Part 8

2.7K 166 2
                                    

Part8

မြန်မာစာဌာန တောင်ငူဆောင်အတွင်းက သစ်ပင်ရိပ်အောက် ခုံ၀ိုင်းမှာ ‌ဟိုနှစ်ယောက် ကျွန်မ နှင့် နွယ်၏ လျှောက်လည်ကျသည့် အကြောင်းကို စပ်စုနေကြသည်။

"ဘယ်လိုလဲ...မနေ့က အဆင်ပြေတယ်မလား"

"ဒါပေါ့...အောင်အောင်လေးရဲ့ သိပ်ကို အဆင်ပြေတာ..စန္ဒာမလေး ကလည်းသိပ်ကို ချစ်ဖို့ကောင်း"

"အပိုတွေ..ရွံစရာ ငါတို့လာ မဖားနဲ့"

"ဟာ..မောင် က တကယ် ချစ်တာပါ..မနေ့က နွယ့် ကို သီချင်းဆိုပြတော့လေ နွယ် က ငါ့ဖန်ပါဆိုပြီး စတော့ အံ့လည်း အံ့လည်း အံ့သြတယ်..ပျော်လည်းပျော်တယ်...ပြီးတော့ နွယ့် အပြုံးလေး ဟိုကွာ..ဟိုဖီလင် သိတယ်မလား ကျူတိုချိန်မဗာ စာအုပ်ကို ရှေ့ချပြီး အပုဒ်လိုက် ကူးချလိုက်ရတဲ့ ဖီလင်လေ"

ဟိုနှစ်ကောင်က မဲ့ရွဲ့ကာ နားထောင်ပြီး မကြားသလို နေကြသည်။

"ငါက နင်တို့ကို နှိမ်တာ မဟုတ်ပါဘူး...နင်တို့က အ့လို မလည်ဖူးကြတော့ ‌ဖီလင်ကို ပြောပြမရဘူးလေ..နင်တို့နဲ့ အနီးစပ်ဆုံး ဥပမာကို ငါပေးတာပါ"

ကျွန်မ သူတို့ကို အပြတ်အသတ် နှိမ်ပစ်လိုက်သည်။

"ဟုတ်ပါပြီ...ငကြွားမကြီးရယ် စပ်စုကြတဲ့ ကါတို့အမှား လာ အတန်းချိန်သွားမယ်"

"မောင်..ဟို ဟိုမှာ"

‌စန္ဒာပြလိုက်တဲ့..လျှောက်လည်း အတိုင်း စကားပြော၍ လာနေတဲ့ နွယ်... ဒါပေမဲ့ သူ့ဘေးမှာ အစ်ကိုစည်သူ ပါသည်။နွယ်က ကိုစည်သူမျက်နှာကို မော့ကြည့်ရင်း စကားပြောနေသည်မို့ ကျွန်မတို့ကို မြင်မည်မဟုတ်။ကြည့်ပါအုံး မနေ့ကထက်တောင် ပို၍ ပြုံးရွှင်နေသေးသည်။

"ဟာ...နွယ် "

အကွေ့မှာ စကားပြောနေကျသော နွယ့် ဆီသို့ ၀င်တိုက်မည့် ရေဘူးထမ်းလာသည့် အစ်ကို တစ်ယောက်က မမြင်ဘဲ ၀င်တိုက်မိတော့မည်။ ကျွန်မ ပြေး၍ ရေဘူး အထမ်းအစ်ကိုရှေ့က ၀င်ရပ်လိုက်ပေမဲ့ ထိုလူရဲ့ အရှိန်ကို မထိန်းနိုင်ဘဲ နွယ့် အပေါ်သို့ ထပ်လျက် ဖရိုဖရဲ နှစ်ယောက်လုံး လဲ ကျခဲ့သည်။

STAY {COMPLETED }Tempat cerita menjadi hidup. Temukan sekarang