Part10
မ က စန္ဒာမနှင့် အောင်အောင့်ကို အားနားသလို ကြည့် နေပြီးမှ ကျွန်မကို ကြည့်ပြီး ရှုံမဲ့မဲ့လေး လုပ်ကာ တိုးတိုးကလေး ပြောသည်။
"ဟို..မ မှာ မနက်၀တ်ဖို့ ယူနီဖောင်း ပါမလာဘူး မောင်..."
"ဟဲ့ အောင်အောင်..ချယ့်စီက ဖုန်းနံပါတ်တောင်းပြီး..အန်တီ နဲ့ ဦးကို သွားပေးလိုက်တော့"
စန္ဒာမက အတင်းဆိုသလို အောင့်အောင့်ကို လက်နှင့် ပုတ်၍ ပြောသည်။
သုတို့လည်း မ ကို ခင်တွယ်ကြသည်။"အင်း"
"မ..မောင့်ကို ယုံပြီး အိမ်ကို မေမေ ဖုန်းဆက်ပေးလိမ့်မယ် အိမ်ဖုန်းပြောပြလိုက်ပါ"
ကျွန်မက မ အနားတိုးလိုက်ကာ ပြန်ပြောတော့ မ က ငိုတော့မည်ထင်သည်။သို့မဟုတ်လည်း သူ့ယူနီဖောင်းမပါသည်ကို တွေး၍ မနက်ကျ အခက်တွေ့မည်ကို တွေးနေဟန် ရှိပါသည်။
"ဒါပေမဲ့.."
တွေေ၀နေတဲ့ "မ" ရဲ့ လက်ကို ကိုင်ပြီး..ဖုန်းပေးတော့မှ အိမ်ဖုန်းနံပါတ် တွန့်စုတ်စွာ ပေးသည်။"မ" ကျွန်မကို ကြည့်တဲ့ အကြည့်တွေက ကျွန်မ ကို အပြည့်အ၀ ယုံကြည်သည်..ဟု ဆိုနေသလိုပင်။အောင်အောင် ဖုန်းယူပြီး ထသွားမှ...
"မောင့်..မှာ "မ" အတွက် ယူနီဖောင်း ရှိပါတယ် မရဲ့...လက်ဆောင်ပေးဖို့ ချုပ်ထားတာ တစ်ပတ်လောက်ရှိပြီ..ပြီးတော့ bow လည်း ရှိတယ် ဟိုနေ့က လှည်းတန်းမှာ တွေ့လို့ ၀ယ်ထားမိတာ"
မ မျက်၀န်းလေး ဝိုင်းသွားသည်။အံ့ဩသွားသည့် မ က မယုံသလိုနှင့် ကျွန်မ သူငယ်ချင်းစန္ဒာမ ကို လှည့်ကြည်ကာ စစ်ဆေး အတည်ပြုသည်။
"ဟုတ်တယ်..ချယ့်ရဲ့ သူက ဘယ်လိုပေးရမလဲ စဥ်းစာနေတာ ခုတော့ အကြောင်းဖန်လာပြီ"
"ဟို..အားနာလိုက်တာ.."
"ရပါတယ်..မ ရဲ့ မ မွေးနေ့က စဉ်းစားမိသွားတာ အ့ကြောင့် ချုပ်ထားတာ"
အောင်အောင့်က သူ့ပုဆိုးစရှည်များကိုခလုတ်ရတိုက်မည်စိုး၍ မ ကာ ပြေးလာသည်။
"အိမ်ကို ပြောခဲ့ပြီ..ချယ် ဒါဆို အပေါ်သွားပြီ ဂီတာ တီး သီချင်းဆိုကြမလား"
ESTÁS LEYENDO
STAY {COMPLETED }
Romanceဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...