Part 5

2.1K 158 1
                                    

part5

"Happy birthday to you"

မွေးနေ့ကိတ်မခွဲခင် ကျွန်မက နွယ့် ကိုမွေးနေ့လက်ဆောင်ဘူးလေး ကမ်းပေးလိုက်တော့ နွယ်က ပြုံးပြကာ ယူသွားသည်။

"ကျေးဇူးပါ မောင်"

"ဟုတ်..စိတ်ချမ်းသာပါစေ"

"ရော့..မွေးနေ့လက်ဆောင်"

"ရှင်.."

"သြော်..မောင် လည်းမွေးနေ့ပဲလေ"

"ဟုတ်..ကျေးဇူးပါ"

နွယ် ကမ်းပေးတဲ့ လက်ဆောင်ဘူးကို ယူ၍ ရင်ခုန်စွာ ဘူးကို ဖွင့်ကြာ့်မိသည်။ နာရီ အနက်လေး ။  baby-G အနက်လေးကို ထိုနေရာမှာပဲ ၀တ်ရန် ဘူးထဲ မှ ထုတ်ယူလိုက်သည်။

"ဟင်..အခု ၀တ်မို့လား"

"သြော်...ဟုတ်...ဟုတ်ကဲ့"

"လာ..၀တ်ပေးမယ် လက်ဆောင်ပေးတာ ပိုပြီး တန်ဖိုးရှိတာပေါ့ ဟုတ်ဘူးလား အမှတ်တရ ပိုဖြစ်တာပေါ့"

"ဟုတ် ဟုတ်တယ်နော်"

နွယ် ၀တ်ပေးသော နာရီလေး ကို မြတ်နိုးတန်ဖိုးထားမိသလို သိပ်ကိုလည်း ပျော်သည်။ကျွန်မ အသားနဲ့ တစ်ခါတစ်ခါ လာထိမိသော နွယ့် ရဲ့ လက်ချောင်းနုနုလေး‌တွေကိုလည်း  ဖမ်းဆုပ်ထားချင်မိသည်။ လက်စနှင့် သည်လက်ကလေးပဲ  တွဲလိုက်ပါ့လားဟု ရဲတင်းပြစ်လိုက်ချင်သည်။သို့ပေမဲ့ ပြောမထွက်ပါ။

"ကျေးဇူးပါ"

"အင်း..သြော် ကိုစည် ပြန်လာပြီဆိုတော့ မွေးနေ့ပွဲ စတာပေါ့"

နွယ် နှင့် အစ်ကိုစည်သူတို့ ဆက်ဆံရေးကို မနှစ်သက် သာ်က အမှန်ပါ ။ကိုစည်သူ့ကို နွယ် က ရင်ရင်းနှီးနှီးဆက်ဆံတာကို မလိုလားပါ။ သ၀န်တိုမိသည်။ တားခွင့်လည်းမရှိသည်မို့ ကျွန်မ သာ ဟန်မဆောင်နိုင်ဘဲ မျက်နှာပျက်ရသည်။ ထိုသည်ကို စန္ဒာက တွေ့၍ အနားလာကာ တိုးစိတိုးစိ ပြောသည်။

"အေးဆေးပေါ့..မောင်ရယ် ကြိုးစာလို့မရတော့တဲ့ အခြေအနေမှမဟုတ်တာ"

"သူတို့က သိပ်ကိုရင်နှီးတာ မလား"

"အေးဆေးပေါ့..အောင်အောင်ဆို သူ့ကိုကိုမြတ် က အဖတ်တောက်မလုပ်ဘူး နင်က မှ နာရီ၀တ်ပေးတဲ့ အဆင့်ထိတောင်"

STAY {COMPLETED }Tahanan ng mga kuwento. Tumuklas ngayon