ဆူး နိုးနိုးလာချင်း ဘေးကိုကြည့်လိုက်သောအခါ သူမကို ငေးကြည့်နေသော boss ကို တွေ့လိုက်ရသည့်အတွက် ညက အဖြစ်အပျက်ကို သတိရကာ မျက်နှာကို ဘယ်မှာ ထားရမှန်း မသိတော့ပေ
မဟာလဲ သူ့ကို ကြည့်ရင်း ရှက်သွားသော ထိုမိန်းကလေးအား စိတ်ထဲတွင် ကြိတ်သဘောကျနေလေသည်
"ညက ကိုယ်တို့"
"ဒီ ကိစ္စ ဒီမှာထားရအောင် boss"အယ်
အံ့ဩသွားသော boss မျက်နှာကို ကြည့်ရင်း ဆူး ခေါင်းငုံ့လိုက်သည် ဒီကိစ္စ ပြောလို့ကောင်းတဲ့ ကိစ္စမှ မဟုတ်ပဲ"တောင်းပန်ပါတယ် boss ကျွန်မကို ခွင့်ပြုပါအုန်း"
တံခါးဖွင့်ကာ ဆင်းသွားသည့် သူမကို မဟာ မဆွဲမိလိုက်ပါ သူမပြောတဲ့ စကားကို သူခေါင်းနဲ့ လိုက်မမှီတာလဲ ပါမည်ဒီလိုစကားကို သူမဘက်က အေးဆေးစွာ ပြောထွက်သွားသည့်အတွက် မဟာ အံ့ဩမိသွားကာ ဒေါသလဲထွက်သွားသည်
"မင်းဘက်က ပီးပေမဲ့ ငါဘက်ကတော့ လွယ်လွယ်နဲ့ မပီးပေးနိုင်ဘူး ဆူးမာယာ"
.......
ဆူးအိမ်ပြန်ရောက်တော့ အဖွားက ဆူးကို စစ်မေးလေသည်
"ညက ဘယ်မှာ အိပ်တာလဲ မြေး"
"လဲ့ အိမ်မှာ ဖွား""ညက ညည်းကို ဖုန်းခေါ်လို့မရလို့ စိတ်ပူသွားတာပေါ့"
"နောက်မဖြစ်စေရပါဘူး""မြေးက အရွယ်ရောက်နေပီးဖစ်တဲ့ မိန်းကလေးတဦးပဲ ကိုယ့်က်ုကိုယ် ထိန်းသိမ်းနိုင်ပြီးထင်လို့ ဘွားဘာမပြောတော့ဘူး ဒါပေမဲ့ ညကလိုမျိုး မပြန်ဖစ်တဲ့အကြောင်းတွေကိုတော့ ဖွားကို အသိဖစ်ဖစ် ပေးသင့်တယ်မဟုတ်လား"
"....""အေအေ ဆူတာမဟုတ်ဘူး မြေးကို အကျင့်လေးတခု ထားစေချင်လို့ ကဲကဲ သွားနားချေ"
"ဟုတ်ကဲ့ပါ ဖွား"မလိမ်စဖူး လိမ်လိုက်ရသည်အတွက် ဆူးခမျာ မျက်နှာပူသွားသည် သူမဘဝမှာ တည်ကြည်စွာနေလာပီးမှ ဒီလို အဖြစ်အပျက်တွေက သူမကို လိပ်ပြာမလုံစေပါ
ဆူးအခန်းထဲရောက်သည်နှင့် သက်ပြင်းချမိသွားသည် ဒီနေ့ ရုံးပိတ်ရက်မို့ ညနေကျရင် ဆေးခန်းသွားရအုန်းမည်
emergency pill ကိုသူမ မသောက်ချင်ပါ ကျန်းမာရေးဆောင်းပါးတွေကို ဖတ်ထားဖူးသည့် သူမအတွက် ထိုဆေးက ကျန်းမာရေးအရ
ရော ဟော်မုန်းအတွက်ပါ မကောင်းမှန်း ဆူးသိတာပေါ့