Episode 2

1.1K 30 0
                                    

    အိမ်ထဲ လှမ်းဝင်လာရင်း မမြင်ချင်သည့် သူကို မြင်လိုက်ရသည့်အတွက် မဟာ မျက်ဝန်းတွေ ကျဉ်းမြောင်းသွားသည်

"ဘာလာလုပ်တာလဲ"
"သား"
"အဟွန့် ကျွန်တော်ကို ခင်ဗျားသားလို့ ခံယူထားသေးတယ်ပေါ့"

"အိမ်ပြန်ခဲ့ပါ သားရယ် သားအဖေမျှော်နေတယ်"
"သူကိုယ်တိုင် အိမ်ပေါ်ကဆင်းခိုင်းထားတယ်မလား ခင်ဗျားတို့ပဲ ပျော်ပျော်ရွှင်ရွှင်နေပီး ကျုပ်ကို လွှတ်ထားစမ်းပါ"

"သား"
"ကျုပ်ကို သားလို့မခေါ်နဲ့ ခင်ဗျားတို့မှာ မင်းကျော်ထင်ဆိုတဲ့ သားတယောက်ပဲရှိတယ်"

" မဟုတ်ဘူးသား မားပြောပြမယ်"
"ကျေးဇူးပြုပီး ထွက်သွားပေးပါ ကျွန်တော်နားချင်လို့"

              အခန်းထဲသို့ ဝင်ကာ တံခါးဆောင့်ပိတ်သွားသော တိမ်မဟာကို ကြည့်ရင်း ဒေါ်ဝတီ သက်ပြင်းချမိသည်

     သူမက မိထွေးဆိုပေမဲ့ ရုပ်ရှင်ထဲကလို ဖအေပါသားကို ရက်စက်တတ်သူမဟုတ်

    သူမသားနဲ့ တန်းတူထားကာ ချစ်ပေးရင်း ဂရုစိုက်လေသည်

      မင်းထင်ကျော်ဆိုသည့် သူမသားကလဲ တိမ်မဟာကို ညီအရင်းကဲ့သို့ သဘောထားကာ အလိုလိုက်သည်

     တအိမ်လုံး အချစ်ခံကာ အလိုလိုက်ထားတော့လဲ တိမ်မဟာက ဖာသိဖာသာ နေတတ်သည်

     စကားနည်းကာ အပြုံးအရယ်နည်းသော ထိုကလေးသည် ဖအေနှင့်တော့ တစက်မှ မတည့် ဖအေကလဲ တဇွတ်ထိုးသမား

       တိမ်မဟာ မိခင်က သူကို မွေးရင်း သွေးသွန်ကာ ဆုံးပါးခဲ့ပီးဖစ်သည် သူမနဲ့ ဦးဝဏ္ဏတို့နဲ့က ငယ်ချစ် ထိုကြောင့် ဦးဝဏ္ဏ မယားပါသားကိုလဲ သူမချစ်သည်
......
      တိမ်မဟာအခန်းထဲ ဝင်ရင်း မေငယ်ကို သူပြောမိသော စကားကို တွေးမိကာ အားနာနေလေသည်

    မေငယ်လေးကို သူမချစ်တာမဟုတ် ချစ်သည် သူအတွက် ပူပင်သောက မထားစေချင် မေငယ် အေးအေးဆေးဆေးသာ နေစေချင်သည်

"ဟဲလို"
"မဟာ မင်း ပြောထားတဲ့အစီအစဉ်အဆင်ပြေတယ် လာခဲ့မှာလား"
"အေ လာခဲ့မယ်"
"အိုကေ"
မဟာ ဖုန်းချရင်း နေ့လည်က အဖြစ်အပျက်ကို ပြန်တွေးသည်

     နေ့လည်က သူကို ငတုံးငအ ထင်ကာ ရန်လာစသော ထိုအုပ်စုကို ပညာပေးရန် မိုးဝေ တို့ကို စီစဉ်ခိုင်းထားကာ ညကျသွားဖို့ ပြင်ဆင်လိုက်သည်

      သူအား ကူညီပေးခဲ့သော ထိုမျက်ဝန်းအနီတစုံကိုလဲ အမှတ်ရနေမိသည် သူမ မျက်လုံးပေါ်မှာ ခံစားချက်မဲ့နေသယောင် ဘေးနားက သူမ သူငယ်ချင်းကတော့ ဖော်ဖော်ရွေရွေ ရှိပုံပင်
.......
        ကလပ်ထဲကို ဝင်လာသော တိမ်မဟာမျက်လုံးက သူဘော်ဒါအား လိုက်ရှာလိုက်သည်

               တီရှပ်အနက်နဲ့ ဂျင်းဘောင်းဘီအနက်တွဲဝတ်ကာ အနွေးထည်လဲ အနက်ရောင်
All black နဲ့ အတူ ဂုတ်ထောက်ဆံပင်ကို ပြောင်သိမ်းကာ နှုတ်ခမ်းနဲ့အတူ စုတ်လုံးနဲ့ တိမ်မဟာ ပုံစံက ကလပ်ထဲက မိန်းမပျိုလေးတွေအား စွဲဆောင်နေသယောင်ပင်

       မျက်လုံးက ဘော်ဒါကို အရင်မမြင်ပဲ သူလိုပဲ All black နဲ့အတူ ဂုတ်ထောက်ဆံပင်ကို စည်းကာ ထောင့်ခုံတနေရာတွင် သောက်နေသော ဆူးဆိုသည့် မိန်းကလေးကို မြင်လိုက်သည်

      သူမဘေးမှာ ထုံးစံအတိုင်း သူမသူငယ်ချင်းနဲ့အတူ ကောင်လေးနှယောက်ကိုပါ တွဲမြင်သွားသဖြင့် အံကို ကြိတ်ကာ စိုက်ကြည့်နေမိသည်
          ထိုအချိန် သူပုခုံးကို တစုံတယောက် လာကိုင်သဖြင့် လှည့်ကြည့်လိုက်သောအခါ သူ့ဘော်ဒါ မိုးဝေ ကောင်းကောင်း တို့ကို တွေ့လိုက်သည်

" ရောက်ပြီးလား"
"အေ အဆင့်သင့်ပဲလား"
" အေ သွားစို့"
သူမတို့ဆီ တချက်စိုက်ကြည့်ရင်း မိုးဝေတို့ နောက် လိုက်သွားလေသည်

၃+၄Where stories live. Discover now