"မတွေ့တာကြာပီးနော် ဆူးမာယာ"
ဩရှရှအသံနှင့်အတူ ဆူးထိုင်နေသည့် နောခုံရဲ့ နောက်အမှီကို ကိုင်ကာ ငုံ.ကြည့်လာသော boss ကြောင့် သူမ မော့ကြည့်မိသည်
"အရင်အတိုင်း မင်း မျက်ဝန်းတွေက တောက်ပနေတုန်းပဲ အဟွန့်"
"Boss ဘာပြောနေလဲ ကျွန်မ နားမလည်ပါဘူး"
"မင်း ကိုယ့်ကို မှတ်မိပါတယ် မင်း မျက်ဝန်းတွေက မလိမ်ဘူး "ဆူးတယောက် အံကြိတ်ရင်း သူကို စူးစူးရဲရဲ ကြည့်လိုက်သည်
"အဟွန့် အဲ့လို စူးရဲနေတဲ့ မင်းမျက်ဝန်းတွေကို ကိုယ်သတိရနေတယ် ဘယ်လိုပြောရမလဲ စွဲလန်းစေတဲ့ ဝိုင်တခွက်လိုပေါ့"
"ရှင်!!!"
ဆူးတယောက် ဒေါသထွက်မိကာ လက်မြှောက်လိုက်လေသည်သို့သော် လက်ဝါးက သူမျက်နှာဆီ မကျရောက်သေးခင် သူက ဖမ်းဆွဲလိုက်လေသည်
"လွှတ်စမ်း "
တိမ််မဟာ သူမလက်ကို မလွှတ်ပေးပဲ သူနဲ့ နီးကပ်လာသည်အထိ ဆွဲယူလိုက်သည်နှယောက်သား ရင်ဘတ်ချင်းနီကာ တယောက်ရဲ့ ဝင်လေထွက်လေ ရသည်အထိ နီးကပ်သွားလေသည်
မဟာက သူမကို ငုံ့ကြည့်ရင်း
" မင်းနဲ့ နမ်းခဲ့တဲ့ အနမ်းတပွင့်ကို ကိုယ်ခုချိန်ထိ သတိရနေတာ"ငုံ့မိုးလာသော boss မျက်နှာကို သူမကြောင်ကြည့်နေမိလေသည် ထိုစဉ်
"ဒေါက် ဒေါက်"
မဟာ မျက်ခုံးတွေ တွန့်ချိုးကာ စိတ်အလိုမကျ ဖြစ်သွားလေသည်"Boss အပြင်မှာ ဆရာ အတ္တကျော် ရောက်နေလို့ပါ"
ခွေးသား အကျိုးမပေးတဲ့ကောင်!!!
သူစိတ်ထဲ ကျိန်ဆဲရင်း သူမကို လွှတ်ပေးကာ"မင်းသွားလို့ရပြီး"
ဆူးတယောက် ရှက်သွားကာ မျက်နှာပါနီသွားလေသည်သူမ အဘယ်ကြောင့် မရုန်းဘဲ ငြိမ်နေမိသလဲ boss ကို မကျေမနပ် ကြည့်ကာ လှည့်ထွက်သွားလေသည်
.....
အတ္တကျော် တယောက် အပြင်ကနေ ရပ်စောင့်နေချိန် အခန်းတံခါးဖွင့်ကာ ထွက်လာသော မိန်းကလေးကို ကြည့်ကာ ငေးမိသွားသည်ဖြူဝင်းသောအသားအရည်နှင့်အတူ သူမလေးမှာ black & white ဖြစ်နေသော်လဲ ထူးထူးဆန်းဆန်း မျက်ဝန်းတွေက အနီရောင်ဖြစ်နေသည် လှရက်လွန်းသူလေးပါလား
သူမက သူ့ကို တချက်ကြည့်ကာ ဦးညွတ်ပီး ဘေးကနေဖြတ်လျှောက်သွားချိန် ကိတ်မုန့်လို vanilla အနံ့လေးနှင့်အတူ ကျန်ခဲ့လေသည်
......
"တိမ်မဟာ မတွေ့တာကြာပြီး""ငါတို့က ဒီလို အချင်းချင်း နှုတ်ဆက်ရမဲ့ လူတွေ မဟုတ်ဘူးလို့ထင်တယ်"
"ဟားဟား ပြောတတ်လိုက်တာ""ဘာကိစ္စနဲ့ ငါဆီလာတာလဲ"
"မင်းကိုင်ထားတဲ့ မြဝတီဘက်က မြေကိစ္စ ပရောဂျက်ကို လက်လျှော့လိုက်""အဟွန့် မင်းနိုင်မယ်ထင်ရင် ယူလေ"
အတ္တကျော်တယောက် မျက်နှာတချက်ပျက်သွားသည် သို့သော်ချက်ချင်းပြန်ထိန်းလိုက်ကာ
"ငါ ကို လာထိရင် ခွေးရူးလိုပဲ ပြန်ကိုက်တယ်နော်"
"ဒါဆို မင်းက ခွေးရူးပေါ့""မယုံရင် စမ်းကြည့်ပေါ့"
မဲ့ပြုံး ပြုံးကာ သူ့ကို လှည့်ထွက်သွားတာကို ကြည့်ရင်း မဟာတယောက် အံကြိတ်မိသွားသည်
ဒီကောင်က ဆိုက်ကို တယောက်ဆိုတာ သူအသိုင်းအဝိုင်းတွေမှာ သတင်း ကြားနေရသည်
"ဝေယံ"
"ရှိပါတယ် boss ""ဒီကောင်ကို စောင့်ကြည့်နေ ထူးဆန်းတာ တွေ့ရင် ငါ့ဆီ ချက်ချင်းသတင်းပို့"
"ဟုတ်ကဲ့ပါ boss "
.....
ဆူးတယောက် ခုံဆီ ထိုင်ရင်း မျက်ခုံးတွေ တွန့်ချိုးကာ စိတ်မလိုကျ ဖြစ်နေလေသည်ထိုစဉ် သူဘေးခုံက မယ်ယာ က
"Boss ဘာတွေပြောလိုက်လို့လဲ ဆူး"ဆူးတယောက်ကို သူမကို လာစပ်စုနေသည့် ထိုအမျိုးသမီးအားကြည့်ရင်း
"ဘာလို့လဲ သိရမှ ဖြစ်မှာလား"မယ်ယာ တယောက် ပါးစပ်ပွင့်ကာ အံ့ဩသွားလေသည် ရုပ်လေးချောသလောက် ဒီလောက်ထိပြောမယ်မှန်း မထင်ခဲ့တာမို့
"ဟို မဟုတ်ပါဘူး ဆူးရဲ့ ဆူးမျက်နှာက မကောင်းလို့လေ အဲ့ဒါ"
"စိတ်ဝင်စားပေးအတွက် ကျေးဇူးပါ ဒါမဲ့ ကျွန်မက စကားပြောရတာ မကြိုက််တတ်ပါဘူး"
ပြောကာ ဟိုဘက်လှည့်ရင်း ကွန်ပျူတာ နှိပ်နေသည့် သူမကို ကြည့်ရင်း မယ်ယာတယောက် ဆွေ့ဆွေ့ခုန်မတတ် ဒေါသထွက်သွားသည်"အသစ်ကများ ငါ့ကို ကြီးကြီးကျယ်ကျယ်နဲ့ တွေ့မယ်"