Episode 14 🌚

1.4K 28 2
                                    

Boss ဆွဲခေါ်လာတဲ့နောက်ကို ပါလာသည့် ဆူးတယောက် cafe ဆိုင် ဘေးနားက Japanese restaurant ရောက်သည်အထိပင်

"ညီလေး VIP တခန်းယူမယ်"
"ဟုတ်ကဲ့ ဒီဘက်ကို ကြွပါခင်ဗျ"
VIP အခန်းရောက်သည်အထိ boss က သူမ လက်လေးကို မလွှတ်ပေးသေးပါ

မဟာ မီနူးစာအုပ်ကြည့်ကာ အများဆုံးပါသည့် set ကို လက်ညှိုးထိုးပြရင်း
"ဒီ တ set ယူမယ် ကြာလဲ ကိစ္စမရှိဘူး"
စားပွဲထိုးတယောက် ခေါင်းညိမ့်ကာ ထွက်သွားလေသည်

ထိုအခါမှ ဆူးက သူမလက်ကို ရုန်းရင်း
"Boss နဲ့ ကျွန်မ ဘာမှပြောစရာမရှိဘူး"
"မင်းမရှိပေမဲ့ ကိုယ့်ဘက်က ရှိတယ်ဆိုရင်ရော"

ဆူး boss ကို ထိုအခါမှ သေချာကြည့်မိလေသည် နက်မှောင်သော ဆံပင်တိုတွေကမျက်နှာပေါ်တွင် ခပ်ဝဲဝဲနေရာယူထားသည်

မျက်ဝန်းပြာတွေက ဒီနေ့မှ မျက်မှန်မပါသောကြောင့် ပိုပီး စူးရှနေသည်ထင်သည် ချွန်သော နှာခေါင်းအောက်ကနေ ပါးလွှာသောနှုတ်ခမ်းတွေက စိုရဲနေသည်

အဖြူရောင်အကျီ်လက်ရှည်အပါးကို အနက်ရောင် ဘောင်းဘီရှည်နဲ့ တွဲဝတ်ထားသောကြောင့် လူငယ်ဆန်ဆန် တမျိုးကြည့်ကောင်းနေသည်

ဆူး boss ထံ အကြည့်ခွါကာ တဖက်လှည့်နေလိုက်သည် မဟာ က သူကိုအကြည့်လွှဲသွားသော သူမကြောင့် မချင့််မရဲဖြစ်သွားလေသည်

မဟာ သူမ မေးစေ့ကိုဆွဲကာ သူ့ဘက်ဆွဲလှည့်လိုက်သည်
"မင်းဘာလို့ ကိုယ့်ကို မကြည့်ရဲတာလဲ ဆူး"
"ရှင် ကျွန်မကို လွှတ်စမ်း!! အွန့်.."

နှုတ်ခမ်းစုလုံးကာပြောနေသည့် သူမကြောင့် မဟာ အသည်းယားကာ သူမနှုတ်ခမ်းအာ စုပ်ယူကာ နမ်းလေသည်

ရုတ်တရက်နမ်းလာသည့် boss ကြောင့် ဆူး မျက်လုံးပြူးသွားကာ သူရင်ခွင်ကို ထုရိုက်နေမိသည်

မဟာအတွက်ကတော့ ပန်းနဲ့ပေါက်နေသလိုပင် သူမရဲ့ လက်သီးသေးသေးတွေကို စုကိုင်ကာ ဆိုဖာခုံပေါ် ဖိထားလိုက်သည် ထို့နောက် သူမအပေါ် အုပ်မိုးကာ

"မင်းဘက်က ပီးချင်လဲ ဘယ်လိုလုပ်မလဲ ငါဘက်က မင်းနဲ့ ရှေ့ဆက်ချင်နေတာ"
ဆူးတယောက် boss ရဲ့စကားကြောင့် မျက်လုံးပြူးကာ ဒေါသထွက်သွားလေသည်

"အဲ့ဒါရှင့်အပိုင်း ကျွန်မဘက်ကတော့ ပြီးတယ်"
သူမစကားကြောင့် မဟာ ခပ်တိုးတိုးရီမိသည်
"ကိုယ်မင်းနဲ့ မရပ်တန့်ချင်ဘူး ပြသာနာပဲ"
"ရှင်အခု ကျွန်မအပေါ်ကနေ ဖယ်ပေးစမ်း!!"

မဟာ ငုံ့မိုးလာကာ သူမ နှုတ်ခမ်းကို ထပ်မံသိမ်းသွင်းပြန်သည် နှုတ်ခမ်းကို စေ့ကာ ပိတ်ထားသည့် သူမကြောင့် မဟာ ဆူးနှုတ်ခမ်းကို ဖိကိုက်လေသည်

စူးသွားသည့် ဝေဒနာကြောင့် ဆူးနှုတ်ခမ်းပွင့်မိသွားတာကို မဟာအခွင့်ကောင်းယူကာ လျှာထိုးထည့်လိုက်ပြီး သူမ နှုတ်ခမ်းထဲမှာ ဆော့ပေးလိုက်သည်

ထို့နောက်နှုခမ်းကနေ အနမ်းကိုခွါကာ လည်တိုင်လေးကို အနမ်းပေးနေပြန်သည် ဆူးဘယ်လောက်ရုန်းရုန်း မဟာ ကိုယ်နဲ့ဖိထားသည့်အတွက် ဘယ်လိုမှ အဆင်ပြေမနေပေ

မဟာ သူမကိုယ်ကနေခွါကာ မတ်တပ်ထရပ်လိုက်သည် ဆူးကလဲ ထရပ်ကာ ဒေါသထွက်ထွက်နှင့်ပင် မဟာပါးကို ရိုက်ချလိုက်သည်

"ရှင် ကုမ္ပဏီကနေ ကျွန်မအလုပ်ထွက်မယ်"
မဟာ မျက်ခုံးတွေတွန့်ချိုးကာ ပါးကိုစမ်းလိုက်သည် ပြီးနောက် သူမကို ငုံ့ကြည့်ရင်း
"မပေးထွက်ပါဘူး"
"ရှင်လိုမျိုး မိုက်ရိုင်းနေတဲ့လူ လက်အောက်မှာ ကျွန်မအလုပ်မလုပ်နိုင်ဘူး"

"ကိုယ်က မင်းတယောက်ကိုပဲ မိုက်ရိုင်းတာ ဆူးရဲ့"
"ဘာရှင့်!!!"

ဆူးထပ်ပီး လက်မြှောက်လိုက်သည် မဟာက ထိုလက်ကို ဖမ်းဆွဲကာ
"ဒီတခေါက် ကိုယ်မညှာဘူးနော်"
"တောက်!!!"

"မယုံရင် စမ်းကြည့်လေ"
ဆူး သူ့လက်ကနေ ရုန်းကာ အခန်းကနေ ထွက်သွားလေသည် မဟာက ဆူးကျောပြင်ကိုကြည့်ကာ သူပါးကို ပြန်စမ်းပြီး ရီမိသွားလေသည်
"ရုပ်ချောသလောက် လက်သံတော်တော်ပြင်းတာပဲ မင်း"
....

၃+၄Where stories live. Discover now