည်

    ထိုကောင်မလေးက သူအား မျက်ဝန်းသေနဲ့
"ဦးဝေဒဟုတ်ပါသလားရှင့်"
"ဟုတ်ပါတယ်"

"ဟုတ် ကျွန်မက sky company က ဝန်ထမ်း ဆူးမာယာပါ ဒီက လူကြီးမင်းနဲ့ စာချုပ်ချုပ်ဖို့ လာခဲ့တာပါ"

   ပိုက်ဆံအိတ်ထဲက ဝန်ထမ်းကဒ်ကို ထုတ်ပြကာ အေးစက်စက်စကားလုံးတွေကြောင့် ဦးဝေဒတယောက် ရှိန်ကာ ကြိတ်သဘောကျသွားလေသည်

   ဒီကောင်မလေးနဲ့ မအိပ်ရရင် လူဖြစ်ကျိုးမနပ်တော့ပီး ဦးဝေဒ တယောက် အဖျော်ဆရာဘက်ကို အဓိပ္ပါယ်ပါသည့် အကြည့်တချက်နဲ့ ကြည့်လိုက်လေသည်

    ပြီးနောက်
"အော် ဒီက ညီမလေး ဘာသောက်အုန်းမလဲ "

    ဆူးက သူမကို ပြီတီတီမျက်နှာနဲ့ မေးလာသော ထိုလူကြီးအား ဆွဲထိုးချင်သည့် စိတ်ကို မနည်းထိန်းလိုက်ရသည်

"ရပါတယ် ကျွန်မက စာချုပ်ချုပ်ဖို့လာတာပါ လာသောက်ဖို့ မဟုတ်ပါဘူး"
"ဟော ညီမလေးကလဲ ကိုယ်တို့က သောက်ရင်းပြောမှ ပိုအားရတာကွ"
"ရပါတယ် ကျွန်မ.."
"မသောက်ရင် စာချုပ်ချုပ်ဖို့ စိတ်မပါလောက်ဘူး"

   ဆူးတယောက် စာချုပ်ကိစ္စကိုသာ မြန်မြန်ပြီးစေချင်တာမို့
"ကော့တေးပဲပေးပါ"
"ညီလေးရေ ကော့တေးနှခွက်ပေး"
အဖျော်ဆရာလဲ သဘောပေါက်ကာ သူမသောက်မည့် ခွက်ထဲကို မသိမသာလေး ဆေးခပ်ထည့်ပေးလိုက်သည်

"ရပါပီး"
"သောက်ရင်း ပြောကြတာပေါ့"
ဆူးက စိတ်မရှည်စွာ တဝက်ကောက်မော့လိုက်သည် ထို့နောက် စာချုပ်ကိစ္စကို ရှင်းပြလိုက်သည်

    မိနစ် ၂၀ လောက်ကြာတော့ ဆူးတယောက် ရင်တွေ ပူလာတော့သည် ရေဆာသလိုလို တခုခုခံစားရကာ ဇောချွေးတွေပါ ပြန်လာလေသည်

   ထိုအဖြစ်ကို ဦးဝေဒကို ပြုံးကြည့်ရင်း
"ဟော ညီမလေး နေမကောင်းဘူးလား"

   ဆူးတယောက် သူမပုခုံးကို လာကိုင်လာသည့် ထိုလက်ကို ပုတ်ထုတ်ကာ စူးစူးရဲရဲ ကြည့်လိုက်သည်

    ထိုအခါ ဦးဝေဒက စူးရဲနေသော မျက်ဝန်းနီကို သဘောကျကာ ကာမစိတ်တွေ ပိုပြင်းလာလေသည်

   ပီးနောက် သူမပေါင်ပေါ်လက်တင်လိုက်ပီး "အဆင်မပြေရင် တနေရာသွားမလား ကိုယ်လိုက်ပို့မယ်လေ"

"ရတယ် မလိုဘူး စာချုပ်ကိစ္စပဲ ဆက်ပြောမယ်"
"အော် ညီမလေးက အခြေအနေမှ မကောင်းတာ နောက်မှပြောပါ"

