မွေ့ယာပေါ်ကို ပစ်ချလိုက်တာ ဒိုင်းခနဲ!!
ဆူးတယောက်သောက်ထားတဲ့ ကော့တေးအရှိန်တွေတောင် ဘယ်ကိုလွင့်သွားမှန်း မသိဖြစ်ရအောင် ခါးကမျက်ခနဲ့ ဖြစ်သွားလေသည်ဆူး ကုန်းထဖို့ ပြင်လိုက်စဉ် သူမအပေါ်ကနေ အုပ်မိုးကျလာသည့် boss ကြောင့် လန့်သွားရသည်
"ရှင် ဖယ်နော် ကျွန်မအပေါ်ကနေ"
အသံစူးစူးနဲ့ အော်နေသည့် သူမကြောင့် မဟာ မဲ့ပြုံးရင်း
"မင်းက အခြားကောင်နဲ့ လျှောက်သွားနေတာလေ baby ရဲ့"ဟင်!!!
Boss ဘာတွေပြောနေတာလဲ သူမဘယ်ကောင်နဲ့ ဘယ်သွားနေလို့လဲတချက်တိတ်သွားကာ သူကို မသိသလို ပြန်ကြည့်နေသည့် ထိုအနှီကောင်မလေးကို မဟာ အပေါ်ကနေ စီးမိုးကြည့်ကာ
"ဘာလဲ မှန်သွားလို့လား အဟွန့် မင်းမှာ ငါတယောက်လုံးရှိရဲ့သားနဲ့ အခြားကောင်တွေနဲ့ တွဲသွားရဲတယ်ပေါ့ baby"
"အို !! ရှင်ဘာတွေလာပြောနေတာလဲ ကျွန်မမသိဘူး ဖယ်"ထဖို့ပြင်လိုက်သည့် သူမကို မွေ့ယာနဲ့ပေါ်ကျသွားအောင် တွန်းချပြီး လက်နှဖက်ကို မွေ့ယာနဲ့ ကပ်ဖိထားရကာ
"ခုမှ ရူးချင်ယောင်ဆောင်မနေနဲ့ baby မင်းနောက်ခါ တွဲသွားမရဲတော့အောင် ကိုယ် လုပ်ပြမလို့"
"ဟင့်အင်းနော်!!! ဖယ်စမ်း ရှင်!!"သူ့ကို ရန်တွေ့နေသည့် သူမကြောင့် မဟာဒေါသအရှိန်ကို တဆုံးထိ ပံ့ပိုးနေသလိုပါ
"မင်းတော်တော်ဆိုးတယ် baby"
"ဟင့်အင်း!! ရှင်နော် အွန့်"
ခေါင်းခါကာ ငြင်းဆန်နေသည့် သူမနှုတ်ခမ်းကို ထပ်မငြင်းနိုင်အောင် သိမ်းသွင်းပေးလိုက်သည်"မင်းကို ကိုယ်ပိုင်ဆိုင်တဲ့သူအဖြစ် သက်သေပြမလို့လေ"
"ရှင့် လူယုတ်မာ ဖယ်စမ်း !!"သူမစကားတွေကြောင့် မဟာဒေါသထွက်လာရသောကြောင့် ကတ်ကတ်လန်ပြန်ပြောသည့် နှုတ်ခမ်းတွေကို ဆွဲစုပ်ပေးလိုက်သည်
"အွန့် အွန့်!!"
အတင်းရုန်းနေသည့် သူမကို သနားသောကြောင့် အနမ်းခွါကာ ကြည့်လိုက်သောအခါ ငိုယိုနေသော သူမြတ်နိုးသောလေးကြောင့် မဟာ ရင်ထဲ ဆစ်ခနဲဖြစ်သွားရသည်