Episode 18

800 21 1
                                    

မဟာ အခန်းထဲက ထွက်ထွက်ချင်း ဆူးကိုလိုက်ရှာနေမိသည် သူမ ခုံရှိရာ ကြည့်လိုက်သော်လဲ မတွေ့ရပေ

မဟာ လိုက်ရှာရင်း Toilet နား ရောက်သွားသည် ထိုအခါ မိန်းကလေး သန့်စင်ခန်းကို ဝင်သွားသည့် အရိပ်ကလေးကို ဖြတ်ခနဲ တွေ့လိုက်သောအခါ သူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်
....
ဆူး သန့်စင်ခန်းထဲက မှန်ကို ကြည့်ရင်း ဝင်လာသည့် ခံစားချက်တွေကို မနှစ်သက်ပါ သူမ ဘာလို့ မကျေနပ်သလိုလို ဝမ်းနည်းသလိုလို ခံစားနေရသလဲ

စိတ်ရှုပ်ထွေးစွာဖြင့် မျက်နှာနုနုလေးကို ရေလေးနဲ့ ခပ်ဖွဖွ သစ်နေချိန် ရင်းနှီးနေကျ အနံ့ကို ရသောကြောင့် ခေါင်းမော့ကာ ဝင်ပေါက်ကို လှည့်ကြည့်မိသည်

ဖိနပ်သံ ခပ်အုပ်အုပ်နှင့်အတူ နက်စွေးသော body suit နဲ့ တိမ်မဟာ ..ဆူး အံ့ဩသွားရသည် သူ မိန်းကလေး သန့်စင်ခန်းကို ဘာဝင်လုပ်တာလဲ

"ရှင် ဒီကို ဘာလာလုပ်တာလဲ ဒါမိန်းကလေး သန့်စင်ခန်းနော် ရှင့် အခု ထွက်သွား သွားလို့"
မဟာ သူမ အလန့်တကြား စကားကြောင့် ပြုံးလိုက်ကာ
"မင်း အထင်လွဲမှာဆိုးလို့ လာချော့တာ"

"ဘာရှင့် ကျွန်မက ဘာကို အထင်လွဲရမှာလဲ"
"မသိဘူးလေ ကိုယ်နဲ့ ယုကို ကို အထင်လွဲမှာဆိုးလို့"
လည်ကုတ်ကို ပွတ်ကာ တဖက်လှည့်ပြောနေသည့် boss ကြောင့် ဆူး အံ့ဩရင်း ထိုသူကို ငေးကြည့်နေမိသည်

နက်မှောင်သော မျက်ခုံးတွေနဲ့အတူ အပြာရောင် မျက်ဝန်းတွေက ရှက်နေသလို ပြုံးနေသလိုပင် ချွန်သော နှာတံအောက်က ပါးလွှာပြီး စိုရဲနေသော နှုတ်ခမ်းအရောက်တွင် ဆူး မျက်နှာနီကာ တဖက် လှည့်မိသည်

"ကိုယ်နဲ့ယုကိုက...."
"ငါတို့ရုံးဆင်းရင် ဘာစားကြမလဲ"
စကားပြောသံနှင့်အတူ ဝင်လာသည့် ခြေသံတွေကြားတော့ ဆူးရော မဟာပါ ထိတ်လန့်သွားကြသည်

သွားပြီး!!!!
ဆူး မဟာလက်ကိုဆွဲကာ ထောင့်ကျသည့် အခန်းကို ဆွဲခေါ်သွားလိုက်သည် မဟာတယောက် ကြောင်အစွာဖြင့် သူမ ခေါ်တဲ့နောက်ပါသွားလေသည်

ဆူး မဟာကို သန့်စင်ခန်းကို တွန်းထည့်ကာ သူမပါ လိုက်ဝင်ပြီး တံခါးလော့ချလိုက်သည် မဟာနဲ့ဆူး နီးကပ်စွာရှိနေသောကြောင့် တ​ယောက်မျက်နှာတယောက် မော့ကြည့်မိသွား၏

