Episode 15

940 23 0
                                    

"မမယ်ယာ ခနလောက် ဆူး ပြောစရာရှိလို့ပါ"
ရုံးတွင်း နေ့လည် ထမင်းစားချိန်တွင် ဆူးက မယ်ယာကို ဒီအကြောင်း ရှင်းသင့်ဟု ထင်ကာ မေးလိုက်လေသည်

မယ်ယာ ထမင်းစားပြီး ခနနားချိန်မှာ ဆူးမာယာက သူမကိုပြောစရာရှိသည်ဟု လာခေါ်သောကြောင့် စာချုပ်ကိစ္စ တွေးမိသွားကာ မျက်နှာပျက်သွားလေသည်

"အင်အင် ပြောလေ ဆူးရဲ့"
သူမကို မကြည့်ပဲ မျက်လုံးဂဏာမငြိမ်ကာ ပြန်ဖြေနေတဲ့ မယ်ယာကြောင့် ဆူး သံသယတွေ ဖြစ်လာရပြီး

"နှယောက်ထဲ ပြောချင်လို့ ဆူးနဲ့ ခနလိုက်ခဲ့ပါ"
"ဟို ဒီမှာပဲပြော.."
မယ်ယာပြောရင်း ဆူးကို ကြည့်မိတော့ သူမကို မျက်နှာတည်ကာ မျက်ဝန်းသေတွေနဲ့ ကြည့်နေသော ဆူးကြောင့် စကားကို ဆုံးအောင်ပင် မပြောနိုင်တော့ပါ

"အင်သွား..သွားလေ.. ကျွန်မနောက်..နောက်ကလိုက်ခဲ့မယ်"
ရင်တွေတုန်ကာ မယ်ယာစကားတွေပင် မပီတော့ပါ

ဆူးက ဦးဆောင်ကာ ရှေ့သို့လျှောက်သွားလေကြောင့် မယ်ယာ သူမနောက်ကနေ ခပ်ရို့ရို့ လိုက်သွားရသည်

ဆူး မယ်ယာကို ခေါ်ကာ ရုံးရဲ့ ခေါင်မိုးထပ်သို့ တက်သွားလေသည် သူမတို့နှယောက် ခေါင်မိုးထပ်ပေါ် ရပ်မိနေကြသည်

ဆူး မြင်နေရသော မြို့ပြမြင်ကွင်းတွေကို ကြည့်ရင်း မယ်ယာကို မေးခွန်းထုတ်လိုက်လေသည်
"ဟိုအပတ် သောကြာနေ့က ညီမဆီကို လွှဲပေးတဲ့ customer အကြောင်းကို အမ သိပြီးသားလား"

မယ်ယာ အလန့်တကြား သူမကို ကြည့်မိလေသည် နက်မှောင်သော ဆံပင်တွေကို ဒီတိုင်းချထားသောကြောင့် ဆံနွယ်လေးတွေက လေတွင် လွင့်နေလေသည်

အသားရောင် boy shirt လက်တိုနဲ့ဆင်တူ အသားရောင် စကပ်က ခန္ဓာကိုယ်တွင် ချပ်ရပ်ပြီး ခြေမျက်စိထိ ရှည်​နေကာ ဖြူဝင်းသော အသားအရည်ကြောင့် ကြည့်ကောင်းနေသည်

ဘေးတစောင်းမျက်နှာကြောင့် ချွန်သော နှာတံအောက်တွင် နှုတ်ခမ်းအိအိလေးတွေက အလိုမကျမှန်းသိသာစွာ တင်းတင်းစေ့ထားသည်

"ဟိုလေ အမက ညီမလေး အတွေ့အကြုံရအောင် တွေ့ခိုင်းတာပါ"
သူမ အဖြေကြောင့် ထိုမိန်းကလေးက မျက်ခုံးတွေ တွန့်ချိုးကာ သူမဘက်လှည့်လာလေသည်

"ဆူးမေးတာပဲ ဖြေပါ အမ သိခဲ့လား မသိခဲ့ဘူးလား"
"သိခဲ့ပါတယ်"
"ဘာလို့ ညီမကို customer အကြောင်း အသိမပေးတာလဲ အထူးသဖြင့် သူ ယုတ်မာတတ်တဲ့အကြောင်းကို"

မယ်ယာ ဘာမှ ပြန်မဖြေနိုင်ပါ ဆူးက မယ်ယာကို ကြည့်ရင်း
"ရှင့် လုပ်ရပ်က တော်တော်အောက်တန်းကျလွန်းတယ်"
"အမ အဲ့လောက်ထိ မရည်ရွယ်.."

ဆူးဆီ လှမ်းလာသည့် မယ်ယာ လက်ကို ပုတ်ထုတ်ကာ
"ကျွန်မ စေတနာသန့်သန့်နဲ့ ကူခဲ့တာကို ရှင့်ဘက်က စ စည်းဖောက်တဲ့အတွက် ရှင်နဲ့ ကျွန်မ ဒီနေ့ကစပီး တယောက်ပေါ်တယောက်မညှာကြေးပေါ့"

မယ်ယာမျက်လုံးပြူးသွားသည် သူမ မထိတထိ စခဲ့တဲ့ ပြသနာတွေကို ဘာမှ ပြန်မလုပ်ခဲ့သောဆူး

"အဟွန့် အလှည့်ကျ မနွဲ့စတမ်းပေါ့"
ပြောကာ လှည့်ထွက်သွားသည့် ဆူးကို ကြည့်ကာ မယ်ယာ ကြောင်ကြည့်ကာ ကျန်ခဲ့လေသည်
....
မဟာ ခေါင်မိုးထပ် ထောင့်ကျသောနေရာတွင် ဆေးလိပ်သောက်နေရင်း စကားပြောသံ ကြားနေရသောကြောင့် မရည်ရွယ်ပဲ ကြားနေရသည်

ကြားနေပုံထောက်အရ ဆူးမာယာ ထို customer အကြောင်းမသိပဲ သွားရလိုက်ပုံပေါ်ကာ ပြသနာကို ရှင်းနေပုံပေါက်သည်

ထို့နောက် လှည့်ထွက်လာသည့် သူမက တံခါးဆီ လျှောက်လာပုံပေါ်ကာ သူရှိသော နေရာနှင့် နီးကပ်သောကြောင့် သူမ အလာကို စောင့်နေလိုက်သည်

ဆူးတယောက် စိတ်ရှုပ်ရှုပ်နှင့် ရုံးခန်းဆီ ပြန်ဖို့ တံခါးဖွင့်ချိန် သူမလက်ကို ဆွဲခေါ်လာသည့် လက်တစုံကြောင့် ဘုမသိဘမသိ ထိုလက်ဆွဲခေါ်ရာနောက်သို့ ပါသွားလေသည်
.....
ကိုယ့်ကိုလာကျောရင် ငြိမ်မခံနဲ့နော် သဲငယ်တို့ လုပ်လို့ရမှန်းသိရင် ထပ်ခါထပ်ခါ လုပ်ခံထိနေမှာ ကိုယ်အပေါ် လုပ်ခဲ့တဲ့သူတွေကို ဘာမှ အားနာစရာမလိုဘူးနော် ကိုယ်မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ ✨✨

၃+၄Where stories live. Discover now