Episode 9

715 23 0
                                    

     ဆူးတယောက် ရုံးတက်နေတာ ၁လတောင် ပြည့်တော့မည်

   ရုံးစတက်နေ့က boss ကို တကြိမ်သာ တွေ့ပြီး နောက်ပိုင်းမတွေ့ဖစ်တော့ မြေကိစ္စနဲ့ အလုပ်ရှုပ်နေသည်ဟု သတင်းကြားနေမိသည်

   ကြားထဲ မယ်ယာရဲ့ ပညာပြမှုတွေက တခုပြီးတခု တွေ့ရသည်

   ကလေးဦးနှောက်နဲ့ သူမကို လာစမ်းနေကာ သူမ တခါမှပင် အထိမနာခဲ့ လုပ်တဲ့သူကပဲ တခုပီးတပီး ပြန်ထိနေသည် ဒီနေ့လဲ စလာပြန်ပီး

"ဆူးရေ ညနေကျ customer တယောက်နဲ့ စာချုပ်ကိစ္စ ကို ဆူးဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မလားဟင် တို့က ချိန်းထားတာ ရှိလို့"

မြေအရောင်းအဝယ် construction ကိစ္စတို့ကိုင်သော သူမတို့ ကုမ္ပဏီက တခါတလေ customer ဘက်က ပို့ပေးသည့် location ဘက်ကို သွားကာ စာချုပ် ချုပ်ပေးရလေသည်

ဆူးတယောက်ပြန်ပြောမည်ကို မယ်ယာတယောက် ချက်ချင်း လက်ကာပြရင်း
" မငြင်းနဲ့နော် တို့ တကယ် အခက်အခဲမို့ပါ"

မျက်နှာငယ်လေးနဲ့ ပြောနေသော မယ်ယာကို ကြည့်ရင်း ဆူးတယောက် စဉ်းစားသွားလေသည်
"ကောင်းပြီး လုပ်ပေးမယ်"

မယ်ယာတယောက် စိတ်ကျေနပ်သွားသည် customer ချောချောလေးတွေဆို သူမ သွားပေးပေမဲ့ ဒီနေ့ ကြားတဲ့သတင်းအရ မုဆိုးဖိုအပြင် နှာဘူးပါ သိနေသောကြောင့် သူမ မသွားရဲဘဲ ဒုက္ခပေးချင်နေတဲ့ ဆူးကို သွားခိုင်းလေသည်

"Location ပို့လိုက်မယ်နော် ကျေးဇူးနော်ဆူး"

"မလိုပါဘူး ကျွန်မက customer မရွေးတတ်ပါဘူး အလုပ်ပီးဖို့ပဲ ဦးစားပေးတတ်လို့ပါ"

ဆူးစကားကြောင့် မယ်ယာတယောက် နင်သွားလေသည် အဲ့သလို ဒဲ့သမား ဆူးပါဆို
.....
"ဟိုကောင် အခြေအနေဘယ်လိုလဲ"

စာချုပ်ကို စားပွဲပေါ် ပစ်တင်ကာ နက်တိုင်ခ်ကို လျှော့နေသည့် မဟာကို လက်ထောက် ကိုဝေယံကကြည့်ရင်း

"အေးအေးဆေးဆေးရှိနေပါတယ် သူ့ဘက်က လှုပ်ရှားမှုမတွေ့ပါဘူး"

"အေးပါ ဆက်စောင့်ကြည့်ထား"
"ဟုတ်ကဲ့ပါ boss"

မဟာ တယောက် ဆူးအကြောင်းမေးရင် ကောင်းမလား စဉ်းစားနေလေသည်

ကိုဝေယံက သူ့ boss ရဲ့ အီလည်လည် မျက်နှာကို ကြည့်ရင်း ကြိတ်ပြုံးမိကာ
"Boss ဒီနေ့ မဆူးမာယာ cus တယောက်နဲ့ စာချုပ်ချုပ်ဖို့ ရှိပါတယ်"

မဟာတယောက် မျက်ခုံးပင့်ကာ စိတ်မဝင်စားဟန်ဖြင့်
"ဟုတ်လား မဆိုးပါဘူး "

ကွန်ပျူတာကို ကြည့်ရင်း စိတ်မဝင်စားသလို ပြုမူနေသော သူ့ boss ကို ကြည့်ရင်း ကိုဝေယံတယောက် အမြင်ကပ်လာလေသည်

"စာချုပ်ချုပ်မဲ့လူက ဦးဝေဒ ပါ"
"ဘာ!!!!!"