    ဆူးတယောက် ပေါင်ပေါ်တင်ထားသည့် ထိုနှာဘူးဘဲရဲ့ လက်ကို ဖယ်ချပေမဲ့ ခနခန လာကိုင်နေသောကြောင့် ဒေါသထွက်သွားသည်

   ထိုအချိန်တွင် သူမနံဘေးမှာ တယောက်ယောက် လာရပ်နေသလို ရနေကျ ရေမွှေးအနံ့လေးကြောင့် ဘေးကို မော့ကြည့်မိသွားသည်
.....
      မဟာတယောက် ဆူးကိုစိတ်မချသည့်အတွက် ဘားရဲ့ထောင့်ကျသောနေရာတွင် ထိုင်ကာ စောင့်ကြည့်နေလေသည်

    စိုးရိမ်နေသည့်အတိုင်းပင် ဆူးတယောက် တခုခု ခံစားနေရပုံပေါ်နေသဖြင့် သူထိုင်နေသည့် ခုံကနေ ထလာကာ သူမတို့ဆီ လျှောက်လာလေသည်

ထို့အတူ သူမပေါင်ပေါ်တင်ထားသည့် ထိုဘဲလက်ကို တွေ့သောအခါ ဒေါသက ဒပလယ် ထွက်သွားလေသည်

"အော် ဦးဝေဒကြီးပါလား "
ဦးဝေဒကြီးမျက်နှာ ပျက်သွားသည်ကို စိမ်ပြေနပြေ ကြည့်နေလိုက်သည်

"ဒီဘက်က ကျွန်တော်တို့ ရုံးက ဝန်ထမ်းအသစ်ပါလား ဦးဝေဒသိတဲ့အတိုင်းပဲ အသစ်ဆိုတော့ ဘာမှ သိပ်သိသေးတာ မဟုတ်ဘူးလေ အဆင်မပြေတာရှိရင် ကျွန်တော်တို့ဘက်ကပဲ တောင်းပန်ပါတယ်ဗျာ"
"ရပါတယ် မောင်ရင် ဒါနဲ့ ဘယ်ကို လာတာလဲ"

"ဝန်ထမ်းလာခေါ်တာဗျ သူ့အိမ်က ရုံးကိူ ဖုန်းဆက်တော့ စိုးရိမ်သွားတာပဲဗျာ"

   ဦးဝေဒ မျက်နှာကြီး မည်းမှောင်သွားသည် ထို့နောက် ညစ်ကျယ်ကျယ်ပြုံးကာ

"အော် ဘယ်လိုလုပ်မလဲ အကိုဘက်ကလဲ ဒီကော့တေးမကုန်မချင်း စာချုပ်မချုပ်ပေးဘူး စတာကို သူက အတည်မှတ်ပီး သောက်လိုက်တယ် အားနာစရာဗျာ"

   မဟာက ခုံပေါ်က ကော့တေးခွက်ကို ကြည့်လိုက်သည် တဝက်တောင် ကျန်သေးတာပဲ သူမ alcohol မသောက်နိုင်ဘူးလား မဟာ ထိုကျန်တဲ့ ကော့တေးကို ကောက်မော့လိုက်ကာ
"ကျွန်တော်ကပဲ သောက်လိုက်ပါမယ်ဗျာ"

  ဦးဝေဒတယောက် ပျက်နေသည့်မျက်နှာကိုပင် မထိန်းနိုင်တော့ ဆူးပေးထားသည့် စာချုပ်ကို ဆောင့်အောင့်ပြီး လက်မှတ်ထိုးပေးလိုက်ကာ
"ကျွန်တော်ကို ခွင့်ပြုပါအုန်း"
"ကောင်းပါပြီး ခင်ဗျ"

    မဟာတယောက် ဆူးဘက်ကို လှည့်ကြည့်သောအခါ ဆူးမျက်နှာမှာသာမက နားရွက်တွေပါ နီနေကာ အသက်ကို ခပ်မြန်မြန်ရှူနေတာကြောင့် သူစိုးရိမ်သွားလေသည်
"လာ ပြန်မယ်"
သူမကို ဆွဲခေါ်ကာ ကားဆီကို ထွက်သွားလေသည်

၃+၄Where stories live. Discover now