Part 4

2K 174 5
                                    

Part 4

"မနက်ဖြန်ည ကျရင်goodbye 2019ဆိုပြီး  ဘဲမရှိတဲ့ ငါ့ဘ၀ကို အရက်နဲ့ ဆေးရမယ်"

"အခြောက်မရယ် ငါညည်းဖို့လည်းထားပါအုံး..."

"တော်ကျစမ်းပါ..အပြန်ကျရင် ဘီယာ၀ယ်လိုက်မယ် သောက်မဲ့ဟာ messengerက ပို့ထား...ပြီးတော့ ငါ နွယ် ကို လက်ဆောင်ဘယ်လို ပေးသင့်လဲ..မနက်ဖြန် အဂါ် ဆိုတော့ ငါတို့ အတန်းချိန်မပါဘူး ညနေကျူရှင်ချိန်ပဲရှိတာ"

ဒီကြားရက်‌ေတွမှာ  နွယ်နှင့် ကျွန်မ ကျူရှင်မှာ အလုပ်တူကြသည့် အကြောင်း အောင်အောင် နှင့် စန္ဒာမကို ပြောပြထားသည် ။ နွယ့် ကို ချစ်ခွင့်မပန်သေးဘဲ  အဝေးက‌ြပဲ ငေးနေမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြောထားသည်။

"ကျူရှင် မှပေးပေါ့"

"ဒါပေမဲ့.."

"နင့်ပြောတော့ ကျောင်းသားတွေပါ စုပြီး ကတော့ မလို့ဆို..အဲ့ကျမှ ပေးလိုက်ပေါ့"

"ကောင်းပါ့မလား"

"ကောင်းပါတယ်ဟ...နင်က ဘာပေးမှာလဲ"

"ငါကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်ဘူးပေါ့"

"မဟုတ်ဘူးလေ..ဘာတွေ ပါမှာလဲ"

"သြော်...တီချယ်လာပြီ "

တကယ်ဆို ပြောချိန်ရပေမဲ့ ကျွန်မ တမင် လမ်းကြောင်းလွှဲကာ မပြောဘဲ ရှောင်လိုက်သည်။ မကျေနပ်သော အောင်အောင် နှင့် စန္ဒာတို့ကတော့ မျက်စောင်းထိုးလျက် မေတ္တာ၀ိုင်းပို့နေကြသည်။

"နင်တို့ လိုက်မှာ လား ဘီယာ၀ယ်ဖို့လေ"

"မလိုက်တော့ဘူး..ကိုယ့်ဘာသာ သွား၀ယ်"

"အေးပါ..မနက်ဖြန် ၀တ်ဆုံအပိုယူခဲ့နော် ကျောင်းကနေ အိမ်သွားမယ် "

"မှာစရာမလိုဘူး ငါတို့က ဒါမျိုးဆို တက်ကြွနေလို့"

"အေးပါ ငါသွားပြီ"

တစ်ယောက်တည်းမို့ လှည်းတန်းစင်တာ ကိုသာ လာခဲ့သည်။ 

ဟင်..နွယ်နှင့် အကိုစည်သူ   ဘာတွေလဲ ဘာလာလုပ်ကြတာပါလိမ့်..လက်တွေ လက်တွေ လည်း ကိုင်ထားကြပါလား...

ကျွန်မ၏ ခြောက်ခြားစရာ အတွေးမဆုံးခင်မှာပဲ အစ်ကို စည်သူ မြင်၍ ကျွန်မအနား လာနှုတ်ဆက်သည်။

STAY {COMPLETED }Donde viven las historias. Descúbrelo ahora