Part 2

2.6K 181 2
                                    

part2

ရန်ကုန်တက္ကသိုလ်...ဂျပ်ဆင်နဲ့ ပင်လုံဆောင်(eng major)ဘေးက လမ်းကြားလေးမှာလျှောက်ဖူးလား။ လျှောက်ရင်း ခြေလှမ်းတွေရော မှားဖူးလား။ ကျွန်မ ကတော့ ထိုလမ်းကို ရောက်လို့ လူရှင်းနေရင် ဆော့ဖြစ်သည်။ ကျောက်ပြားတစ်ချက်ချင်းအပေါ် ခြေတစ်လှမ်းနှုန်း ရောက်ရမည် ဆိုပြီး ဆော့ဖူးသည်။
မနက်ခင်း သစ်ပုတ်ပင်အောက် ထိုင်၍စာဖတ်ချင်သောကြောင့် စာသင်ဆောင်ဘက်မသွားဘဲ ဆန့်ကျင်ဘက်သွားခဲ့သည်။ ထိုလမ်းလေးရောက်တော့ လူရှင်းတာနဲ့ ထိုသို့တွေးကာ ကစားမိသည်။

"တစ် နှစ် သုံး လေး"

လေးပြား‌ လျှောက်ပြီး ၅ပြားမြောက်မှာပဲ ခြေလှမ်းကိုသာ ဂရုထားပြီး ပတ်၀န်းကျင်ကို မေ့ကာနေသည်မို့ လူတစ်ယောက်လုံးကို ၀င်တိုက်မိ၍ နှစ်ယောက်လုံး လဲကျသွားသည်။

"ဟင်..ဆောတီး အစ်မနွယ်"

"ဘာလုပ်နေတာလဲဟင်..တကယ် မမြင်တာလား"

"အင်း..ဟို ခြေလှမ်းတွေပဲ အာရုံစိုက်နေမိလို့"

"ကလေးကုလား ဆော့နေတာလား..ဟင်"

"ဟုတ်"

နွယ်ကို ကျွန်မ ဆွဲထူ‌လိုက်သည်။ နွယ် ကိုယ်ပေါ်မှာ အပြင်၀မ်းဆက်အစား အပြာရောင်၀မ်းဆက် ဆင်ထားသည်။ ဆံနွယ်တွေ ဟိုရက်ကလို ချမထားဘဲ သေချာ သပ်သပ်ရပ်ရပ် ထုံးဖွဲ့ထားသည်။ဆံနွယ်များက ရှည်၍ ထူတော့ ဆံထုံးမှာ ကျစ်၍ တင့်တယ်လှသည်။ ခုလို အနီးကပ် ရပ်နေ‌တော့ နွယ် က ကျွန်မထက်ပင် အနည်းငယ်ပုသည်။ တကယ်တော့ "မ"က အရပ်ပုတာ မဟုတ်ဘဲ ၅ပေ၇ ရှိတဲ့ ကျွန်မအရပ်ကိုက ရှည်နေတာပါ။

ပြီးတော့ အနီးကပ်မြင်ရသည့် နွယ် မျင်နှာက နုဖက်နေသည်။ ပါးမှာ မွှေးညှင်းလေးများလည်း ရှိပြီး မျက်မှန်ဘောင်အောက်က မျက်ခုံးနက်နက်ကလေးကို လည်း နှစ်လိုဖွယ်ကောင်းအောင်  မြင်နေရသည်။

"နွယ် သွားတော့မယ်..နောက်ဆို ဂရုစိုက်နော်"

"ဟုတ်"

နွယ် တဲ့လား။သူ့ကိုယ်သူ နွယ် တဲ့လား...ကျောင်းသူ နဲ့ ဆရာမ ကြားမှာ ဒီလို သုံးလိုက်ဖို့က....ဟင် သူ နဲ့ ငါ ခုမှ သုံးကြိမ်မြောက် ကိုလေ....အရမ်း ရင်းနှီးသလို ဖြစ်မနေဘူးလား။

STAY {COMPLETED }Tempat cerita menjadi hidup. Temukan sekarang