၃ နှစ်ကြာပီးနောက်
....
"ဆူးလေးရေ မြေးလေး ထတော့"
" ဟာ ဖွားကလဲ စောကြီးရှိသေးတယ်""ဟဲ့ ဘယ်နှယ့်စောကြီးရမှာတုန်း နင်ဒီနေ့ အင်တာဗျူးသွားဖြေစရာရှိလို့ ငါ့ကို နှိုးခိုင်းထားတယ်မလား"
"ဟာ သွားပီး ဘယ်နှနာရီ ထိုးပီးလဲ ဖွား"
"၇ ခွဲနေပီး""ဟ ဖွားကို စောစောနှိုးဖို့ ပြောထားတာကို"
"မလေး ညည်းကို နှိုးနေတာ လွန်ခဲ့တဲ့ ၁ နာရီက ညည်းဘာသာ ခနလေး ခနလေးနဲ့"ဆူးတယောက် ကမန်းကတန်း ထကာ အိပ်ရာပင်မသိမ်းနိုင် ဒီနေ့ sky company မှာ HR လျှောက်ဖို့ သူမပြင်ဆင်ထားသည်မဟုတ်ပါလား
ရေမိုးချိုးပြင်ဆင်ပီးနောက် သူမပုံရိပ်ကို မှန်ထဲက ကြည့်မိသည်
ကျောလယ်အောင်ရှိသည့် ထူအုံပြီး နက်မှောင်သည့် ဆံပင်ကို ခပ်မြင့်မြင့် စည်းထားကာ ဆံမြိတ်လေးကို ချထားသည်
နီရဲသော မျက်ဝန်းနှင့်အတူ ကကြီးပုံစံ နှုတ်ခမ်းထက်မှာ lip gloss ပါးပါးလေး တင်ထားသည်
မျက်တောင်က ရှည်ပီး ကော့နေတာမို့ မသိတဲ့သူများက မျက်တောင်တု တပ်ထားသလား မေးရသည့်အထိပင်
လိုင်နာလေးကို နဲနဲချွန်အောက်ဆွဲထားပီး မိတ်ကပ်ပါးပါးလေး ပုတ်ကာ သူမအလှပြင်ခြင်းမှာ ပီးဆုံးလေပြီး
အဖြူရောင် တီရှပ် လက်ရှည်ကို လက်ဝက်လောက်ထိ သပ်သပ်ရပ်ရပ် ခေါက်တင်ထားသည်
ဒူးဖုံးထားသည့် စကပ်အနက်ရောင်ကလေးက သူမနဲ့ကွက်တိ လေဒီရှူးဖိနပ်ကို စီးကာ ကိုယ်လုံးပေါ်မှန်ကို တချက်ကြည့်ရင်း
"I can do it fighting "
.....
"မဆူးမာယာ ဝင်လာလို့ရပါပီးရှင့်"
အသက်ကို ဝဝရှူကာ သူမ အင်တာဗျူးအခန်းထဲကို ဝင်လိုက်လေသည်"ဟင်"
"ဟာာ"
အင်တာဗျူးမေးသည့် လူများ အံ့ဩသည့် အထိ သူမအလှက အဲ့လောက်ထိပင်အထူးသဖြင့် မျက်ဝန်းအနီတစုံ အင်တာဗျူးသူများက စာအုပ်လှမ်းကြည့်ရင်း
"မဆူးမာယာဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ်ရှင့်"အင်တာဗျူးသည့် သူများက တယောက်ကို တယောက်ကြည့်ရင်း အဓိပ္ပါယ်ပါသည့်အကြည့်တွေနဲ့
"Certificate တွေ အများကြီးနော် "
"ဟုတ်ကဲ့"
"ဟုတ်ပါပီး"အင်တာဗျူးဖြေရင်း သူမ စိတ်လှုပ်ရှားနေမိသည်
"ရပါပီး ကျွန်တော်တို့ ပြန်ဆက်သွယ်လိုက်ပါမယ် ကျေးဇူးပါခင်ဗျ"
"ဟုတ်ကဲ့ ကျေးဇူးပါရှင့်"ဆူးတယောက် အင်တာဗျူးအခန်းထဲကနေ ထွက်မှ သက်ပြင်းချမိသည်
ထိုစဉ် ဖုန်းက တုန်ခါလာပြီး ကိုင်လိုက်သောအခါ ဒေါ်ရွှေလဲ့
"Hello "
"ဆူးရေ ငါပြန်ရောက်ပီး""ဟုတ်လား"
" နင်ကလဲ ဝမ်းသာတဲ့ပုံ မပေါ်ပါလား"
"မဟုတ်ပါဘူးဟာ ငါမှာ နင်တယောက်ပဲရှိတာကို မဝမ်းသာစရာလား""အင်ပါ ခု ဘယ်မှာလဲ ငါလာခဲ့မယ်"
"ငါ အခုမှ အင်တာဗျူးဖြေပီးတာ""ဘာ"
"ဟုတ်တယ် ငါတို့ တခုခုသွားစားကြမလား""အေ ငါလဲ မေးစရာအများကြီးရှိသွားပီး ကလပ်သွားကြမယ်လေ"
"တော်ပါ bbq သွားစားမယ်ဟာ"ဆူး ဖုန်းချရင်း ပြုံးလိုက်သည် သူမသည် ထိုအဖြစ်အပျက်ဖြစ်ပီးနောက်ပိုင်း ကလပ်ကို ဘယ်တော့မှ မသွားတော့ပေ
သူမအဖြစ်အပျက်ကို အခန်းတခုကနေ စောင့်ကြည့်နေသော မျက်ဝန်းအပြာတစုံကို သတိမထားမိချေ
....
"ဒေါက် ဒေါက်"
"ဝင်ခဲ့""Boss စုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေပါ"
"အေ ထားခဲ့""ဒီနေ့ အင်တာဗျူး လာဖြေတဲ့ ဆူးမာယာဆိုတဲ့ တယောက် တော်တော်လှတယ်Boss "
တိမ်မဟာ မျက်မှောင်ကြုံကာ လှည့်ကြည့်လိုက်သည်
အင်တာဗျူးခေါင်းဆောင်ဆိုသလို သူ လက်ထောက်ဖစ်သော ကိုဝေယံ လျှာတစ်လစ်ထုတ်ကာ ခေါင်းငုံ့သွားသည်
"ခင်ဗျားနော် နောက် သူများရှေ့မပြောနဲ့ "
"Boss ကိုပဲ ပြောတာ"
"ဟျောင့် တော်တော့"အဟွန့် သူမသိတာမှတ်လို့ တိမ်မဟာ အလုပ်ဝင်ပီးနောက်ပိုင်း ဆူးမဟာဆိုသည့် ထို အနှီမိန်းကလေးအကြောင်းကို စုံစမ်းခိုင်းတာကို
"Boss ဒီနေ့ ဘယ်သွားစရာရှိလဲ"
"မရှိဘူး"
"ဒါဆို ရုံးဆင်းကြမလား"
"အေ သွားစို့"