Part18
ကျွန်မ မ ဆီဖုန်းခေါ်နေသောအချိန်တွင် စန္ဒာက ရေချိုးသည်။အောင်အောင်က အောက်ထပ်ကိုသွား၍ ချိုးသည်။ကျွန်မနှင့် စန္ဒာက ရေချိုးပြီး အောက်ထပ် အပြေးဆင်းလာကြသည်။
"မေမေ...ကျောင်းက ပိတ်သွားပြီတဲ့..ရက်အကန့်အသတ်မရှိတဲ့ အဲ့တာလေ..သမီးတို့ကို ဒီနေ့ မုန့်ဟင်းခါး လုပ်ကျွေးပါ့လား"
"ဟုတ်တယ် အန်တီ..သမီးတို့လည်း ညနေမှ ပြန်မလို့"
"အိမ်တွေကိုရော ဖုန်းဆက်ပြီးကြပြီလား"
"ဟုတ်.."
"ဟိတ်..နင်တို့ နှစ်ယောက် ငါ့မေမေ ကို ကူလုပ်ပေးထား..ငါ ဖုန်းဆက်စရာရှိသေးလို့"
မေမေ နှင့် အောင်အောင် တို့ ကျွန်မကို ၀ိုင်းကြည့်ကြသည်။ စန္ဒာမကဆို အစောကပင် ဖုန်းပြောနေတယ်မလားဟု ၀င်ဟန့်သည်။
"ဘာလဲ"
"နင်.."
"အေးလေ..ငါ့"မ" ဆီ ဆက်မလို့..မေမေ ခနနော် ပြန်လာခဲ့မယ် ခြံထဲ သွားလိုက်ဦးမယ်"
ကျောချမ်းချမ်းနှင့် ထိုစပ်စုစိန်မျက်လုံးများ ကြားမှ လွတ်မြောက်လာခဲ့သည်။
"ဟလို.."
"အင်း..မောင် "
"ဘာတွေများ စားနေတာလဲ"
"အသုတ်.စားပါအုံးလား"
"ဟင့်..စားလို့မှ မရတာ.."
"ကျောင်းပိတ်တော့ တော်တော်မှပျော်ရဲ့လား"
"ဟုတ်..ထတောင် ခုန်တာနော်..အပြင်မသွားနဲ့ ဂရုစိုက်ပါနော်"
"ဟုတ်ကဲ့ပါရှင့်"
ဖုန်းထဲကသာ ရယ်သံကြားရသည်။ ဘယ်လောက်ထိ ဖုန်းထဲကပဲ စိတ်ပူနေ
ရအုံးမှာလဲ။"ဟာ..တကယ် ဂရုစိုက်ဖို့ ပြောနေတာပါ"
"သြော်..ကျွန်မကရာ..လိမ်နေတယ် ထင်လို့လား"
"မဟုတ်ပါဘူး.."မ" က ရယ်နေလို့လေ"
"သဘောကျလို့ပါ..ကလေးလဲ ဂရုစိုက်နော်"
"ဟုတ်..ဒါနဲ့ "မ" တို့ရော ကျောင်းသွားစရာမလိုဘူးမလား"
"အင်း..မလိုဘူး..နားရက် တစ် လ ထပ်တိုးပေးထားတယ်"

YOU ARE READING
STAY {COMPLETED }
Romanceဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...