Sky co.ltd
မြင့်မားလှသော အဆောက်အဦးကြီးကို မော့ကြည့်ရင်း ဆူးတယောက် အသက်ဝဝရှူကာ ဝင်သွားလေသည်သူမသည် ထိုကုမ္ပဏီရဲ့ ဝန်ထမ်းတယောက်ဖြစ်လာနေရပြီးကော
နက်မှောင်သောဆံပင်ကို pony tail စည်းကာ ဆံမြိတ်လေးချထားသည်
အဖြူရောင် ရှပ်အကျီ်လေးကို လက်လယ်လောက်ထိ ခေါက်ထင်ထားကာ ဒူးဖုံစကပ်နဲ့ ချပ်ရပ်နေသည့် သူ့မအလှက ငေးမောလောက်စရာပင်
ရုံးခန်းထိလျှောက်သွားပီး သူမ ထိုင်ရမည့်နေရာကိုရှာဖွေမိသည်
ဟော တွေ့ပါပြီး boss ရုံးခန်းရဲ့ မျက်နှာချင်းဆိုင် အခန်းမှာ . သူမ ထိုင်ရမည့်နေရာဆီ လျှောက်သွားကာဝင်ထိုင်လိုက်လေသည်
ခနကြာတော့ boss လက်ထောက်လို့ ထင်ရသည့် ဝန်ထမ်းအကိုကြီးက သူမဆီ လျှောက်လာလေသည်
"ဟေး ဝန်ထမ်းအသစ်"
"ရှင့်""၁၀ နာရီကျ meeting ရှိတယ် တက်ရမယ်နော်"
"ဟုတ်ကဲ့ "ဝေယံတယောက် boss ခိုင်းသည့်အတိုင်း ဆူးမာယာဆိုသည့် အနှီမိန်းကလေးကို meeting မှာ မိတ်ဆက်ဖို့ အခေါ်ခိုင်းထားသည်ကို ဆောင်ရွက်ပေးလေသည်
ဆူးက ရုံးစစတက်ရတဲ့နေ့မှာ meeting ရှိတယ်ဆိုတော့ စိတ်ဝင်စားသွားသည်
သူမ company meeting တက်ဖူးတော့မည် တွေးတိုင်း စိတ်ကျေနပ်နေသည်
၁၀ နာရီမထိုးခင် ၁၅ မိနစ်လောက် ဝန်ထမ်းတွေ ပြင်ဆင်ပီး meeting ခန်း ထသွားကြမလို လုပ်နေကြတော့ သူမပါ ထရပ်မိကာ လိုက်သွားဖို့ ပြင်သည်
တိမ်မဟာကတော့ မျက်နှာချင်းဆိုင် သူ့ရုံးခန်းကနေ သူမကို အကဲခတ်နေလေသည်
ဆူးတယောက် သူ့မကို တယောက်ယောက် စိုက်ကြည့်သလို ခံစားရကာ ရုံးခန်းဘက်ကို စိုက်ကြည့်လိုက်သည်
အခန်းက အထဲကို မမြင်နိုင်သည့် မှန်အနက် ကာထားသည့်အတွက် မမြင်ရသောကြောင့် သူမ စိတ်ထင်နေတာဖစ်မှာပါဟု ဖြည့်တွေးကာ ဆက်လျှောက်သွားလေသည်
တိမ်မဟာက အခန်းထဲကနေ သူမ အကြည့်ကို သဘောကျမိလေသည်
"မင်းမလွယ်ဘူးပဲ မျက်ဝန်းနီလေး"
.......
Meeting မှာ ခုံနေရာယူတော့ တိုက်တိုက်ဆိုင်ဆိုင် ဆူးခုံက boss ရဲ့ ဘေးဘက်ခုံမှာကျလေသည်ဝန်ထမ်းတော်တော်များများက boss နားမထိုင်ရဲတာ အမှန်ပါလား သူမတွေးမိကာ ထိုခုံနေရာမှာ ဝင်ထိုင်လိုက်လေသည်
ထိုစဉ် တံခါးဖွင့်လာသံနဲ့အတူ ဖိနပ်သံပါ ကြားလိုက်ရသည် ထို့နောက် စမ်းရေနံ့လေး
ဟင် !!
သူမ တံခါးဘက် လှည့်ကြည့်မိလိုက်သည် မျက်မှန်အောက်က မျက်ဝန်းပြာနဲ့အတူ နှုတ်ခမ်းပါးပါးလေး နက်မှောင်သော suite အပြည့်နဲ့ ထိုအမျိုးသားဟာ အရင်ကလို ဂျစ်ကန်ကန်ရုပ်မဟုတ်တော့ဘဲ တည်ကြည်သောမျက်နှာထားနှင့်ပင်"Boss ရောက်လာပြီး"
"သူမျက်နှာကိုက ကိုးကွယ်ချင်စရာလေး အဟိ"
"သွားမလုပ်နဲ့ စိတ်ကြီးတယ် သူက"ဆူးဘေးနားက တီးတိုးအသံတွေကို ကြားတချက် မကြားတချက်ပင်
"Meeting စပါမယ်"
မပြောင်းလဲတဲ့ ဩရှရှအသံလေးပါပဲ"ဒီကဝန်ထမ်းအသစ်လေး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုန်း"
သူမကို မေးဆတ်ကာ ပြောနေတာမို့ ဆူးလဲ မတ်တပ်ရပ်လိုက်ကာ
"မဂ်လာပါ ဆူးမာယာလို့ ခေါ်ပါတယ်ရှင့် "ကိုယ့်ကိုကိုယ်မိတ်ဆက်နေသည့် သူမကို ကြည့်ရင်း မဟာတယောက် သူကို မှတ်မိသည်အကြည့်တွေကြောင့် စိတ်ထဲတွင် သဘောခွေ့သွားသည်
လက်ထောက်ကလဲ ပြုံးခဲလှသော သူ boss က ကြိတ်ပြုံးနေတာကို ကြည့်ရင်း
"အင်း တခုခုတော့ တခုခုပဲ"
.....
Meeting ပြီးသွားတော့ boss က သူမကို ခနနေခဲ့ပါ ဆိုလို့ သူမခမျာ အများနှင့်အတူ ထွက်မသွားပဲ boss ကို စောင့်နေလိုက်သည်တိမ်မဟာက ဝေယံကို အပြင်ကနေ စောင့်ခိုင်းလိုက်ပြီး ခုံမှာထိုင်နေသည့် သူမဆီကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာလေသည်
ဆူးခမျာ သူမဆီကို လာနေသည့် boss ကို ကြည့်ရင်း မလန့်စဖူး လန့်နေလေသည်