Part12
"မ"
"ဟင်"
မြစ်ဘက်ကို ကြည့်ရင်းက ကျွန်မ နှင့် မျက်နှာချင်းဆိုင်ရပ်ရင်း..မျက်လုံးချင်း စုံပေးသည်။ မိတ်ကပ်ပါးပါးနှင့် မျက်နှာပေါ်မှာ အလှတွေကတော့ ထင်ရှားလို့။ နေရောင်ကြောင့် ဆံပင်ေတွဟာ အနီဖျော့ဖျော့ကလေးဖြစ်နေသည်။ကျွန်မ က အကြည့်ချင်း ဆုံနေ၍ မ မျက်လုံးအဝိုင်းသားများက စောင့်စားနေသည်။
"မ..မကို မောင် ချစ်တယ်"
"မ" ဘက်က ကျွန်မ အချစ်ကို သိနေသလို "မ" အံ့သြမှုကို မပြပါ။ မျက်၀န်းတွေလည်း ရှောင်ဖယ်မသွားဘဲ ကျွန်မ မျက်၀န်းတွေကို စိုက်ကြည့်နေသည်။ မ ပုံစံလေးက ညနေ နေရီရီ အောက်မှာ လှနေသည်။
"မောင်.."မ" ကို စတွေ့ထည်းက ချစ်ခဲ့တာပါ။ မောင်"မ"ကို ချစ်တယ်။ "မ" ကိုပဲ ဂရုစိုက်ချင်တယ်။ "မ" အနားမှာပဲ နေချင်တယ်။ "မ" လက်ပဲ တွဲထားချင်တယ်။ မောင့်အချိန်တေွကို "မ" နဲ့ပဲ ကုန်ဆုံးချင်တယ်။ မောင် ကလေ "မ" ကို ပျော်ရွှင်စေချင်တယ် ဆိုပေမဲ့ "မ" အပြုံးတွေကမောင့် ကြောင့်ပဲ ဖြစ်စေချင်တယ်။ "
မ မျက်၀န်းတို့ကို သက်သေခံ၍ ကျွန်မ အချစ်ကို ဖွင့်ဟ၀န်ခံလိုက်သည်။
"မြန်လွန်းပါတယ်..မောင်ရယ်"
"ဟင့်အင်း..မြန်တယ်ဆိုပေမဲ့ "မောင်" အချစ်ကတော့ သေချာပါတယ် "မ" ရယ်"
"အဲ့တာ..မောင့် ဘက်ပါ.."မ" ဘက်က မဟုတ်ဘူး"
မက တစ်ဖက်သို့စောင်းကာ ဘုရားရင်ပြင်ကို ဆွေးဆွေးကလေး ငေးသွားသည်။
"မောင်လေ..."August" ဆိုင်မှာတွေတဲ့ lgbt အတွဲ အပေါ် "မ" ရဲ့ ထင်မြင်ချက်ကို မေးတော့ "မ" စိတ်တွေ မွန်းကျပ်ခဲ့တာ မောင် သိပါတယ်"မ"...မောင် "မ" ဆီက မျှော်လင့်ချက်လေး ထားချင်တယ်"
"ဟင့်အင်း...မဖြစ်နိုင်ဘူး မောင်"
"မောင်...ကြားဖူးတယ် ချစ်ရင် မျှော်လင့်ချက်မထားဘဲ ချစ်ပေးပါတဲ့...ဒါပေမဲ့ မောင် "မ" ရဲ့ အဖြေအပေါ် မျှော်လင့်ချက်ထားချင်တယ်"
"မ..ကတော့"
မ ဆီမှ ဦးနှောက်ကြောင့် ဖြစ်လာရသည့် အဖြေကို အတည်မယူချင်ပါ။

KAMU SEDANG MEMBACA
STAY {COMPLETED }
Romansaဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...