Part7
"နွယ်..မောင် ဒီမှာ"
"အင်း...စောင့်ရတာကြာပြီလား"
ပထမဆုံးနေ့က တွေ့သလို သူက ဆံပင်ရှည်တွေ ချထားတော့ လေတွေကြောင့် ဆံပင်လေးတွေ ကခုန်နေကြသည်။ခရမ်းရောင် ၀မ်းဆက် နှင့် နွယ် က မှော်ဆန်ဆန်လှပ၍ ကျွန်မအကြည့်တွေ ကို ဖမ်းစားထားနိုင်သည်။ နွယ့်ခြေဖဝါးလှလှလေးဟာ အပေါ်နှင့်ဆင်တူ ခရမ်းရောက် ကတ္တီပါပါးလေး နှင့်။ပြီးတော့ ခြေသည်းဟာလေးတော့ အရင်လို ပန်းနုရောင် ဖော့လေးမဟုတ်ဘဲ စတော်ဘယ်ရီရောင် အနီကလေး ဆိုးကာထားသည်မို့ နွယ့် ခြေဖဝါးလေးဟာ သန့်သန့်ကလေးနှင့် ကြွကြွရွရွ လှနေသေးသည်။
" သိပ်လှတာပဲ နွယ်က"
"ဟင် မကြားလိုက်ဘူး ဘာတဲ့"
"ဟို..သိပ်လှတာပဲလို့"
"သိပ်..ဘာဖြစ်တယ် ကားဂိတ်က လူဆူတယ်နော်"
တကယ်ဆို နွယ် တမင်စနောက်မှန်း သိရက်နှင့် ထပ်ကာ ထပ်ကာ အဖြေပေးနေရသည်။
"ဟင်..သစ်ခက်နွယ် ဆိုတဲ့ ဆရာမလေး က သိပ်ကို လှတယ်လို့ ဒီလူတွေ ထဲမှာ နွယ် အလှဆုံး"
ထိုအခါမှ နွယ် ခပ်ဆဆကလေးပြုံး၍ မျက်ခုံးကလေး ချီကာ သူ နိုင်သည်ကို ကျေနပ်နေသည်။
"ဟုတ်ပါပြီ..ဟိုနှစ်ယောက်ရော မောင်"
"သူတို့ သူတို့ မလာဖြစ်ဘူးတဲ့ စန္ဒာက သူ့မေမေ ဗိုက်နာလို့ အောင်အောင်က ဒီနေ့ သွားစရာရှိလို့တဲ့ မနက်က ဖုန်းဆက်ပြောတာ"
"ဟုတ်လား...ဒါဆို သွားမယ်လေ မောင် ကမလာတက်ဘူး ဆိုတော့ မာလာထိ လာကြိုရတာ သွားရမှာက ရွှေတိဂုံ"
"ဆောတီးပါ "မ" မောင်ညံ့လို့ "မ" ပင်ပန်းရပြီ...နောက်ကျ မောင် ကားနဲ့ မြို့အနှံ့ သွားတတ်အောင် လုပ်ထားလိုက်မယ်"
"မဟုတ်တာ...မောင် ရဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ကျွမ်းကျင်တာ မတူလို့ပါ..ဟိုမှာ ၃၇ လာပြီ"
"ဟုတ်ကဲ့ မ"
တကယ်ဆို စန္ဒာနှင့် အောင်အောင် တမင်မလာကြခြင်းဖြစ်သည်။သူတို့နှစ်ယောက်လုံးက ကျွန်မကို နွယ် နှင့် ရင်နှီးစေချင်သည်။ မ အနားမှာ နေချင်တဲ့ ကျွန်မ ကို သူတို့ သိပ်အလိုလိုက်ကျသည်။တစ်ယောက်ကို တစ်ယောက် ဖြည့်ဆည်းပေးကြသည်။
ČTEŠ
STAY {COMPLETED }
Romanceဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...