Part 15
"မ"..."မ".... သရဲ...."
ကျွန်မ စပြီးခါမှ မ အနေခက်ရမည်ကို တွေးမိမှ ရပ်ကာ ခေါင်းအုံးပေါ် မျက်နှာအပ်လိုက်သည်။
"သရဲအကြောင်း မလိုတော့ပါဘူး...ပေး"
"မ" ကျွန်မ လက်မောင်းကို ယူပြီး ခေါင်းအုံးလိုက်သည်။ကိုယ် ကို အသာရွှေ့ရင်း ကျွန်မ အနားသို့ တိုးကပ်လာသည်။ခန္ဓာကိုယ် နှစ်ခု အနီးဆုံး ဖြစ်သွားတော့မှ.."မ" ရဲ့ လက်တွေက ကျွန်မကို သိုင်းဖက်ကာ မျက်နှာကိုလည်း ရင်ခွင်ထဲသို့ လာအပ်သည်။ ကျွန်မ ပျော်သလို...နှလုံးသားတို့လည်း ပျော်၍ ထခုန်ကြမည် ထင်သည်။ ရင်ခွင်ထဲကနေ..နှလုံးသားစီသို့ မျက်နှာမူထားသော "မ" ဒီရင်ခုန်နှုန်းတို့ကို ပြတ်ပြတ်သားသား ကြားရပါလိမ့်မည်။
"မ..."
စကားမပြောနိုင်ဘဲ "မ" ကို ပြန်ဖက်ထားမိသည်။ ဆံနွယ်တို့ကို မထိတထိ နမ်းရှိုက်လိုက်မိပြန်သည်။
"ရင်တွေ အရမ်းခုန်နေတယ်နော်"
"ဒီလို အချိန်မှာ..ရင်မခုန်ရင် မောင် ဘယ်ချိန် ရင်ခုန်ပါ့မလဲ"
"အင်း..."မ" ပင်းပန်းလို့ အိပ်တော့မယ်နော်"
"ဟုတ်"
"မ" ဟာ ဖက်ထားတာကို မလွှတ်တော့ဘဲ "မ" ဦးခေါင်းကသာ ကျွန်မ ရင်ခွင်ထဲသို့ ပို၍ တိုး၀င်လာသည်။ "မ" ကို ပို၍ ကျပ်နေအောင် ဖက်ထားမိသည်။"ပင်ပန်းတယ်" လို့ဆိုပြီး လာချွဲစေချင်ခဲ့သလို "မ" ယခု ကလေးလေးလို ချွဲနေသည်။"မ" ကျောလေးကို အသာပုတ်ပေးရင် "မ" ကို ပင်ပန်းမှုတို့ပျောက်စေသည်။
"မောင်...ထတော့ ထ..ရေချိုးတော့နော်"
"ဟင်..အစောကြီး ရှိသေး"
မျက်လုံးကို လက်နဲ့ ပွတ်သပ်ရင်းမထချင်သေး၍ ချွဲမည်ကြံစည် ထားသောလည်း မျက်နှာအပေါ် အုပ်မိုးနေသော "မ" ကြောင့် မျက်လုံး ကျယ်သွားရတော့သည်။ အိပ်ယာထမို့ မို့နေသော မျက်လုံး ၀ိုင်းများနှင့် စိုက်ကြည့်နေသလို...ခေါင်းလျှော်ပြီးစ ဆံပင် မှာ တွဲခိုနေသော ရေစက်တို့က ပါးပေါ်သို့ ကျလာသည်။
"မ"
"ထသေးဘူးလား"
"ဟို...ထ ထတော့မှာ "
ВЫ ЧИТАЕТЕ
STAY {COMPLETED }
Любовные романыဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...