Episode 5

818 28 0
                                    

"သမီး ကျောင်းပီးပီးဆိုတော့ ဒယ်ဒီ လုပ်ငန်းမှာ ဝင်ကူပေးအုန်း"
"ဆူးမှာ ဘာအတွေ့အကြုံမှ မရှိသေးတာ ပြင်ပလုပ်ငန်းကနေ အတွေ့အကြုံယူချင်သေးတယ်"

"ဒယ်ဒီတို့ လုပ်ငန်းကနေလဲ ယူလို့ရတာပဲ သမီးရယ်"
"ဟအင်း ဆူးဘက်က လိုလေသေးမရှိမှ အလုပ်ဝင်ချင်တယ် ဒယ်ဒီ"

ဦးခက်မင်း သက်ပြင်းချကာ သမီးကို လှမ်းကြည့်လိုက်လေသည်

ဆူးမာယာဆိုသည့် သူ့သမီးသည် သူ့လိုပင် ခေါင်းမာသည် တိကျသည်

ဘယ်တော့မှ တင်စီးမခံ စကားလဲနည်းကာ ပြောပြီးဆိုလဲ ချက်ကျလက်ကျ မိတဆိုးကလေးမို့ သူမကိုပဲ အချစ်ပိုနေရသည်

သူမကလဲ ကိုယ့်အရည်အချင်းကို အမြဲသွေးနေတတ်သည်

"ဒယ်ဒီ ဆူး အလုပ်လုပ်တုန်း ဖွားနဲ့နေချင်တယ်"
"ဘာလို့လဲ အိမ်မှာပဲနေပေါ့ "

"ဟအင်း ဖွားကို အဖော်ပြုပေးရမှာလေ ဖွားတယောက်ထဲမို့လို့ "

"ဒယ်ဒီကျတော့ရော"
"ဒယ်ဒီက ကျန်းမာသေးတယ်လေ "

သူဘယ်လိုလိုပြောပြော သူ့သမီးက ဖြစ်ချင်တဲ့အတိုင်းသာ လုပ်တတ်သွားတာမို့

"ကောင်းပြီး ဒါဆို သမီးကို အချိန် ၃ နှစ်ပေးမယ် ပီးရင် ဒယ်ဒီလုပ်ငန်းမှာ ဝင်လုပ်ပေး"

"၅ နှစ်ပေး ဒယ်ဒီ"
"တော်ပီး ၃ နှစ်ပဲ ရမယ်"
"ဒယ်ဒီသဘော"

အခန်းပြင်ထွက်သွားသည့် သမီးကို ကြည့်ရင်း သူ နောက်ထပ်သက်ပြင်းထပ်ချမိသည် ဒီကလေးလေးက သူ့ဖွားကိုတော့ တော်တော်ချစ်သား
.....
"ဒါဆို နင် ၃ နှစ်ပဲ အလုပ်လုပ်မှာပေါ့"
"အခြေအနေအရပေါ့ဟာ ငါမသိသေးဘူး"

"နောက်ကိစ္စနောက်ရှင်းပေါ့ဟာ အင်တာဗျူးမအောင်ရင် ငါ့ဆီ လာလုပ်လေ လခ ပိုပေးမယ် ဘယ့်နှယ်လဲ"

"တော်စမ်းပါဟာ မရတော့လဲ နောက်တနေရာပေါ့"
"အမယ် ငါ့ဆီမှာ မလုပ်ဘူးဆိုတဲ့သဘောပေါ့"

"နင်နဲ့ငါ career မှ မတူတာဟာ "
"အေပါ အေပါ "

ဘေးနားက စကားဝိုင်းတွေကို တိမ်မဟာ နားထောင်ဖို့မရည်ရွယ်လဲ ကြားနေရသည်

တိုက်တိုက်ဆိုင်ဆိုင် သူမတို့နဲ့ ထိုင်တဲ့ခုံနဲ့ နောက်ခုံမှာနေရာယူထားတဲ့အတွက် သူမနဲ့ သူက ၃ နဲ့ ၄ လို ကျောကပ်ရက်အနေအထားမှာရှိနေသည်

ထိုစဉ် သူဖုန်းမြည်လာကာ ကောက်ကိုင်လိုက်လေသည်
"ဟဲလို"

ဟင် !
ဆူးမာယာ ကိုယ် တောင့်ခနဲ့ ဖြစ်သွားသည် ထိုအသံနဲ့ ပြိုင်တူ သူမ မေ့မရခဲ့သော စမ်းချောင်းနံ့ ရေမွှေးလေး

"အေ ငါလာခဲ့မယ်"
ထထွက်သွားသော ထိုလူဆီကို သူမ ကမန်းကတန်းလှည့်ကြည့်မိသည်

မျက်မှန်အနက် တပ်ထားသောကြောင့် မျက်ဝန်းတွေကို သတိမထားမိသော်လည်း 6 ပေကျော် မြင့်မားလှသော ခန္ဓာကိုယ်က သူမကို ဇဝေဇဝါး ဖြစ်စေသည်

သူမ ငေးကြည့်မိရင်း
"အသိတွေလား ဆူး"
"မဟုတ်ဘူး မြင်ဖူးသလားလို့"

"အင် အရပ်ကတော့ ရှယ်ပဲ ဝတ်ထားတဲ့ ပုံနဲ့ gentlemen ဆန်တယ်ဟ"

သူမ ဒီဘက်ပြန်လှည့်ကာ ဘာမပြန်ပြောမိတော့ သူမ နာကျင်နေခဲ့သော ထို လူသားများလား
....
ဒီနေ့ နည်းနည်းတိုသွားလို့ ဘီယားနဲ 🥹

၃+၄Where stories live. Discover now