Coffee ဆိုင်ထဲကို ဝင်လာသည့် ထိုအမျိုးသမီးနှယောက်ရဲ့ အလှတွေက ဆိုင်ထဲမှာထိုင်နေတဲ့လူတွေပါ ငေးမောကြည့်ရလောက်သည့်အထိပင်
ဆူးက ထောင့်ကျသောဝိုင်းကို ရွေးပီး ဝင်ထိုင်လိုက်ကာ လဲ့က cashier ဘက်သွားပီး စားစရာ သွားမှာလိုက်သည်
"ဘာများသုံးဆောင်မလဲရှင့်"
"Ice cappuccino နဲ့ ice mocha ရယ် cheese cake တခုရယ် mocha cake တခုရယ်"လဲ့က စားသောက်စရာတွေကို စောင့်ယူလာပြီး ဆူးထိုင်သည့်နေရာကို လျှောက်လာကာ ဝင်ထိုင်လိုက်သည်
ဆူးက အပြင်ဘက် ရှူခင်းတွေကို ငေးကြည့်နေမိသည် လဲ့က ငေးနေသော ဆူးကို ကြည့်ရင်း ဖွားနဲ့ ပြောခဲ့တဲ့ စကားတွေကို မေးသင့်မမေးသင့် စဉ်းစားနေမိသညါ
ထိုအချိန်တွင် သူမတို့ ဝိုင်းနားကို အမျိုးသားတယောက် လာရပ်လေသည် ရွှေညိုရောင် ဆံပင်နဲ့ ဝင်းဝါသော အသားအရည်ကို ပိုင်ဆိုင်ထားသော ထိုအနှီကောင်လေးရဲ့ အရပ်က ၆ ပေလောက်ရှိလောက်မည်
"ဒီက ညီမလေးက sky co.ltd က ဝန်ထမ်းလားဗျ"
လဲ့က မော့်ကြည့်ရင်း ထိုကောင်လေးမှာ ဆူးအား မေးနေသည် ထင်သည်"ဟဲ့ ဆူး ဟိုမှာမေးနေတယ်"
ငေးနေရာမှ လဲ့ခေါ်သံကြောင့် ဆူး ထိုကောင်လေးကို မော်ကြည့်မိသည်"ဟုတ် ကျွန်မပါ ဘာဖြစ်လို့လဲရှင့်"
အတ္တကျော်က သူကို အဖြေပြန်ပေးသည့် ကောင်မလေးအား ကြည့်ရင်း ပြုံးပြလိုက်သည်"ကျွန်တော်က sky co.Ltd ရဲ့ ပါတနာ ပါဗျ ဝင်ထိုင်လို့ရမလားဗျ"
ဆူးက မိမိတို့ company ရဲ့ မိတ်ဖက်မို့ ခွင့်ပြုလိုက်လေသည် အတ္တကျော်က ဆူးရဲ့ မျက်နှာချင်းဆိုင် ခုံမှာ နေရာယူကာ ဝင်ထိုင်လိုက်သည်
....
မဟာ တယောက် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စဉ်းစားနေလေသည် သူမက သူ့ကို သဘောမကျနေတာလားဒါဆို ဟိုနေ့ညအဖြစ်အပျက်တွေက သူမအတွက် ဘာမဟုတ်ခဲ့ဘူးပေါ့ သူ့ဘက်က သေချာနေသလောက် သူမဘက်က ပေါ့တန်တန်ဖြစ်လွန်းသည်
မဟာ တွေးရင်း ဒေါသထွက်လာကာ ဆေးလိပ်ကိုမီးညှိပြီး ဖွာနေချိန် ဖုန်းဝင်လာသောကြောင့် ကောက်ကိုင်လိုက်သည်