ရုတ်တရက်ထရပ်ကာ အော်လိုက်တဲ့ boss ကြောင့် သူပြုံးမိသွားသည် မသိတာမှတ်လို့
သူ့ boss အကြောင်းကို

"ဘယ်ချိန်လဲ ငါ့ကို location ပို့ထား"
ဝေယံတယောက် ချက်ချင်း ဖုန်းထုတ်ကာပို့ပေးလိုက်သည်

"ရပြီး မင်း အလုပ်ဆင်းတော့"

"Boss ရော"
"ငါ အလုပ်လက်စသတ်စရာရှိသေးလို့ ပီးမှပဲ ဆင်းတော့မယ်"

ရုံးဆင်းသွားသည့် ဝေယံနောက်ကျောကို ကြည့်ရင်း မဟာတယောက် စားပွဲကို လက်ခေါက်ကာ စဉ်းစားနေလေသည်

သူမက ဒီနှာဘူးဘဲ အကြောင်း မသိတာနေမည် ထိုဘဲနဲ့ အလုပ်တွဲမလုပ်ချင်သော်လဲ နောက်ကိုင်မည့် စီမံကိန်းမှာ သူလုပ်ပိုင်ခွင့် တထောင့်တနေရာ ပါနေသည့်အတွက်ကြောင့် မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို သည်းခံပတ်သက်နေရသည်

မိန်းကလေးမြင်မနေနိုင်သည့် ထိုဘဲ နဲ့ သူ့ ဆူးကို စိတ်ချလက်ချမလွှတ်ထားနိုင်ပါ

မဟာတယောက် နာရီကြည့်ကာ စောနက သူ့လက်ထောက်ပို့ထားသည့် location ကို ထောက်ကြည့်လိုက်သည်

ထိုနောက် တချက််မဲ့ပြုံးကာ ကားသော့ကိုင်ပီး ထိုနေရာကို ဦးတည်ဖို့ သွားလေတော့သည်
.....
ဆူးတယောက် မယ်ယာ ပို့ထားသည့် location အတိုင်း wolf bar ဆိုသည့် နေရာကို လာခဲ့လေသည်

customer နဲ့တွေ့ရမှာမို့ အနက်ရောင် ကိုယ်ကျပ်ဂါဝန်နဲ့အတူ အနက်ရောင် ကုတ်လက်ရှည်နဲ့ ဝတ်ထားသည်

stocking အနက်ရောင်နဲ့  ဒူးမျက်စိလောက်ရှိသော ဘွတ်ဖိနပ်ကို ဝတ်ထားလေသည်

ဆံပင်ကို ကလစ်နဲ့ ညှပ်ထားကာ ကပိုကယိုလေး ချထားသည် လည်ပင်းတွင် ရိုးရိုးရှင်းရှင်း ပလက်တီနမ် ကြိုးတကွင်းဆွဲကာ နားကပ်ကို နားကွင်းအကြီးကြီး တပ်ထားသည်

bar ထဲဝင်လာသည့် သူမကို ကြည့်မိသော ပုရိသတချို့တွေက မျက်စိမလွှဲနိုင် ဆူးက ဘယ်သူကိုမှ ဂရုမစိုက်စွာ customerဆီကိုပဲ ဦးတည်သွားလေသည်
.......
မဟာ ဒေါ်ဆူးကို စ စိတ်ပူနေပါပီး

၃+၄Where stories live. Discover now