Part 11
ရန်ကုန်မှ..ပုဂံပြေလမ်းပေါ်က ကားတစ်စင်းမှာ..ကျောင်းသူ ကျောင်းသားတွေ ကခုန်နေကြသည်။ သီချင်းတွေကို အသံနာအောင် ဆိုကြသလို မရ၍ ၀ါးချကြသူများကို အောင်အောင်နှင့် စန္ဒာတို့ လိုက်ကြည့် ၍ ရယ်နေသည်။ကျွန်မ က ရှေ့ဆုံးခုံမှ တစ်ခြမ်းသာ မြင်ရတဲ့ "မ" မျက်နှာ လေးကိုသာ ငေးနေမိသည်။ကားစီးရင် "မ" မူးပြီး အန်တက်သည်လား မသိသည်သည်မို့ အရိပ်တကြည့်ကြည့် ကြည့်နေမိသည်။"မ" က ကျောင်းသူကျောင်းသားတွေကို လှည့်ကြည့်ချိန် မျက်၀န်းချင်း ဆုံတိုင်း ပြုံးပြရသည်က အမောပင်။"မ"က ကျွန်မ ပြုံးပြသည်ကို မြင်တော့ ပါးစပ်လှုပ်ရုံ လုပ်၍ စကားပြောသည်။လက်ကပါ အမူအရာ လုပ်ပြသည်မလို့ မကြားရပေ မဲ့ နားလည်လွယ်သည်။
"မဆိုဘူးလား"
"ဟုတ်"
"အိပ်လေ"
"ဟင့်အင်...ခါးပတ် ခါးပတ်..ခါး...ပတ် ပတ်ထားအုံး"
"ဟင်..သြော်..ဒါလား ခါးပတ် ပတ်ထားတယ်"
"ဟုတ်..ခေါင်းမူးလား"
"မမူးဘူး..အိပ်မလို့ "
"ဟုတ်"
လက်အမူအရာနှင့် ဆက်သွယ် ပြောပြီးလို့
"မ"က ပြုံးပြရင်း ရှေ့ကို လှည့်သွားပေမဲ့ ကျွန်မ နှလုံးသားက.. ဖွင့်ထားသည့် သီချင်းသံစဥ်အတိုင်း လိုက်၍ ခုန်နေသလိုပင်။"အဟင်း..အဟင်း...သီချင်းလေး ဘာလေးဆို ပြီ လိုက်က ပါလား.မတွေ့ရ မမြင်ရတာကြလို့"
"ဟာ..ငါက ဘာလုပ်နေလို့လဲ"
"နင်...ငမ်းနေတာမလား နည်းနည်းလေးလဲ လျော့ပါအုံး...ငါတို့ ချယ်..ပြာကြသွားဦးမယ်"
"ဟာ..တော်ပြီဟာ အိပ်တော့မယ်..နင်တို့နဲ့ မပြောတော့ဘူး"
"အိပ် အိပ်..တို့ကတော့ ဆိုရမှာပဲ"
"ဆို"
တကယ်တော့ သူတို့နှင့် ရန်မဖြစ်ချင်လို့ အိပ်မည်ဟု ပြောလိုက်သည်မဟုတ်ဘဲ "မ" အိပ်ပျော်နေသည်ကို တွေ့၍ဖြစ်သည်။ ဆူညံသည့် ကားပေါ်မှာမလို့ အိပ်မပျော်ပေမဲ့ မှိန်းနေရသည်။
"မောင်..ထဦး နေ့လယ်စာ စားမယ်"
"ဟုတ်လား..ကားနားတာလား"

KAMU SEDANG MEMBACA
STAY {COMPLETED }
Romansaဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...