ဆူးအနေခက်စွာ တဖက်လှည့်လိုက်သည် မဟာက သူရင်ခွင်ထဲကနေ အရှက်သည်းစွာ တဖက်လှည့်နေသည့် မိန်းကလေးကို သဘောကျမိသွားသည်

"ကိုယ်"
..
ဆူး အလန့်တကြားမော့ကြည့်ကာ မဟာနှုတ်ခမ်းတွေကို ရုတ်တရက် သူမလက်လေးနဲ့ ကမန်းကတန်းပိတ်မိသည် မိန်းကလေးသန့်စင်ခန်းထဲရောက်နေပါတယ်ဆိုမှ ဒင်းက ဇွတ်ဖြေရှင်းချင်တုန်း

မဟာ သူမလက်ကို ဖယ်ကာ ထပ်ပြောဖို့ လုပ်တုန်း ဆူး မဟာ အကျ်ီစဆွဲချကာ သူနှုတ်ခမ်းကို ကပ်နမ်းပေးလိုက်သည်

ရုတ်တရက် နမ်းခံရတာမို့ မဟာကြောင်အရင်း သူမကို ကြည့်လိုက်ချိန် မျက်စိအတင်းမှိတ်ကာ သူနှုတ်ခမ်းကို နမ်းနေသည့် သူမကိုတွေ့လိုက်သောအခါ မဟာ အသဲယားလာရသည်

စကားပြောသံတွေ ခြေသံတွေ ဝေးသွားကာမှ ဆူး ကမန်းကတန်း ကိုယ်ခွါလိုက်ကာ ထွက်သွားဖို့ပြင်ချိန် မဟာ ဆူးလက်ကို ဆွဲပြီး သူမခါးသေးသေးကို ဆွဲလှည့်ကာ ဖက်လိုက်သည်

ထို့နောက် ကျန်လက်တဖက်ကို သူမမေးစေ့ကနေ ပင့်တင်ကာ သူမ နှုတ်ခမ်းတွေကို ထပ်မံသိမ်းသွင်းလိုက်သည်

နူးညံ့သော အနမ်းတွေက ဆူးကို ရီဝေဝေဖြစ်စေသည် မဟာ အနမ်းကို ခွါလိုက်ကာ
"ကိုယ်နဲ့ ယုကိုက ဘာမှမဆိုင်ဘူး baby"
တဖက်လှည့်ကာ ရှက်နေသည့် သူမမျက်နှာလေးကို ဖိကပ်နမ်းချင်စိတ်က ထိမ်းမရ သိမ်းမရ

"ကိုယ့်ရဲ့စိတ်ကို မင်းပဲပိုင်တယ် baby ကိုယ့်က မင်းကလွဲပြီး ဘယ်သူကိုမှ အာရုံထဲမရှိတာမို့ မင်းစိတ်ချလက်ချ ကိုယ့်ကို ယုံနိုင်တယ်"

နေပါအုန်း boss က ငါ့ကို ဖွင့်ပြောနေတာလား ငါကို သူရည်းစားလို သဘောထားပြီး ရှင်းပြနေတာလား

ဆူး ကြောင်နေတုန်း မဟာက သူမ မျက်နှာလေးကို ဖိနမ်းကာ ထွက်သွားလေသည်
....
ယုကိုတယောက် မဟာကို လိုက်ရှာနေစဉ် မိန်းကလေးသန့်စင်ခန်းကနေ ပြုံးပြံုးကြီး ထွက်လာတာကို တွေ့လိုက်သောအခါ အံ့ဩသွားလေသည်

သိပ်မကြာခင် ဆူးလည်းပဲ ရှက်ကိုးရှက်ကန်းနဲ့ ပါးကိုင်ကာ ထွက်လာသောအခါ ယုကိုတယောက် မနာလိုဝန်တိုစိတ်တွေ ကြီးလာရသည်

"နင်က သူရဲ့ ချစ်သူလေးပေါ့ တွေ့ကြတာပေါ့ ဆူးမာယာ"
....

၃+၄Where stories live. Discover now