Episode 6

774 24 0
                                    

တပတ်ကြာသော်လဲ အင်တာဗျူးဆီက ဖုန်းမလာသေးတဲ့အတွက် ဆူး ရင်မောသွားရသည်

ပထမဆုံး လျှောက်ဖူးသော အလုပ်မှာ လက်မခံသည့်အတွက် သူမဆီမှာ ဘာလိုအပ်ချက် ရှိနေသေးလဲလို့ စဉ်းစာနေမိသည်

ထိုစဉ် သူမဖုန်းမှ တုန်ခါလာသောကြောင့် ကောက်ကိုင်လိုက်သည်
"ဟဲလို"
"မဆူးမာယာ ဟုတ်ပါသလားခင်ဗျ"
"ဟုတ်ပါတယ်ရှင့်"

"ဟုတ် မဆူးမာယာ မှာထားတဲ့ ပါဆယ်ထုတ် လာပို့တာပါ"
"အော် ဟုတ်ကဲ့ လာလို့ရပါတယ်ရှင့်"

"ဟုတ် ကျေးဇူးပါဗျ"
အင်တာဗျူးဖုန်းထင်သော်လဲ deli ဖုန်းဖြစ်သွားသောကြောင့် ဆူး စိတ်ဓာတ်ကျသွားသည်

ဂစ်တာကို ကောက်ကိုင်ကာ အိမ်ရှေ့ဆင်းလာခဲ့လိုက်သည်

ထိုနောက် သူမ ငယ်ငယ်တုန်းကနေ ခုချိန်ထိ ကြိုက်ခဲ့သော စကားဝါပင်အောက်မှာ ထိုင်ရင်း ဂစ်တာကြိုးညှိကာ သီချင်းတပုဒ်ကို တိုးတိုး ညည်းနေမိသည်
🎶 I was listenin' to the ocean
I saw a face in the sand
But when I picked it up
Then it vanished away from my hands, dah
I had a dream, I was seven
Climbin' my way in a tree
I saw a piece of Heaven
Waitin' in patience for me, dah
And I was runnin' far away
Would I run off the world someday?
Nobody knows, nobody knows
And I was dancing in the rain
I felt alive and I can't complain
But no, take me home
Take me home where I belong
I can't take it anymore 🎶
....
တိမ်မဟာ ကားပေါ်ကနေ ဆူးကို စောင့်ကြည့်နေရင်း ဂစ်တာပိုက်ကာ ထွက်လာသည့် သူမသည် အမည်းရောင် over tee နဲ့အတူချည်သားဘောင်းဘီအရှည်နဲ့ တမျိုးလေးချစ်စရာကောင်းနေသည်

ဆံပင်ကို pony tail ထုံးထားကာ bare face နဲ့ အတူ သူစိတ်ဝင်စားခဲ့သော မျက်ဝန်းအနီတစုံ ကို မြင်သောအခါ လိုက်ကြည့်နေမိသည်

ထိုနောက် run away သီချင်းကို ညည်းနေသည့် သူမကို ငေးနေရင်း ဖုန်းလာသောအခါ ကောက်ကိုင်လိုက်လေသည်

"ဟဲလို"
"မင်းဒီည ကလပ်လာအုန်းမလား"

"အင် လာခဲ့မယ်လေ "
"အေ ငါတို့စောင့်နေမယ် "

ဖုန်းချလိုက်ပီး သူမဆီ လှမ်းကြည့်သောအခါ သူမမရှိတော့ပေ သူ လက်ထောက်ဆီ ဖုန်းကောက်ဆက်လိုက်သည်

"ဟဲလို boss"
"မနက်ဖန် ဆူးမာယာကို အလုပ်ဆင်းခိုင်းလိုက်တော့"
"ဟုတ် "

ဖုန်းချလိုက်ရင်း သူမတို့အိမ်ဆီ လှည့်ကြည့်ကာ ပြုံးလိုက်သည်

"မင်းနဲ့ကိုယ် ရေစက်မကုန်သေးဘူး ဆူးမာယာ"
.....
မှေးခနဲ အိပ်ပျော်နေရင်း ဖုန်းလာသောကြောင့် ဆူး ကောက်ထိုင်မိကာ ဖုန်းကိုင်လိုက်သည်

"Hello "
"မဆူးမာယာ ဟုတ်ပါသလားဗျ"
"ဟုတ်ပါတယ်ရှင့်"

"ဟုတ် sky company ကနေ HR ရာထူးဖြေထားတဲ့ မဆူးမာယာက အင်တာဗျူးအောင်သွားတဲ့အတွက် မနက်ဖန်ကစပီး အလုပ်ဆင်းလို့ရပါပီးဗျ"
"ရှင်"

ဆူးတယောက် မျက်လုံးပြူးကာ အံ့ဩနေမိသည်

"ဟဲလို ကြားပါသလားခင်ဗျ"
"ဟုတ်ဟုတ်"

"ဟုတ် မနက်ဖန် အလုပ်ဆင်းပေးပါခင်ဗျ"
"ဟုတ် ကျေးဇူးတင်ပါတယ်ရှင့်"

ဆူး ဖုန်းချပီးနောက် ဖုန်းထဲကနာရီကို ကြည့်မိလိုက်သည်

ည၉နာရီတောင် ရှိနေပီးကို အင်တာဗျူးအောင်သည့် ဖုန်းကဒီအချိန်ကြီး ဆက်ပါလား

ဘာပဲဖစ်ဖစ် မနက်ဖန် ကုမ္ပဏီဝန်ထမ်း ဖစ်သွားသည့်အတွက် ပျော်စရာပါလား လဲ့ကို ဖုန်းဆက်ပီး မုန့်လိုက်ကျွေးလိုက်အုန်းမည်

၃+၄Where stories live. Discover now