Episode 16 🛑

1.4K 25 0
                                    

မဟာ ဆူးလက်ကို ဆွဲပြီး နံရံမှာ သူမလက်တွေကို ဖိကပ်ထားလိုက်ကာ ကျန်လက်တဖက်ဖြင့် သူမ နှုတ်ခမ်းတွေကို အုပ်ထားလိုက်သည်

ဆူးခမျာ ကြောင်အစွာ boss လက်ထဲ ထပ်ပါလာပြန်လေသည် မဟာက ကျန်ခဲ့သည့် ဝန်ထမ်းမိန်းခလေးဘက် တချက်ချောင်းကြည့်လိုက်ကာ သူမဆီကို ပြန်ကြည့်လိုက်သည်

မယ်ယာတယောက် စိတ်ဓာတ်ကျစွာပင် ဘေးဝန်းကျင်ကို သတိမထားမိပဲ ရုံးခန်းဆီကို ခြေလှမ်းလေးလေးဖြင့် လျှောက်သွားလေသည်

မယ်ယာထွက်သွားပြီးမှ ဆူးတယောက် သူမနှုတ်ခမ်းကို ပိတ်ထားသည့် boss လက်ကို ကြည့်မိသည် နည်းနည်းလျှောကျပုံပေါ်သည့် ထိုလက်ကို ဒေါသထွက်ထွက်နှင့်ပင် ဖိကိုက်ပေးလိုက်သည်

မဟာတယောက် လက်အကိုက်ခံရသည့်အတွက် နာကျင်သွားရကာ သူမကို လွှတ်ပေးလိုက်ရသည်

အကိုက်ခံရသည့်လက်ကလဲ မလွယ်ခဲ့ပါသွေးများပင် စို့လာသည် မဟာ လက်ကို ခါရင်း သူမကို အံ့ကြိတ်ကာ
"မင်းတော်တော်စွာပါလား"

"ဘယ်သူအရင် လာလုပ်တာလဲ"
"ဟ"
ပြန်ခံပြောနေသည့် သူမကို မဟာ အသဲယားစွာ သူမခါးလေးကို သူ့ဘက်ပါလာအောင် ဆွဲလိုက်လေသည်

"မင်း မလွယ်ဘူးပဲ"
ငုံ့ကျလာသည့် boss မျက်နှာကို ရှောင်ချိန်မရလိုက်ပဲ သူမနှုတ်ခမ်းတွေကို ထိုသူက ထပ်မံသိမ်းသွင်းပြန်လေသည်

ဆူးဒီတခေါက် သူမနှုတ်ခမ်းကို ကျူးကျော်နေသည့် boss ရဲ့ ပါးလွှာသောနှုတ်ခမ်းကို ကိုက်ပေးလိုက်သည်

မဟာ စူးသွားသည့် ဝေဒနာနဲ့အတူ သူ့နှုတ်ခမ်းဆီက ငန်ကျိကျိအရသာကို ခံစားလိုက်ရသောကြောင့်
"မင်း ကိုယ့်ကို စိန်ခေါ်တယ်ပေါ့"
"ဟင်အင်း ရှင်နော် လွှတ် လွှတ်!!"

ထပ်မံငုံ့ကျလာသော ဒီတခေါက်အနမ်းတွေက ကြမ်းတမ်းလွန်းလှသည် ဆူး အသက်ကိုပင် မှန်အောင်မရှူနိုင်တော့ပေ

မဟာ သူမနှုတ်ခမ်းကို နမ်းနေရင်း အကျီလည်ပင်းမှာပါသော ကြယ်သီးသုံးလုံးကို ဖြုတ်လိုက်လေသည် ထိုနောက် ပေါ်လာသော ညှပ်ရိုးနဲ့အတူ စိမ်းစိုသော ရင်ညွန့်သားပေါ်ကို ကိုက်ပေးလိုက်သည်

"အ"
"မင်းကိုယ့်ကို စိန်ခေါ်တဲ့အတွက် ကိုယ့်ပေးတဲ့ ပြစ်ဒဏ်ပဲ"
"ရှင် ရှင်!!"
" ဘာလဲ ထပ်လိုချင်လို့လား"
လက်ညှိုးထိုးကာ သူ့ကို ရန်တွေ့နေသည့် ထိုမိန်းကလေးကြောင့် မဟာ သဘောကျသွားရသည်

သူမကို ရယ်ကျဲကျဲမျက်နှာပေးနဲ့ ကြည့်နေသော boss ကို ဆူး ဒေါသထွက်လာရကာ ညှို့သကျီးကို တချက်ကန်ပေးလိုက်လေသည်

"အ့ မင်း!!"
"ဟွန့်"
မျက်နှာမော့ကာ ထွက်သွားသည့် သူမကို ကြည့်ကာ မဟာ ခြေထောက်ကို ဖိကိုင်ရင်း မျက်နှာရှုံ့မဲ့ကာ ကျန်ခဲ့လေသည်
.....
"တိမ်မဟာရဲ့ ဒီတခေါက် ပရောဂျက်ကို ရအောင်စုံစမ်းစမ်း"
"ဟုတ် ဆရာ"
ထွက်သွားသည့် တပည့်ကို ကြည့်ရင်း အတ္တကျော်တယောက် မြဝတီမြေကိစ္စနဲ့ တိမ်မဟာကို ဘယ်လိုမှ မကျေအေးပေးနိုင်တော့ပေ

ထို့အတူ တိမ်မဟာ ကုမ္ပဏီက ဆူးမာယာဆိုသည့် ဝန်ထမ်းကောင်မလေးကိုလဲ သူအပိုင်လိုချင်လာသည်

"ကိုယ့်မင်းကို ရအောင်ယူမှာ ဆူးမာယာ မင်းဟာ နာမည်နဲ့လိုက်တဲ့ ဆူးအပြည့်နဲ့ မိန်းကလေးပဲ ကိုယ့်ကို တချိန်တိုင်း သတိရစေတယ်"

အတ္တတယောက် ဖုန်းနံပါတ်ကို ကြည့်ကာ အံ့ကြိတ်ပြုံးရင်း ကောက်ဆက်လိုက်သည်
"Hello "
"Hello ကိုကို ခုမှ ဖုန်းဆက်တယ် ကြည့်စမ်း ခေးက သတိရနေတာ"
"အဟွန့်  ယုလေးကို သတိရပါတယ် ကိုယ့်အကူအညီတခု တောင်းချင်လို့"
"ဟွန့်  အကူအညီလိုမှ သတိရတယ်ပေါ့ ပြော ခေး လုပ်ပေးရမှာပေါ့"
"Ok ဒီည တွေ့နေကျ နေရာမှာ တွေ့မယ်"
"Ok bye darling "
"Bye"
အတ္တ ဖုန်းချရင်း အကြံအစည်တွေကို စဉ်းစားရင်း သဘောကျသွားကာ အကျယ်ကြီး အော်ရယ်လိုက်လေသည်
....

၃+၄Where stories live. Discover now