"ခွပ်"
"ခွပ်"
"ဟျောင့် တော်တော့"သူ သတိပြန်ကပ်ကာ ကြည့်လိုက်သောအခါ ထိုငနဲကာ သတိတောင် လစ်ချင်နေပီး
"မင်း နောက်ခါ ငါကို လာမစမိစေနဲ့ မင့်ကို ကြောက်တဲ့ ငနဲတွေကို သွားဖြဲခြောက်လိုက် စောက်ခြောက်လိုလိုအထာနဲ့ ငါဆီမလာနဲ့"
မိုးဝေနဲ့ အတူ ကလပ်ထဲ ပြန်လိုက်ဝင်ရင်း
"ဟျောင့် မင့်ဘာလို့ ဒေါသထွက်နေတာလဲ"
"မထွက်ပါဘူးကွာ""ဒါ မင့်ပုံစံမှ မဟုတ်တာကွ "
"မဟုတ်ဘူးဆိုနေ ""အေပါကွာ သောက်အုန်းမလား"
"အင် နည်းနည်း"Club နဲ့ ထောင့်ကျကျ နေရာတခုမှာ တိမ်မဟာ ဘီယာသောက်နေရင်း မျက်စိတွေက တစုံတယာက်ကို ရှာဖွေနေမိသည်
သူမတို့ ပြန်သွားပီးလား မတွေ့ဘူးဆိုကတည်းက ပြန်သွားလောက်ပီး ထင်ပါရဲ့
"ဟျောင့် ကကြရအောင် "
"မင့်တိုပဲ သွား ငါခနနေ ပြန်တော့မလို့""လာပါကွာ"
" သွားပါကွာ ငါ ဒီနေ့ စိတ်မပါလို့""အေ ဒါဆို နောက်မှ တွေ့မယ်"
မိုးဝေ တို့ ထွက်သွားတာကို ကြည့်ရင်း သူ နာရီတချက် ကြည့်လိုက်သည်ကိုးခွဲတောင် ရှိနေပီးပဲ အိမ်ပြန်ပီး အေးဆေးနားတာ ကောင်းမယ် သူအပြင်ထွက်ခါနီး ရှေ့သို့လှမ်းကြည့်သောအခါ မနီးမဝေးလောက်မှာ ဆူးဆိုသည့် မိန်းကလေးကို တွေ့မိလေသည်
အနက်ရောင် ကိုယ်ကျပ်ဂါဝန်လေးနဲ့ ရင်ဘတ်ရှေ့တွေ အနည်းငယ်ဟိုက်နေသောအခါ ညှပ်ရိုးနဲ့အတူ ဖြူဝင်းနေသောအသားအရည်နဲ့ သွေးကြောစိမ်းလေးတွေပင် တွေ့နေရသည်
ပေါင်လယ်လောက်တိုသော ဂါဝန်လေးက သူမ ပေါင်သားအလှတွေအား ပိုပီးပေါ်စေသည်
သူမသူငယ်ချင်းကမူ အစိမ်းရောင် top ကလေးနဲ့အတူ ပေါင်လယ်ကိုယ်ကျပ်စကပ်နဲ့ တိမ်မဟာ တချက် ပြုံးမိကာ သူမရှေ့သို့လျှောက်သွားလေသည်
....
ဆူးမာယာအိမ်ပြန်ချင်ပေမဲ့ လဲ့က ခနကပေးပါဆိုလို့ လိုက်ကပေးနေသည်ကိုယ်လစ်မစ်ကို ကိုယ်သိပေမဲ့ ပါလာတဲ့ လဲ့ ဘော်ဒါက နည်းနည်းထပ်သောက်ပါဆိုလို့ သူမခမျာ စကားမများချင်ကာ သောက်မိသောကြောင့် လစ်မစ်ပိစိလေးကျော်ကာ လူက ရီဝေဝေ မူးနေသည်
"တွဲကလို့ရမလား"
စမ်းချောင်းရေလို အေးချမ်းသည့် အနံ့နဲ့အတူ ဩရှရှ အသံကြောင့် ဆူးမော့ကြည့်မိသည်အားပါးပါး ဖြူလိုက်တဲ့ အသားအရည် ထို့ပြင် မျက်ဝန်းအပြာတစုံ ဒီမျက်ဝန်း ငါမြင်ဖူးနေပါတယ်
သူမ သူကို ငေးကြည့်မိစဉ် တိမ်မဟာက တချက်ပြုံးပြကာ
"ရမယ်ထင်တယ်"သူမ ခါးလေးကို လှမ်းကိုင်ပီး ရှေ့သို့ ဆွဲလိုက်သောအခါ ဆူးတယောက် အံ့ဩကာသူရှေ့သို့ ပါလာသည်
ထိုသူက သူမအား ငုံ့ကြည့်ကာ
"မင်း တော်တော်လှတာပဲ"
သူမ မျက်နှာ ရဲရဲနီသွားသောကြောင့် သူတချက်ရယ်မိသွားသည်ဆူးတယောက် အံ့ဩနေစဉ် သူမခါးကို ပိုင်စိုးပိုင်နင်းကိုင်ပီး သူမကို လာခနဲ့နေသည်ဟု ထင်မိကာ ဒေါသထွက်မိသွားသည်
ပါးရိုက်ဖို့ လက်မြှောက်လိုက်စဉ် တိမ်မဟာက လက်ကို ဖမ်းဆွဲလိုက်လေသည်
"လွှတ်စမ်း နင်"
"အဟွန့် တော်တော်စွာပါလား""ဘာ "
"ကိုယ်ကလဲ စွာမှ ကြိုက်တယ်""ဘာ နင် အွန့်"
သူမ နှုခမ်းအား ငုံနမ်းကာ ဆွဲစုပ်လိုက်သော ထိုသူကြောင့် ဆူးက မျက်လုံးပြူးရင်း ထိုသူရင်ဘတ်အား ထုကာအတင်းတွန်းထုတ်နေမိသည်တိမ်မဟာက သူမလက်နှဖက်ကို စုကိုင်ကာ အနမ်းဆက်ပေးနေမိသည် ရုန်းရင်းနဲ့ ငြိမ်သွားသည့် သူမကြောင့် မဟာ မျက်လုံးဖွင့်ကာ သူမနှုတ်ခမ်းဆီမှ အနမ်းခွါရင်း ငုံကြည့်မိသည် သူမ ငိုနေတာပါလား
"Sorry ကိုယ်"
ဖြန်း!!
တိမ်မဟာပါး လည်ထွက်သွား သည် ဆူးခမျာ ဒေါသထွက်ကာ အသားတွေပါ တုန်သည်အထိ"ရှင် ကျွန်မကို ဘာအောက်မေ့နေလဲ"
တိမ်မဟာ ပါးစောင်ကို လျှာဖြင့်ထိုးကာ သူမကို ငုံ့ကြည့်လိုက်သည်"ကိုယ်တို့ တနေ့ ထပ်တွေ့ကြတာပေါ့ ဆူးမာယာ"
"ဟင်"
ဆူးအံ့ဩသွားသည် သူက သူမကို သိနေပါလား ဆူးလှည့်ကြည့်သောအခါ သူက သူမအား ကျောခိုင်းရင်း တာ့တာပြသွားလေပြီး